Google Earth ကို မကြာမီ Firefox ဖြင့် သုံးနိုင်မည်

၂၇ အောက်တိုဘာ ၂ဝ၁၇

ဂူဂဲလ်၏ 3D ဂြိုဟ်တုမြေပုံ Google Earth ကို မကြာမီတွင် လူသုံးများသည့် ဘရောက်ဇာ (browser) တစ်ခု ဖြစ်သော Firefox ဖြင့်သုံးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Google Earth ကို Firefox ဖြင့်သုံးနိုင်ရေး ကြိုးပမ်းမှုမှာ တိုးတက်မှုကောင်းများ ရရှိနေသည်ဟု ယင်းအပလီကေးရှင်းကို ရေးဆွဲသူများက ပြောကြားသည်။

ယခုနှစ်စောစောပိုင်းတွင် Google Earth ကို ဘရောက်ဇာ တစ်ခုဖြင့် စတင်အသုံးပြုလာနိုင်ရာ အပလီကေးရှင်းအား ကွန်ပျူတာတွင် install လုပ်စရာမလိုဘဲ အင်တာနက် ချိတ်ဆက်မှုဖြင့် အသုံး ပြုနိုင်ပြီဖြစ်သည်။

သို့သော် ဂူဂဲလ်ကဖန်တီးသည့် ဘရောက်ဇာ တစ်ခုဖြစ်သော Google Chrome ဖြင့်သာ ယင်းသို့ အသုံးပြုနိုင်သေးရာ ထိုအပလီကေးရှင်းရေးဆွဲသည့် ပညာရှင်များက အခြားလူသုံး များသည့် ဘရောက်ဇာတချို့ဖြင့် ပါ Google Earth ကို အသုံးပြု နိုင်စေရန် လက်ရှိတွင်ကြိုးပမ်း နေသည်။ မကြာမီအချိန်အတွင်း Google Earth ကို Firefox ဖြင့်သုံးနိုင်ဖွယ်ရှိကြောင်း အပလီ ကေးရှင်း ရေးဆွဲသူများကပြီးခဲ့ သည့် ရက်ပိုင်းတွင် Twitter မှတစ်ဆင့်ပြောကြားခဲ့သည်။

3D ဂြိုဟ်တုမြေပုံ အပလီကေးရှင်း Google Earth သည် ကမ္ဘာ့မျက်နှာပြင်အပြင် လနှင့် အင်္ဂါဂြိုဟ်တို့၏ မြေမျက်နှာ ပြင်များနှင့် ညဘက်အာကာသ ကောင်းကင်ယံမှ ကြယ်များနှင့် နက္ခတ်တာရာများကိုလည်း ကြည့်နိုင်သည်။

Source: endgaget.com
Photo:googleapis.com
Image may contain: outdoor

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်