ကချင်ပြည်နယ် ကနေ တူးဖော်ရခဲ့ တန်ချိန် ၃၀၀ ရှိကျောက်စိမ်းတုံးကြီးကို ရောင်းချတော့မယ်

ကချင်ပြည်နယ် မှာ ရှာဖွေတွေရှိခဲ့တဲ့ တန်ချိန် ၃၀၀ တန် ရှိ ကြီးမားတဲ့ ကျောက်စိမ်းတုံးကြီးကို ဒီဇင်ဘာလမှာကျင်းပမယ့် ကျောက်မျက်ရတနာပြပွဲမှာရောင်းချမှုတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီကျောက်စိမ်းတုံးကြီးကို အပိုင်းတွေဖြစ်အောင် ဖြတ်တောက်ပြီး ကျောက်မျက်ရတနာပွဲမှာ ရောင်းချသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေကို ကျောက်စိမ်းတုံး ရဲ့ ဈေးနှုန်း သတ်မှတ်နိုင်ဖို့ ဖိတ်ခေါ်မှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကျောက်စိမ်းတုံးကြီးကို ၂၀၁၆ ခုနှစ်အောက်တိုဘာက ကချင်ပြည်နယ် ဖားကန့်မှာ ရှာဖွေတွေရှိခဲ့တာဖြစ်ပါတယ်။ ကျောက်စိမ်းတုံး တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅ သန်းရှိတယ်လို့ သိရပါတယ်။ ကျောက်စိမ်းတုံး နဲ့ ပတ်သက်လို့ အကျိုးမြတ်ကို အစိုးရ နဲ့ ကျောက်စိမ်းကုမ္ပဏီကြားခွဲဝေယူမှာဖြစ်ပြီး ပုဂ္ဂိလက ကုမ္ပဏီ ဟာ တန်းဖိုးရဲ့ ၂၅ ရာခိုင်နှုန်း ကို ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကထွက်ရှိတဲ့ကျောက်စိမ်းတွေကို အိန္ဒိယ နဲ့တရုတ်နိုင်ငံတွေ ဆီတင်ပို့မှုတွေလုပ်ဆောင်နေပြီး တရုတ်နိုင်ငံ ဟာအဓိက ဝယ်ယူတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ ၂၀၁၆-၁၇ ဘဏ္ဍနှစ်အတွင်း ပြည်ပနိုင်ငံတွေ ကျောက်စိမ်းရိုင်း တန်ချိန် ၁၁၀၀၀ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၆ ဒသမ ၇ သန်းဖို့းတင့်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍနှစ်ရဲ့ ပထမ ၄လအတွင်း ကျောက်စိမ်းရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၂၃ သန်းရခဲ့တယ်လို့ သိရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်