မြန်မာတိုက်စစ်မှုးအောင်သူ ထိုင်း တယ်ရိုဆာဆာနာကို ပြောင်းဖို့ နီးစပ်

မြန်မာအသင်းတိုက်စစ်မှုး အောင်သူ ဟာ ထိုင်းတီဝမ်း လိဂ် ရှိ ဘီအီးစီ တယ်ရို ဆာဆာနာအသင်းကို ပြောင်းရွေဖို့ နီးစပ်နေတယ်လို့ fOX SPORTS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်အ ရွယ်ရှိအောင်သူ ဟာ မြန်မာ နေရှင်းနယ်လိဂ်ရှိ ရတနာပုံ အသင်း နဲ့ မြန်မာလက်ရွေးစင် အသင်းမှာပုံမှန်ကစားခွင့်ရနေသူဖြစ်ပြီး အကောင်းဆုံး အဆုံးသတ်သမားတစ်ဦးအဖြစ်ချီးကျူးခံနေရသူလည်းဖြစ်ပါတယ်။ အောင်သူ ဟာ မြန်မာအသင်းအတွက်နိုင်ငံပွဲပေါင်း ၂၅ ပွဲမှာ ၈ ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။ သူရဲ့ ကစားပုံကို နှစ်သက်မှုရှိတာကြောင့် ပြည်ပကလပ်တွေကခေါ်ယူဖို့ချိတ်ဆက်ခံရသူလည်းဖြစ်ပါတယ်။
Thai Futbol ရဲ့ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြချက် အရ အောင်သူ ဟာ ထိုင်းကလပ် တယ်ရိုဆာဆာနာအသင်းကိုပြောင်းရွေဖို့ နီးစပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ အောင်သူ ဟာ လာမယ့် ၂၀၁၈ ခုနှစ် ထိုင်းလိဂ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ထိုင်းကလပ်ဆီပြောင်းရွေဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။ ထိုင်း တယ်ရိုဆာဆာနာအသင်း ဟာ ၂၀၁၇ ခုနှစ် အ မှတ်ပေးပြိုင်ပွဲအတွင်း စိတ်ပျက်ဖွယ်ကောင်းတဲ့ရလဒ်တွေ မှ ပြန်လည်ကောင်းမွန်လာစေဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်း ၁၈ သင်းရှိအမှတ်ပေးပြိုင်ပွဲမှာ လက်ကျန်ကစားပွဲ ၂ပွဲကစားဖို့ကျန်ရှိနေတော့ချိန်မှာ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်