ကျုံပျော်မြို့နယ်မှ ဘာသာရေးအဖွဲ့အစည်းဟာ လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ဧရာဝတီတိုင်းအခြေအစိုက် လူခွင့်အရေးလှုပ်ရှားသူ တွေပြောဆို

နိုဝင်ဘာ ၁၂
ထွန်းလင်း(ကျုံပျော်)

ကျုံပျော်မြို့နယ်ရှိ ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာရမိသားစု၏ ဘာသာရေးကျင့်ထုံးများသည် လူ့အခွင့်အရေးကိုချိုးဖောက်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်ရေး အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမောင်မောင်ကြီးမှပြောသည်။ သူသည် မီဒီယာများနှင့်အတူ ထိုဘာသာရေးအဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်ကျေးရွာတို့ကို သွားရောက်လေ့လာခဲ့ပြီး ပြန်လည်သုံးသပ်ခဲ့ခြင်းဖြစ်သည်။
“အမှန်မှန်မှာတော့ သူတို့ပုံစံကြည့်ရတာ အဓမ္မစေခိုင်းတာမဟုတ်ပဲနဲ့နူးညံသိမ်မွေ့တဲ့သဘောမျိုးဖြစ်နေတယ်။ သူတို့ကဘုရားသခင်ကိုအရောင်ပြပြီးတော့ စည်းရုံးသိမ်းသွင်းထားတယ်။ အဲ့ဒီအပေါ်မှာ ဝိုင်းလုပ်ဝိုင်းစားပုံစံမျိုးနဲ့အလုပ်လုပ်နေရတဲ့ကလေးတွေအတွက်ဘာမှအကျိုးခံစားခွင့်မရှိဘူး။ ဒါပေမယ့် တမလွန်ဘဝမှာနေရာတွေရှိတယ်၊ ခိုင်ခုံတွေရှိတယ်။ ထာဝရဘုရားကမင်းတို့ကိုစောင့်ရှောက်ဖို့နေရာဖန်တီးပြီးသား ဆိုပြီးမိုင်းတိုက်တာတွေ့ရတယ်။”
ယူနတီဂျာနေမှ သွားရောက်သတင်းယူခဲ့စဉ် ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာရမိသားစုတွင် ဘုံလုပ်ဘုံစားပုံစံနဲ့နေထိုင်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူဦးဉာဏ်ထွန်းကျော်မှပြောခဲ့သည်။
“ဒီဝိဉာန်မိသားစုမှာ အထောင်မှာကောက်ရိတ်ဖို့လိုအပ်တယ်ဆိုရင်၊ အိမ်သာကျွင်းတူးဖို့လိုအပ်တယ်ဆိုရင် သွားဝိုင်းလုပ်ကြတယ်။ ပြီးရင်ပြန်လာကြတယ်။ ရတဲ့ဟာတွေကိုဒီအထဲမှာပဲပြန်ထည့်ပြီးစားသောက်ကြတယ်။” (
ထိုဘာသာရေးအဖွဲ့အစည်းမှလူများ ပတ်ဝန်းကျင်ရွာများကိုလာရောက်စည်းရုံးရာတွင် တစ်ခြားဘာသာများကိုပုတ်ခတ်ပြောကြားခြင်း၊ လူငယ်အပေါ်အကျပ်ကိုင်လုပ်ဆောင်ခြင်းများရှိကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်