ဟိုတယ်/ခရီးမှအသိမှတ်ပြု လက်မှတ်(လိုင်စင်) ရှိမှသာ ပြည်တွင်း လှည့်လည် ရေးခရီးသွား လုပ်ငန်းများလုပ်နိုင်မည်

ဟိုတယ်/ခရီးမှအသိမှတ်ပြုလက်မှတ်(လိုင်စင်) ရှိမှသာ ပြည်တွင်း လှည့်လည်ရေးခရီးသွား လုပ်ငန်းများလုပ်နိုင်မည်
တိုးဝင်းလွင်
နိုဝင်ဘာလ ၂၉။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အသိမှတ်ပြုလက်မှတ် (လိုင်စင်) ရှိမှသာ ပြည်တွင်းလှည့်လည်ရေး ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်းမှ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။
လက်ရှိ ဟိုတယ်/ခရီး ဌာနအနေဖြင့် မြန်မာနိင်ငံ၏ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများ စနစ်တကျဖြစ်ကျရေး၊ ဝန်ဆောင်မှု ကောင်းမွန်သော လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ နိုင်ငံတော်၏ အခွန်အခ တိုးမြှင့်ရရှိရေးတို့အား ရည်ရွယ်၍ ပြည်တွင်း ဘုရားဖူးခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ လုပ်ငန်းများအသိမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
” လက်ရှိအသင်းဝင်ထားတဲ့သူတွေအနေနဲ့ လိုင်စင်ကို လျောက်ထားဖို့ တိုက်တွန်းထားတယ်။ အကယ်၍ ဒီလက်မှတ်မရှိပဲနဲ့ ခရီးသွားလှည့်လည် လုပ်ငန်းတွေက်ု လုပ်မယ်ဆိုရင်လည်းရတယ်။ ဒါပေမယ့် သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိရင့တော့ ဥပဒေအရ အရေးယူခြင်းတော့ခံရမှာပေါ့ ” ၎င်းက ပြေညသည်။
ထို့အပြင် မကြာခင် အတည်ပြုပြဌာန်း တော့မည့် ခရီးသွားလုပ်ငန်း ဥပဒေကသစ်တွင်လည်း လိုင်စင်မရှိပဲ ခရီးလှည့်လည်ရေး လုပ်ငန်းများ မပြုလုပ်ရန် ပါရှိပြီး ဖောက်ပျက်ပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ် နှင့် ငွေကျပ် သိန်း နှစ်ရာ ထက် မပိုသည့်ငွေဒဏ် အပြင် ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
” ကျွန်တော်တို့က လိုင်စင်ကြေး ဆောင်ဆ်ုလည်းဆောင်ရမှာပေါ့။ဒါပေမယ့် နောက်နှစ်တွေ ကြာတဲ့ အခါပဲ ဖြစ်ဖြစ် ၊ အစိုး အပြောင်းအလဲ ပဲဖြစ်ဖြစ် ပေါ့.တခါထပ်ပြောင်းမယ်ဆိုရင်ရော ဘယ်လိုလုပိမလဲပေါ့။ ကျွန်တော်တို့က အတည်တကျနဲ့ ဖြစ်စေချင်ပါတယ် “ ဟု ချမ်းမြေ့ရတနာ ဘုရားဖူးဂိတ်မှ ကိုရခိုင်က ပြောသည်။
လက်ရှိ ပြည်တွင်းဘုရားဖူးအသင်း တွင် အသင်းဝင် သုံးရာကျော် ရှိပြီး အဆိုပါ လိုင်စင် လျောက်ထားသူဦးရေမှာ နှစ်ဆယ်နီးပါး ခန့်သာရှိသေးကြောင်းသိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်