ထာဝရဘုရားလောင်း အသစ်တစ်ပါးနဲ့ ဆုံတွေ့ခဲ့ရခြင်း

ထာဝရဘုရားလောင်း အသစ်တစ်ပါးနဲ့ ဆုံတွေ့ခဲ့ရခြင်း
သန်းဝင်း(သာပေါင်းခ)

ထာဝရဘုရားလောင်း အသစ်တစ်ပါးနဲ့ ဆုံတွေ့ခဲ့ရခြင်း

ယနေ့ခေတ်လူငယ်အချို့ကို မျှော် လင့်ချက်မက်လုံးတွေ၊ အစွန်းရောက် ဘာသာရေးအတွေးအခေါ်တွေ ပို့ချ ပြီး ချည်နှောင်ထားနိုင်စွမ်းရှိတဲ့ ဘာသာရေးဆန်ဆန်အဖွဲ့တစ်ခုရဲ့ သတင်းတွေကို အင်တာနက်စာမျက် နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ဒီစခန်းတွေရှိတဲ့နေရာကတော့ ဧရာ ဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာဆိုတာ သမ္မတ ကြီး မန်းဝင်းမောင်ရဲ့ဇာတိပါ။ ယနေ့ ခေတ် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီရဲ့ မဲဆန္ဒနယ်မြေလည်းဖြစ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မျိုးမြတ်သူရဲ့ ဇာတိရွာလည်းဖြစ်ပါ တယ်။ ဒီရွာမှာ လူအများစုက ပိုးကရင်၊ ခရစ်ယာန်များဖြစ်ကြပါတယ်။ ဒီ အစွန်းရောက် ဘာသာရေးဆန်ဆန် အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ ကျုံပျော် နယ်သား၊ စင်ကာပူနိုင်ငံသားခံယူ ထားတဲ့ စကျော်စိုးဖြစ်ပြီး လှည်းဆိပ် ရွာစခန်းကို ဦးဆောင်နေသူကတော့ မန်းဖိုးကြူးနဲ့ အစ်မဖြစ်သူ နန့်နီလာ ထွန်းပဲဖြစ်ပါတယ်။

စာရေးသူတို့ သတင်းဌာနကို ဆက်သွယ်လာသူကတော့ ပန်း ထောင်းစိန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အကူအညီနဲ့ အင်တာနက်ပေါ်မှာ တွေ့ခဲ့ရတဲ့ ကျော်ဝင်းအောင်တို့ မောင်နှမရှိရာ အဝိုင်းနင်းကြမ်းအုပ်စု၊ လက်ပံပင်ဆိပ်ကျေးရွာကို ” ရှားခဲ ကြီး” ရွာကတစ်ဆင့် ၁ဝ-၁၁-၂ဝ၁၇ ရက်၊ နံနက်ကိုးနာရီခွဲမှာ သွားရောက် ခဲ့ပါတယ်။ ရှားခဲကြီးနဲ့ ငါးမို်င်လောက် ကွာဝေးတဲ့ မဲဂရက်ရွာ ဘုန်းတော်ကြီး ကျောင်းမှာ ကိုရင်ကြီးဝတ်နေတဲ့ ကျော်ဝင်းအောင်ကို တွေ့ခဲ့ရပြီး ယခု အခါ ကျန်းမာရေးအခြေအနေပုံမှန် ပြန်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ သူ့အစ်မ လာခေါ်ပြီးတဲ့နောက် တစ်ပတ်ခန့်အကြာမှာ မနေချင်တော့ တဲ့အတွက် နံနက်ငါးနာရီလောက်မှာ စခန်းကခြံစည်းရိုးကို ကျော်ထွက်ပြီး ခြေလျင်လျှောက်ပြန်ခဲ့ကြောင်း၊ လမ်း ခရီးတွင် စခန်းတွင်းမှလူများ ဆိုင် ကယ် နှင့် လို်က်လာခေါ်ယူသော်လည်း ပြန်မ လိုက်ဘဲ ရွာကိုပဲပြန်ခဲ့ကြောင်းနှင့် မရသည့်အဆုံးတွင် ထိုအသင်းသား များက မင်းအိမ်မှာ စေတန်ခုနစ် ကောင် ရောက်နေပြီဖြစ်ကြောင်း၊ မင်းကိုဆီးကြိုတိုက်ခိုက်လိမ့်မည် ဖြစ်ကြောင်း ခြောက်လှန့်ခဲ့ပါတယ်။ သီချင်းဆို၊ ဂစ်တာတီး၊ ဘုရားရှိခိုး တာတွေလုပ်ရတယ်။ အားလုံးဝိုင်း လုပ်ဝိုင်းစား နေရတယ်။ အစား အသောက်က အများအတွက်ဆိုတော့ ဘယ်သိပ်ကောင်းမလဲ။ ရေကိုတော့ ရာဝင်အိုးကြီးထဲကရေကို သောက် ရေအိုးနဲ့ခပ်ယူပြီး အားလုံးသောက်ကြ ရတယ်။ ယောကျာ်းလေး၊ မိန်းက လေး တစ်ဆောင်စီထားတယ်။ အစ်မ လာခေါ်တုန်းက မလိုက်ချင်ပေမယ့် နောက်ရက်တွေမှာ အခြားစခန်းတစ်ခု ကိုပို့မယ်ဆိုတာ သိရတော့ မနေချင် တော့ဘူး။ ” ဒါကြောင့် ပြန်လာတာ” လို့ ပြောပြခဲ့ပါတယ်။

မဲဂရက်ကျေးရွာကနေ တစ်မိုင်ခွဲ လောက်ဝေးတဲ့ သူ့ရွာဇာတိ လက်ပံ ပင်ဆိပ်ရွာကို ဆက်သွားခဲ့တယ်။ အိမ်ခြေ ၁ဝဝ လောက်ရှိတယ်။ ပိုး ကရင်လူမျိုးတွေဖြစ်ပြီး ဗုဒ္ဓဘာသာ တစ်ပိုင်း၊ နှစ်ခြင်းခရစ်ယာန်တစ်ပိုင်း ဖြစ်နေကြပါတယ်။ တစ်ရွာလုံးလည်း ဆွေမျိုးတွေကြီးပါပဲ။ အဲ့ဒီအဖွဲ့ထဲကို လေ့လာရေးသွားခဲ့တဲ့ လူငယ်နှစ် ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့က အဲဒီစခန်းထဲကို မနက်ပိုင်း မှာ ရောက်တယ်။ သူတို့ရဲ့ အစွန်း ရောက်ဘာသာရေးသဘောတရား တွေနဲ့ အစားအသောက်၊ အနေအထိုင် တွေကိုမကြိုက်လို့ ပြန်မယ်လုပ်တော့ ဆိုင်ကယ်သော့တွေကို သိမ်းထားခဲ့ တယ်။ သော့ပြန်မရရင် ပြဿနာရှာပြီး ခုံတွေကို ရိုက်ချိုးမယ်ဆိုတော့မှ သော့ပြန်ပေးလိုက်လို့ ကျွန်တော်တို့ ပြန်လာရတာပေါ့လို့ ပြောပြခဲ့ပါ တယ်။

လက်ပံဆိပ်ကျေးရွာ အရှေ့ပိုင်း က ” မန်းဝါရှင်တန်” ကတော့ သူ့ရဲ့ တတိယနှစ်နဲ့ ပထမနှစ်ကျောင်းသား နှစ်ယောက်ဟာ ဒီအသင်းနဲ့ဆက် သွယ်ပြီး ပါသွားတာ အခုထိပြန်မလာ တော့ဘူး။ သုံးနှစ်လောက်ရှိပြီ ပြန် ခေါ်ရင်လည်း မရတော့ဘူး။ ဒါပေမဲ့ မနှစ်ကသားအငယ်နဲ့ ဇနီးက ကလေး တစ်ယောက်နဲ့ ပြန်လာတယ်။ ဘာဖြစ် လို့ပြန်လာတာလဲမေးတော့ ” ကလေး နေမကောင်းလို့ ခေါင်းဆောင်တွေကို သွားပြောတဲ့အခါ ဆေးတိုက်စရာ မ လိုဘူး ရေပဲတိုက်၊ ဘုရားမှာဆု တောင်း” လို့ ပြောတယ်။ သူတို့ နေမ ကောင်း တော့ ဆေးဝယ်သောက်တယ်။ ဒါကြောင့် ကလေးအသေမခံနိုင်လို့ ပြန်လာတာ” ။ သူ့ခင်ပွန်းကိုတော့ ပြန် ခေါ်လို့မရတော့ဘူး။ အခုနောက် မိန်းမယူထားတယ်လို့ ကြားရတယ်လို့ ပြောပြကြောင်း သိခဲ့ရပါတယ်။

အဲဒီရွာ ” အဝိုင်း နင်းကြမ်းအုပ်စု” အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က ” အဲဒီ အဖွဲ့ရွာထဲ ရောက်လာပြီးကတည်းက မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာ တယ်။ ရွာထဲမှာဗုဒ္ဓဘာသာနဲ့ပိုးကရင်၊ ခရစ်ယာန်မိသားစုတွေငြိမ်းငြိမ်းချမ်း ချမ်း ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာ ဘာမှပြဿနာမဖြစ်ခဲ့ကြဘူး။ သူတို့ ရောက်လာမှ ဗုဒ္ဓဘာသာကိုပုတ်ခတ်၊ ခရစ်ယာန်ကိုပုတ်ခတ်နဲ့ဆိုတော့ ပြဿနာမဖြစ်အောင် မနည်းထိန်း နေရတယ်။ ဘုရားရှိခိုးတယ်ဆိုပြီး သူတို့အဖွဲ့ဝင်ရဲ့ အိမ်မှာ အချိန်မတော် ဂစ်တာတွေတီးပြီး သီချင်းတွေအော်ဆို နေကြတော့ ရွာခံတွေက မခံချင်ဖြစ် လာတယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေ ဟာ ကျွန်တော်တို့ရွာရဲ့ စည်းလုံး ညီညွတ်မှုနှင့် တရားဥပဒေစိုးမိုး ရေးကို ခြိမ်းခြောက်လာနေတယ်။ ဒါကြောင့် မြို့နယ်အဆင့်သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ၂ဝ၁၆ ခုနှစ် ကတည်းက အကြောင်းကြားထားခဲ့ တယ်။ ဒီအဖွဲ့ကိုလည်း ရွာထဲကို အသိ မပေးဘဲ ဝင်ရောက်မလာဖို့ သတိ ပေးထားတယ်” လို့ ပြောသွားခဲ့ပါ တယ်။

အဲဒီရွာကနေ ရှားခဲကြီးကျေးရွာ ကို ပြန်တက်လာပြီး လှည်းဆိပ် ကျေးရွာကို ခရီးဆက်ခဲ့ပြန်ပါတယ်။ လှည်းဆိပ်ရွာဟာ ဒါးကမြစ်ဖျားပိုင်း အရှေ့ဘက်ကမ်းဘေးမှာ တည်ရှိပါ တယ်။ အဲဒီရွာထဲက ဒီဘာသာရေးဆန် တဲ့အဖွဲ့ထဲကို ရောက် နေတဲ့အမျိုးသမီး လေးတွေရဲ့မိဘတွေနဲ့ အရင်တွေ့ဆုံခဲ့ ပါတယ်။ မန်းသိန်းခိုနဲ့ ဒေါ်နန်းတုတို့က သူတို့ရဲ့သမီးလေးဟာ ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး မိဘကိုရိုသေ တယ်။ အရမ်းလိမ္မာတဲ့သမီးလေးပဲ၊ စင်ကာပူမှာအလုပ်သွားလုပ်တာ သုံး နှစ်ခွဲလောက်ရှိပြီ။ ရောက်စက ငွေပြန် ပို့ပေးသေးတယ်။ အဲဒီ စစိုးကျော်တို့ အဖွဲ့နဲ့တွေ့ပြီးကတည်းက ငွေလည်း မပို့တော့ဘူး။ အဆက်အသွယ်လည်း မလုပ်တော့ဘူး။ အခုဒီရွာထဲက ခြံထဲ မှာ ရောက်နေတယ်လို့ တွေ့တဲ့လူတွေ ကပြောတဲ့အတွက် သွားပြီးခေါ်တော့ လည်း ပြန်မလာတော့ဘူး။ ဒီရွာထဲမှာ ရှိနေသေးသလား၊ ပြန်ထွက်သွား သလားဆိုတာလည်း မသိရတော့ဘူး လို့ ဒေါ်နန်းတုကငိေု<ြွကးပြီး ပြောပြရှာ တယ်။ မန်းသောင်းဌေးနဲ့ ဒေါ်ရင်စိန် တို့ရဲ့သမီးကလည်း ဒီလိုပါပဲ။ ပြန်ခေါ် လို့မရတော့ဘူး။ ဒီရွာကခြံထဲမှာ ရောက်နေတယ်ကြားလို့ သွားပြီးတွေ့ တာ သမီးကသူနဲ့ဘာမှာမတော်တော့ ဘူးတဲ့။ အမေဖြစ်သူက သူ့ကိုစင်ကာပူ ပို့တဲေ့<ြွကးမြီကလေးတွေ ပေးစရာ ကျန်သေးလို့ ''အမေတို့ကို ငွေလေး ဘာလေးရှိရင် နည်းနည်းလောက်ပေး ပါ'' ဆိုတော့ ''မပေးနိုင်ဘူး''တဲ့၊ ''နင့် အဖေလည်း နေမကောင်းဘူး''လို့ပြောတော့ ''ဘုရားသခင်ဆီမှာ ဆုတောင်းပေါ့။ ဘုရားသခင် ကုလိမ့် မယ်''တဲ့။ အဲဒီလောက်ပြောင်းလဲ သွားတာပါပဲ ဆရာတို့ရယ်လို့ ဒေါ်ရင် စိန်ကကြေကွဲစွာ ပြောလာပါတယ်။ မန်းသောင်းဌေးကတော့ ''ဖြစ်ချင် တိုင်းတွေဖြစ်နေတာ။ ကျွန်တော် ရင်နာလို့ မဆုံးပါဘူး။ ဒီအဖွဲ့ဟာ ှှု ထက် ဆိုးတယ်ဗျာ။ အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်အောင်ကူညီကြပါ''လို့ ပြောရှာပါတယ်။ လှည်းဆိပ်ကျေးရွာ သင်းအုပ် ဆရာကတော့ ''ဒီအဖွဲ့ဟာ ခရစ်ယာန် ဘာသာနဲ့လည်းမဆိုင်တဲ့ အဓမ္မဝါဒီ အသင်းအဖွဲ့တစ်ခုပါပဲ။ ဒီအသင်းရဲ့ အခြေအနေတွေကို ဦးသိန်းစိန် လက် ထက်ကတည်းက ပြည်ထဲရေးဝန်ကြီး အထိတိုင်ခဲ့ဖူးပါတယ်။ အခုထိ အရေး ယူဆောင်ရွက်တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူးဗျာ''လို့ ပြောခဲ့ပါတယ်။ ညနေငါးနာရီလောက်မှာ လှည်း ဆိပ်ကျေးရွာအတွင်းရှိ မန်းဖိုးကြူးရဲ့ ခြံဝင်းအတွင်းကို ရောက်ရှိခဲ့ပါတယ်။ ယောကျာ်းကလေး၊ မိန်းကလေး ၃ဝ လောက် တွေ့ခဲ့ရပါတယ်။ လူနေတန်း လျား၊ အဆောင်များ၊စုဝေးဘုရားရှိခိုး ရာ အဆောင်များကိုလည်း တွေ့ခဲ့ရပါ တယ်။ ဒီခြံရဲ့ ခေါင်းဆောင်တွေက တော့ မန်းဖိုးကြူးနဲ့ သူရဲ့အစ်မနန့် နီလာထွန်းတို့ပဲ ဖြစ်ကြပါတယ်။ မန်းဖိုးကြူးနဲ့ တွေ့ဆုံမေးမြန်းရာမှာ ''သူတို့ရဲ့ အစုအဝေးဟာ ခရစ်ယာန် ဘာသာလည်း မဟုတ်ဘူး။ ဂိုဏ်း လည်းမဟုတ်ဘူး။ အသင်းအဖွဲ့ လည်း မဟုတ်ဘူး။ ဘာသာရေး အ ယူအဆတူသူတွေ စုဝေးနေထိုင်ခြင်း သာဖြစ်တယ်''လို့ ပြောပါတယ်။ ဒါဖြင့် ခင်ဗျားတို့အယူအဆက ဘာပါ လဲလို့ မေးတဲ့အခါ သူက ထာဝရ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကို ယုံ ကြည်ကိုးကွယ်တဲ့သူတွေပဲလို့ ပြောပါ တယ်။ ''အခုလို လူအစုအဝေးနဲ့ သိမ်း သွင်းစုရုံးနေထိုင်စေခြင်း၊ သင်တန်း များပို့ချပေးနေခြင်း လုပ်ငန်းတွေလုပ် နေတော့ မြန်မာနိုင်ငံအသင်းအဖွဲ့ များဆိုင်ရာ ဥပဒေအရမှတ်ပုံတင် ထားပြီးပြီလား၊ မတင်ရသေးရင် တင်ဖို့အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ရာ အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့ပါ သည်။ ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ အယူ ဝါဒဆိုင်ရာအစုအဖွဲ့ကို ''တရား မဝင်ယုံကြည်မှု ထူထောင်တဲ့အဖွဲ့ တစ်ခုလို့ပြောရင် ဘာပြောချင်ပါ သလဲ''လို့မေးတဲ့အခါ မန်းဖိုးကြူးက ''ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ် ပိုင်ခွင့်ဆိုတာကို ဖျက်လိုက်လေ''လို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို စိန်ခေါ် လိုက်ပါသေးတယ်။ ''လူကြီးမင်းတို့ အဖွဲ့ဟာ အဖွဲ့ဝင်တွေရဲ့ လုပ်အားခ တွေကို လက်ခံရယူပြီး ခေါင်းဆောင် ပိုင်းကသာ ငွေကို ကိုင်တွယ်သုံးစွဲနေ တယ်လို့ သိရပါ တယ်။ ဟုတ်ပါသလား''လို့မေးတဲ့အခါ သူတို့ဘာသာ ကျေ ကျေနပ်နပ် အပ်နှံထားတာတွေ ဒီမှာ ရှိပါတယ်။ ခေါင်းပုံဖြတ်တာမဟုတ် ကြောင်း သက်သေခံအထောက် အထားတွေ ဒီမှာရှိပါတယ်။ ဒါဆိုရင် သုံးစွဲတဲ့ငွေစာရင်းရှိ ပါသလားဆိုတော့ ''ဝိုင်းလုပ်ဝိုင်းစားပဲဗျာ၊ ဘယ်ငွေ စာရင်းရှိမလဲဗျာ။ သူတို့ ဆီကတောင် ကျွန်တော်က ပြန်ရစရာရှိဦးမယ်လို့''ပြောပါသည်။ ဒီလောက် လူအများ စုကို လူကြီးမင်း မရှိတဲ့နောက် ဘယ်သူဆက်ခံကျွေးမွေးမှာလဲလို့ မေးတဲ့အခါ ကျုပ်ကွယ်လွန်သွားတဲ့အခါ ဘုရားသခင်က ဆက်လက်စောင့် ရှောက်သွားမှာပါလို့ ဆိုပြန်ပါတယ်။ ''သူတို့မိဘတွေက ပြန်ခေါ်တဲ့အခါ သူတို့က ဘာလို့ ပြန်မလိုက်တာလဲ၊ ပြန်မလိုက်ချင်အောင် ဘယ်လိုလုပ် ထားသလဲမေးတဲ့အခါ ''ကျွန်တော်နဲ့ အတူ သူတို့ကိုကယ်တင်ထားတာပဲ။ သူတို့ပြန်မလိုက်တာ သူတို့ အကြောင်းပါ။ ကျွန်တော်ဘာမှ လုပ်မ ထားပါဘူး''၊ ''သူတို့ကို မေးကြည့်ပါ'' ''ကျွန်တော်ကတော့ ကယ်တင်ခြင်း ကိုခံရပြီးပြီ။ နောင်ဖြစ်ပေါ်လာမယ့် ကောင်းကင်နိုင်ငံသစ် နယူးဂျေရု ဆလင်မှာ ဘုရားသခင်နဲ့အတူ ထိုင်ဖို့ ပလလင်ကိုတောင် ကျုပ်တွေ့ပြီးပြီ။ ဘယ်တော့မှ ငရဲမရောက်တော့ဘူးလို့ ပြောတဲ့အတွက် စာရေးသူတို့ ကြက် သီးမွေးည§င်းထမိပါတယ်။ လက် စသတ်တော့ ''ထာဝရဘုရားလောင်း အသစ်တစ်ပါးနဲ့ တွေ့နေရသလိုပါပဲ လား။ ခင်ဗျားတွေ့ခဲ့ရတဲ့ ပလလင်ဆိုတာ ကို ဘယ်လိုသိရှိနိုင်ကြောင်း သက် သေပြနိုင်ပါသလား''လို့ မေးတဲ့အခါ ထာဝရဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ ခင်ဗျားထပ်တူကျတဲ့အခါ သိလိမ့် မယ်''လို့ ပြောပြန်ပါတယ်။ ဒီလို ခင်ဗျားပြောတာ ''ဖီလိုဆိုဖီအရလား၊ သီအိုရီအရလား၊ အိုက်ဒီယိုလိုဂျီအရ လား၊ ဟိုက်ပိုသီးဆစ်လား''လို့မေးတဲ့ အခါ ''ခင်ဗျားယူဆချင်သလို ယူဆ နိုင်ပါတယ်''လို့ပြောပါတယ်။ ''ကျုပ် တို့ရဲ့ အယူအဆကိုသိရအောင် ခင်ဗျားတို့ လာရောက်လေ့လာဖို့ ဖိတ် ခေါ်ပါတယ်''လို့ပြောတဲ့အခါ ''ကျေး ဇူးတင်ပါတယ်''လို့ပြောပြီး ည ၆ နာရီ မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ခြံထဲ ကခေါင်းဆောင်လူငယ် ၂ဝ လောက် က တယ်လီဖုန်းတွေနဲ့ မှတ်တမ်း တင်ရိုက်ကူးနေပြီး မကြည်လင်တဲ့ မျက်နှာတွေနဲ့ ဝိုင်းကြည့်နေကြပါ တယ်။ ကျန်လူငယ်တွေဟာ တယ်လီ ဖုန်းနဲ့ ပိုက်ဆံမကိုင်ရဘူးလို့ သိခဲ့ရပါ တယ်။ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့တယ်။ လူငယ်တွေကို ဒီလိုသိမ်းသွင်းနိုင်ခြင်းဟာ ဒီအချက် တွေကြောင့်ပဲလား (က) စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါး (ခ) လိင်မှုလွတ်လပ်ခွင့် (ဂ) ငွေကြေး (ဃ) အစွန်းရောက် သဘော တရားပို့ချမှု (င)အကြောင်းတရား (ခြိမ်း ခြောက်မှု)တို့ကြောင့် ဖြစ်နိုင်တယ်။

အဲဒီငွေကြေးကိုင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး။ ကျန်တဲ့အချက်တွေ ကတော့ ” ဒီအဖွဲ့အစည်းကိုဝင်ရောက် စစ်ဆေးပြီး၊ တစ်ဦးချင်းအချိန်ယူပြီး ကျန်းမာရေးကအစ အသေးစိတ် ဓာတ်ခွဲစစ်ဆေးကြည့်မှသာ သိနိုင်မှာ ဖြစ်ပါတယ်။ ၄၅ ရက် သက်တမ်း ကာလအတွင်းမှာ(၂) တွဲ၊ (၃)တွဲ အထိ အိမ်ထောင်ပြုကုန်ကြတယ်။

ဒီလိုအဖွဲ့အစည်းမျိုးတွေကို ၁၉၇ဝ ဝန်းကျင်မှာ USA နဲ့ ကနေဒါ မှာဖြစ်ဖူးတယ်။ င်ြှု္ နဲ့ အထူးလက်နက် ကိုင်တပ်ဖွဲ့တွေဟာ တင့်ကားတွေနဲ့ ခြံစည်းရိုးကိုဖျက်ပြီး ဝင်ရောက်စီးနင်း ခဲ့ရဖူးတယ်။ အဲဒီကတစ်ဆင့် တောင် အမေရိကကိုရောက်ရှိသွားပြီး ဝိုင်ယာ နားနိုင်ငံမှာ ဂျင်ဂျုံးဦးဆောင်တဲ့ အစွန်းရောက်ဂိုဏ်းပေါ် လာပြီးနောက် အစိုးရတပ်ဖွဲ့တွေက ဝင်ရောက်စီး နင်းခါနီးမှာ အားလုံးအဆိပ်သောက် ပြီး သေဆုံးကုန်ကြတယ်။ လူ ၂ဝဝ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရ တယ်။ ဒါကြောင့် နန့်နီလာထွန်း (ဖိုး ကြူး ရဲ့အစ်မ)က ” ဒီလိုအယူအဆဟာ တစ်ခါတစ်ခါ မြုပ်နေပြီး တစ်ခါတစ်ခါ ထာဝရဘုရားက ပြန်ဖော်ပေးတယ်” လို့ပြောခဲ့တာကို သတိထားမိတယ်။ အခုအခါမှာ စင်ကာပူရောက်နေတဲ့ ခရစ်ယာန်ဘာသာဝင် အမျိုးသမီး တွေကို ပစ်မှတ်ထားပြီး စည်းရုံးသိမ်း သွင်းခဲ့တယ်။ အဲဒီအဖွဲ့ဝင်တွေရဲ့ လုပ်အားခဝင်ငွေတွေကို စည်းရုံးသိမ်း သွင်းရယူပြီး အဖွဲ့ဝင်သစ်တွေစု ဆောင်းပြီး အသင်းခွဲတွေတိုးချဲ့လာ တာတွေ့နေရတယ်။

၁၉၇ဝ တုန်းက ချင်းပြည်နယ်မှာ ဒီလိုဆန်ဆန်ဂိုဏ်းပေါ်ခဲ့ဖူးတယ်။ ည ဘက်ဘုရားရှိခိုးတယ်။ မိနစ်နှစ်ဆယ် မီးမှိတ်ထားပြီး ဝိညာဉ်ကူးချိန်လို့ သတ်မှတ်ထားတယ်။ နောက်ဆုံး သားအဖချင်း မှားယွင်းမိတော့မှ ဖျက် သိမ်းခဲ့ရဖူးကြောင်း မန်းထောင်းစိန်က ပြောပြခဲ့တယ်။ ၁၉၄၉ ခုနှစ်က သာပေါင်းမြို့နယ်၊ မြောက်ဘက် ရေကြည်မြို့နယ်အစပ် ငဝန်မြစ်ရဲ့အ နောက်ဘက်ကမ်း ဘုရားကြီးကျေးရွာ အုပ်စုထဲမှာ ရွှေရင်မျှော်တောင်ရှိ တယ်။ အဲဒီတောင်ပေါ်မှာ ဆရာတော် ဦးဇာဂရ ကျောင်းထိုင်တယ်။ ၄၉ ခုနှစ် ရောင်စုံသူပုန်ထတော့ အဲဒီဒေသမှာ ြီုဥ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော် အဖွဲ့တွေရှိခဲ့ကြတယ်။ ငါးသိုင်းချောင်း ပျက်တော့ လူတွေကရွှေရင်မျှော်မှာ သွားစုမိတယ်။ ဆရာတော်က အဲဒီ သူပုန်အားလုံးကို ဆန့်ကျင်ပြီး ကတုံး တပ်ဖွဲ့တယ်။ အားလုံး ကတုံးတုံးရ တယ်။ ရှစ်ပါးသီလစောင့်ရတယ်။ ည ဦးမှာ သီလယူပြီးတဲ့အခါ ဘုန်းတော် ကြီး အင်းချစီရင်ထားတဲ့ စာရွက်တွေ ကိုပြာချပြီး ငွေဖလားထဲမှာ ထည့်ပြီး ရေဖျော်တယ်။ ပြီးရင် စည်းမဖောက် ပါဘူးလို့ သစ္စာဆိုကာ၊ တစ်ယောက် တစ်ခွက်သောက်ရတယ်။ ပြီးရင် အင်း ကွက်တွေချထားတဲ့ သကင်္န်းအလံထူ ထားတဲ့ ဝါးပိုးဝါးအလံတိုင်ခြေရင်းကို ” အောင်ဇေယျဟေ့ အောင်ရမည်” လို့ ဟစေ်<ြွကးပြီး သုံးပတ်ပတ်ရတယ်။ အဲဒီအခါမှာ လူစိတ်ပျောက်သွားပြီး ဘယ်ရန်သူကိုမဆို တိုက်ခိုက်ရမှာ ဝန်မလေးတော့ဘူး။ သိဒ္ဓိပြီးတယ်လို့ ယုံကြည်သွားတယ်။ ဒါကြောင့် ဗကပ တွေလာတိုက်တဲ့ ပထမအကြိမ်တိုက် ပွဲမှာ ဓားလွတ်ကိုင် ကတုံးတပ်က လက်နက်ကိုင်ကွန်မြူနစ်တွေကို အောင်ပွဲခံနိုင်ခဲ့တယ်။ ဒုတိယအကြိမ် ရွှေရင်မျှော်တိုက်ပွဲမှာ ကွန်မြူနစ်တို့က စနစ်တကျစစ်ဆင်ခဲ့တယ်။ အော်လီ ကွန်စက်အမြောက်ပစ်ကူနဲ့ တက် တိုက်တယ်။ ရွှေရင်မျှော်ကျပြီး ကတုံး တပ်ဖွဲ့ဝင် ၃ဝ ကျော်ကျဆုံးခဲ့တယ်။ ယုံကြည်မှုလွန်ကဲတဲ့ အစွန်းရောက် အတွေးအခေါ်ကြောင့် ဖြစ်ခဲ့တယ်။ ဆရာတော်လွတ်မြောက်သွားခဲ့တယ်။ ယခုတိုင် မပုပ်မသိုးရုပ်ကလာပ်ကို ရွှေရင်မျှော်တောင်မှာ ပူဇော်ထား တယ်။ နောက်တစ်ခုကတော့ ၁၉၆၇-၆၈ ဗကပ ဗဟိုမှာဖြစ်ခဲ့တဲ့ တပ်နီ လူငယ်တွေရဲ့ ဘဝဟစ်တိုင်လှုပ်ရှားမှု ဖြစ်တယ်။ ကွန်မြူနစ်ပါတီမှာ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမ မရှိဘူး။ ရန်သူနဲ့မိတ်ဆွေနှစ်မျိုးပဲရှိတယ်''ဆို တဲ့ (ရန်/ငါ)အယူအဆမှိုင်းတွေ ကြောင့်၊ 'ရဲဘော်ဌေး'ကိုပြန်လည်ပြင် ဆင်ရေးသမား၊ သစ္စာဖောက်အဖြစ် သတ်မှတ်စွပ်စွဲကာ သူ့ရဲ့သား ဖိုးထူး ဟာ အဇာတသတ်ဘွဲ့ကိုခံယူပြီး ဖခင် အရင်းကိုလည်မျိုဓားနဲ့လှီးခဲ့တာပေါ့။ ဗိုလ်ထွန်းငြိမ်းကို သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ဖမ်းဆီးလိုက်တဲ့အခါ ရဲနီမယ် ညွန့်ညွန့်ဟာ ဗိုလ်ထွန်းငြိမ်းကိုမထိနဲ့ ဆိုပြီး ဆွေ့ဆွေ့ခုန်နာခဲ့တယ်။ အနား မှာရှိတဲ့ ရဲမေတွေက ချိုင်းကနေထိန်းမ ထားရတယ်။ သူ့ရဲ့စကတ်ထဘီဟာ ဒူးအထက်ကိုရောက်သွားတယ်။ ဒါ ကို သခင်သန်းထွန်းက သူ့ရဲ့တဲကို ခေါ်ယူပြီး နှစ်ယောက်ချင်း စကားထိုင် ပြောနေတယ်။ ဘေးကလူတွေမြင် နေရတယ်။ စကားသံကိုတော့ မကြား ရဘူး။ ကွမ်းတစ်ရာညက်ခန့်ကြာတဲ့ အခါ ဗိုလ်ထွန်းငြိမ်း ချုပ်နှောင်ထား ရာကို နှစ်ယောက်သားပြန်ရောက် လာခဲ့တယ်။ ညွန့်ညွန့် စိတ်ပြောင်းလဲ သွားခဲ့ပြီ။ ဗိုလ်ထွန်းငြိမ်း သူတို့အပေါ် ကို ဘယ်လိုတွေ ဆက်ဆံခဲ့တယ် ဆိုတာ ဖော်ထုတ်စွဲချက်တင်ပြီး သူ ကိုယ်တိုင် သုတ်သင်လိုက်တယ်။ ဒါတွေကိုကြည့်ရင် အစွန်းရောက် ဝါဒမှိုင်းဟာ အဖေ၊ အမေ၊ မောင်နှမ သားအမိဆိုတဲ့ လောကပါလတရား တွေ ကွယ်ပျောက်ပြီး တိရစ္ဆာန်ထက် ဆိုးရွားရက်စက်တဲ့ အမူအကျင့်တွေ သုံးလာတော့တာပါပဲ။ ဒါကြောင့် လူတွေမှာ ယာယီကန်းသွားနိုင်တဲ့ အဆိပ်နှစ်မျိုးရှိတယ်။ ဒါကတော့ လူမျိုးရေးအဆိပ်နဲ့ ဘာသာရေး အဆိပ်တွေပဲ။ ပါးစပ်က ရောက်တဲ့ အဆိပ်မျိုးက အထည့်ခံရသူ တစ်ယောက်ပဲ သေစေနိုင်ပေမယ့် နားထဲရောက်တဲ့ အဆိပ်မျိုးကတော့ တစ် တိုင်းပြည်လုံး သေဆုံးသွားနိုင်တာ ကြောင့် ကျုံပျော်မြို့နယ်၊ လှည်းဆိပ် ကျေးရွာက ဖိုးကြူးခေါ် မြန်မာဂျင်ဂျုံး ရဲ့ စခန်းကို အမြန်ဆုံးအရေးယူစစ်ဆေး ဖြေရှင်းသင့်ပါကြောင်း။ ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်