ရခိုင်ပြည်နယ်မှာ ပိတ်ထားရတဲ့ ကျောင်း ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်

၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရတယ်လို့သိရပါတယ်။ မောင်တောမြို့နယ်မှာ ပိတ်ထားရတဲ့ ကျောင်း ၁၈၃ ကျောင်းအနက် ၄၁ ကျောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၂၁ ကျောင်းအနက် ၇၅ ကျောင်း နဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၀ အနက် ၁၀ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၉၈ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖွင့်ဖို့ ကျန်နေသေးတဲ့ကျောင်းတွေ ဟာ ဘူသီးတောင်မြို့နယ်မှာ ၁၄၆ ကျောင်း၊ မောင်တောမြို့နယ်မှာ ၁၄၂ ကျောင်းနဲ့ ရသေ့တောင်မှာ ၁၀ကျောင်းတို့ဖြစ်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်