ကိုယ့်အသက်က ပါးပါးလေး

ကိုယ့်အသက်က ပါးပါးလေး
သန့်ဇော်(သန်လျင်)

ဗြဟ္မာ့ပြည်ကအပ်တစ်စင်းနဲ့ လူ့ ပြည်ကအပ်တစ်စင်း ထိစပ်နိုင်တယ်။ လူဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတဲ့စကားကို ကျွန်တော်တို့မြန်မာလူမျိုးတွေ သိကြပါ တယ်။ အမိဝမ်းက ကျွန်တော်တို့မမွေး ခင်ရော၊ မွေးပြီးတဲ့အချိန်ကစလို့ရော၊ တဖြည်းဖြည်းကြီးပြင်းလာတဲ့ တစ်လျှောက် လုံးမှာ အသက်အန္တရာယ်မရှိ၊ မဖြစ် အောင် သတိထားကြရပါတယ်။ ကျွန် တော့်ရဲ့အတွေးအရတော့ အသက်ရဲ့ တန်ဖိုးဟာ လူ့ရဲ့တန်ဖိုးပါ၊ လူ့ရဲ့တန် ဖိုးဆိုတာလည်း သူ့ရဲ့ပြုမူနေထိုင်ကျင့်ကြံ အားထုတ်ဆောင်ရွက်လုပ်ကိုင်တဲ့အပေါ် မှာ တန်ဖိုးချင်းခြားနားလာတာပဲဖြစ်ပါ တယ်။ လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူရှိကြ တာပဲဖြစ်လို့ သူ့နေရာနဲ့သူကတော့ အသုံးဝင်ပါတယ်။ အသုံးကျပါတယ်လို့ ယေဘုယျဆိုပါရစေ။

သူလည်း သူ့တန်ဖိုးနဲ့နေ၊ ကျွန် တော်လည်း ကျွန်တော့်တန်ဖိုးနဲ့ နေထိုင် စဉ်မှာပဲ ကျွန်တော်ဟာ ၁၉၈၉ ခုနှစ် နဝတစစ်အစိုးရခေတ်မှာ မဟုတ်မမှန် အမှုတွေဆင်ပြီး စစ်ခုံရုံးကနေ ထောင် နှစ်ရှည် ချလိုက်တာ ခံလိုက်ရပါတယ်။ ထောင်ထဲမှာလည်း မတော်မတရား တွေကို ဆန့်ကျင်၊ မဟုတ်ရင် မခံ၊ ပြန် မပြော နားမထောင်၊ အနှိပ်စက်ခံ၊ အထု ထောင်းခံကာ တစ်နှစ်ကျော် အင်းစိန် ထောင် သေဒဏ်တိုက်ထဲမှာနေခဲ့ရပြီး စာဥတိုက်ပွဲလို့လူသိများတဲ့ ၁၉၉ဝ စက် တင်ဘာ ၂၅ စစ်အာဏာရှင်ခေတ် အင်း စိန်အကျဉ်းထောင်နိုင်ငံရေးသမားများ၊ ထောင်တွင်း သပိတ်တိုက်ပွဲမှာ ဦးဆောင် ပါဝင်တယ်ဆိုကာ ည§ဉ်းပန်းနှိပ်စက်ရိုက် နှက်ခြင်းခံရပါတယ်။ ချက်ချင်းဆိုသလို သံခြေချင်းခတ်ကာ သရက်ထောင်ကိုပို့ ခြင်းခံရပြီး အသက်ဘေးက လွတ်မြောက် ခဲ့ပါတယ်။ ပါးပါးလေးပါပဲ။

သရက်ထောင်ရောက်တော့လည်း အနံ့အသက်မကောင်းတဲ့ တိုက်ခန်းကျဉ်း လေးထဲ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အချိန် တွေထဲကတစ်ချိန်ဖြစ်တဲ့ ၁၉၉၄ ခုနှစ် မှာတော့ ကျွန်တော်ကထောင်အနှစ် ၃ဝ ကျတယ်ဆိုပြီးတော့ အခြားနိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ဆေးရုံ ဆောင်ပို့လိုက်ပြီး ကျွန်တော့်ကိုတိုက်ထဲ မှာချန်ထားခဲ့တယ်။ မှတ်မှတ်ရရ (၃)တိုက်မှာဖြစ်ပါတယ်။ အဲဒီတိုက်ထဲမှာ သေဒဏ်ကျရာဇဝတ်အကျဉ်းသားတွေရှိ တယ်။ အင်းစိန်ထောင်ကပြောင်းလာတဲ့ ရာဇဝင်လူဆိုး စိုးမြတ်ဆိုတာရှိတယ်။ မကွေးတိုင်း အောင်လံမြို့ရွာတစ်ရွာက စိတ်ရောဂါသည်တစ်ယောက်လည်းရှိ တယ်။ ဒီနေရာမှာ အဲဒီစိတ်ရောဂါသည် အကြောင်း ပြောချင်တာပါ။

သူ့နာမည်က ကိုဝင်းမောင်တဲ့။ သူဟာ သူ့ရဲ့အစ်မရင်းက မွေးထားတဲ့ရက် သားပဲရှိသေးတဲ့ ကလေးနုနုနယ်နယ် လေးကို စိတ်ဖောက်ပြန်ပြီး ဓားနဲ့တုံးတစ် ပြီး ဆန်ကောထဲထည့်ကာ ရွာထဲလည် ရောင်းတယ်တဲ့။ အဲဒါနဲ့ရွာကဝိုင်းဖမ်းပြီး တရားရုံးတင် ထောင်ချလိုက်တဲ့အမှုနဲ့ ရောက်လာသူဖြစ်ပါတယ်။ သူ့ကိုသူနေ တဲ့တိုက်ခန်းကနေ ရေချိုးချတာတို့၊ မိလလာချတာတို့ဆိုရင် သူ့တစ်ခန်းထဲဖွင့် ပြီး ထောင်ဝန်ထမ်းဝါဒါက ဦးဆောင် ပြီးလုပ်ပေးပါတယ်။ သူ့ကိုလေ့လာကြည့် တဲ့အခါ ယဉ်ယဉ်လေးရူးနေတာ စိတ်မ ကောင်းစွာတွေ့ရပါတယ်။ ဘာ့ကြောင့် အရူးနဲ့ကျွန်တော့်ကို တစ်တိုက်တည်း အတူထားတာလဲဆိုတာ ကျွန်တော်က စဉ်းစားရပါတော့တယ်။ အရင်နှစ်နှစ် လောက်က ကျွန်တော်တို့နဲ့အတူ သရက် ထောင်ကိုပြောင်းလာတဲ့ ကျောင်းသား တပ်မတော်က ကိုမြင့်ဆွေဆိုသူ ထောင် နှစ်ရှည်ကျ နိုင်ငံရေးအကျဉ်းသားတစ် ယောက်ကို (၄)တိုက်မှာ အရူးတစ်ယောက် က ဆန်ပြုတ်ထမ်းတဲ့ ထမ်းပိုးနဲ့ရိုက်သတ် လိုက်လို့ သေဆုံးသွားခဲ့တဲ့အဖြစ်ကလည်း သရက်ထောင်မှာ ရာဇဝင်ရှိခဲ့ပါတယ်။

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား တွေကို ကိစ္စချောအောင်လုပ်တဲ့ နည်း စနစ်တွေထဲမှာ ဒီနည်းစနစ်လည်းတစ်ခု ပါဝင်တယ်ဆိုတာ ကျွန်တော်တို့ကသိ ထားတော့ လေးလေးနက်နက် စဉ်းစား ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုဝင်းမောင်ကို ကျွန်တော်က အမြဲ စောင့်ကြည့်နေရပါတော့တယ်။ သူဟာ ကျွန်တော့်ဆီက ကြည့်မှန်လေးကိုမကြာ ခဏဆိုသလို ငှားကြည့်တတ်ပါတယ်။ ငှားကြည့်ရင်လည်း တော်တော်နဲ့ပြန်မ ပေးပါဘူး။ ရှာဖွေရေးလုပ်ခါနီး သို့မ ဟုတ် ရှာဖွေရေးလုပ်တော့မယ်ဆိုရင် စိုးရိမ်တကြီး ဘေးအခန်းကနေပစ်ပေးပါ တယ်။ တစ်ခါတလေထောင်ဝန်ထမ်းဝါ ဒါတွေ တွေ့တဲ့အခါတွေလည်းရှိပါတယ်။ သူကမှန်ကြည့်ပြီး ဘာလုပ်တာလည်းဆို တော့ မှန်ထဲမှာ အိုက်တင်အမျိုးမျိုးလုပ်၊ သူ့ကိုယ်သူအလှပြင်၊ မျက်နှာကိုသေ ချာကြည့်ပြီး မျက်နှာကအဖုအပိန့်တွေ ကို ပြုပြင်ပေါ့။ အဲဒီလိုမျိုးအချိန် ကျွန် တော်တို့နဲ့တွေ့ရင်သော်လည်းကောင်း၊ ဝန်ထမ်းဝါဒါတွေနဲ့ တွေ့ရင်သော်လည်း ကောင်း ပြုံးနေတတ်ပါတယ်။ သူစိတ် ဖောက်ပြန်တဲ့အခါ အော်ဆဲတာတွေလည်း ရှိရဲ့၊ ကျွန်တော်တို့နားမလည်တဲ့ဘာသာ စကားတွေလည်း မကြာခဏပြောရဲ့၊ အဲဒါတွေကို ဝန်ထမ်းဝါဒါတွေအားလုံး သိကြပါတယ်။ အာဏာပိုင်တွေအားလုံး လည်းသိကြပါတယ်။

အဲဒီလိုနေရင်း တစ်နေ့မှာပေါ့။ မနက်ပိုင်း ကျွန်တော်တို့တိုက်ခန်းအား လုံးကို ဖွင့်ထားလိုက်ပါတယ်။ ခါတိုင်း လည်း မကြာခဏဖွင့်လေ့ရှိပါတယ်။ အဲဒီနေ့ကျမှ ကိုဝင်းမောင်က ကျွန်တော့် လည်ပင်းဖက်ပြီး စကားလာပြောပါတယ်။ ခါတိုင်းတော့ အဲဒီလိုဖက်လေ့မရှိပါဘူး။ တာဝန်ကျဝန်ထမ်းကလည်း တိုက်ဝင်း ထဲမှာ မရှိပါဘူး။ အဲဒီအချိန် ကိုဝင်း မောင်ဟာ ကျွန်တော့်လည်ပင်းကိုတအား ဖက်လာပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ ပဲ လည်ပင်းည§စ်သလိုဖြစ်လာပြီး ကျွန် တော်လည်း အတင်းရုန်းပါတော့တယ်။ သူ့ဗလနဲ့ ကျွန်တော်က အားချင်းမမျှ တော့ ကျွန်တော်ရုန်းနေပေမယ့်လည်း သိပ်ပြီးမထိရောက်ဘဲ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ တစ်တိုက်တည်းနေနာမည် ကျော်ရာဇဝင်လူဆိုး ကိုစိုးမြတ်ကတွေ့ သွားပြီး ကိုဝင်းမောင် ကျွန်တော့်ကိုည§စ် နေတဲ့လက်တွေကို အတင်းလာပြီးဖယ် ရှားပေးပါတော့တယ်။ စိတ်မနှံ့သူ ကိုဝင်း မောင်ကိုလည်း ချော့လည်းချော့မော့ရ၊ ကျွန်တော့်လည်ပင်းကို ဖက်ထားတဲ့သူ့ လက်တွေကို သူ မနာကျင်အောင်ဖယ် ပေးလိုက်တော့မှ ကျွန်တော်လည်း အသက်ရှူရချောင်သွားပြီး ကိုဝင်းမောင် လက်မှ လွတ်သွားပါတော့တယ်။

အရူးက ကျွန်တော့်ကိုပြုံးပြုံးလေး နဲ့ လည်ပင်းည§စ်သတ်တာပဲဖြစ်ပါတယ်။ နောက် တိုက်ဝင်းထဲက အပြင်ဘက် ထွက်နေချိန်မှာ အခွင့်ကောင်းယူပြီး ကျွန်တော့်ကို လုပ်ကြံတာပဲဖြစ်ပါတယ်။ အနေအထားတွေကို လေ့လာသုံးသပ်ရ ရင် အရူးကိုဝင်းမောင်အပါအဝင် တိုက် ထဲကအကျဉ်းသားတွေကို ကျွန်တော်က တတ်နိုင်သလောက် အကူအညီပေးနေပါ လျက် ကျွန်တော်ပိုမိုလူသားချင်းစာနာ ထောက်ထားပြီး သနားလို့ကူညီခဲ့တဲ့သူက ကျွန်တော့်ကိုလုပ်ကြံတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခင်းဖြစ်ပြီးချိန် နောက်ပိုင်းမှာတော့ ကျွန်တော်ဟာ မသိမသာ အခန်းတိုင်း စကားပြောဖြစ်ပါတယ်။ ဖြစ်ချင်လည်း ဖြစ်နိုင်ပါလိမ့်မည်။ ညသန်းခေါင်ကျော် လောက်မှာ ကိုဝင်းမောင်ကို ဝန်ထမ်းတစ် ယောက်က စကားလာပြောတာ သိ ကြောင်း၊ နှစ်ရက်လောက်ရှိပြီဆိုတာ သတိထားမိကြောင်း၊ ဘာတွေ ပြောကြ သလဲဆိုတာတော့ မကြားမိကြောင်း သိရပြီး ထင်မယ်ဆိုထင်နိုင်လောက်တဲ့ အကြောင်းအရာများလည်း ရှိပါတယ်။

အဲဒီခေတ် အဲဒီအခါတုန်းက ကျွန် တော်တို့နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်အသက်ကို ကိုယ်သတိကြီးစွာထား ပြီး စောင့်ရှောက်ရပါတယ်။ ထောင်အာ ဏာပိုင်တွေနဲ့ အဆင်မပြေတဲ့နိုင်ငံရေး အကျဉ်းသားဆိုရင် ပိုပြီးဂရုစိုက်သတိ ထားနေရပါတယ်။ ထောက်လှမ်းရေး မှတ်ချက်ဖြင့်သော်လည်းကောင်း၊ ထောက် လှမ်းရေးက အနီးကပ်စောင့်ကြည့်နေတဲ့ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုဆိုးပါ တော့တယ်။ နေမကောင်းဖြစ်ရင်ထောင် က ချက်ချင်းဆေးမကုပေးပါဘူး။ ထောက် လှမ်းရေးကို သတင်းပို့ရတယ်။ အကြောင်း ကြားရပါတယ်။ ထောက်လှမ်းရေးမှတ် ချက်နဲ့မှ ဆေးကုသခွင့်ရပါတယ်။ ကျွန် တော်တို့လိုထောင်က မလွှတ်ပေးချင်တဲ့ သူတွေ၊ သူတို့လုပ်ရပ်တွေကို အမှန်အ တိုင်း၊ ပြည်သူရော၊ ကမ္ဘာကပါသိအောင် ပြောမယ့်သူမျိုးဆိုရင် တလွဲဆေးတွေနဲ့ ကုပေးပါတယ်။ ဆေးကိုရက်ပြည့်အောင် မပေးတာတွေလည်း ရှိပါတယ်။ သေပ လိမ့်စေပေါ့ဆိုတဲ့ သာဓကတွေလည်း ထောင်သမိုင်းမှာရှိခဲ့ပါတယ်။ (အလျဉ်း သင့်ပါက ရေးပါဦးမယ်။)

ထောင်ထဲမှာ ၂၃ နှစ်ကြာနေခဲ့ရ တဲ့အခါမှာ သေဘေးကလွတ်ခဲ့ပုံ သီသီလေးတွေ၊ ပါးပါးလေးတွေကတော့ ဂျာနယ်စာမျက်နှာ အခြေအနေပေးရင် ပေးသလို ကျွန်တော်ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်