ငပလီကမ်းခြေရှိ အများပြည်သူ အပန်းဖြေရာနေရာမှ စားသောက်ဆိုင်များ ပြောင်းရွှေ့မပေးပါက အရေးယူမည်

မျိုးမြင့်ဇော်

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ရှိ အများပြည်သူအပန်း ဖြေရာနေရာတွင် ဖွင့်လှစ်ရောင်း ချနေသည့် စားသောက်ဆိုင်များ ကို နိုဝင်ဘာ ၃ဝ ရက်နောက်ဆုံး ထားပြီး ပြောင်းရှှေ့ပေးရန် ငပလီ မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ ညှှန်ကြားထားပြီးသတ်မှတ် ရက်တွင် မပြောင်းရှှေ့ပေးပါက ပြည်နယ်အစိုးရထံ တင်ပြပြီး အရေးယူမှုပြုလုပ်သွားမည်ဟု ငပလီမြို့ အထွေထွေအုပ်ချုပ် ရေးမှူး ဦးကျော်သူလှိုင်က ယူန တီဂျာနယ်သို့ ပြောသည်။

” ဒီဆိုင်တွေကိုပြောင်းရှှေ့ ခိုင်းဖို့ ပြည်နယ်အစိုးရက ဆုံး ဖြတ်ထားတာဖြစ်တဲ့အတွက် မ ဖယ်ပေးဘူးဆိုရင် ကွၽန်တော်တို့ ပြည်နယ်အစိုးရကို ပြန်တင်ပြပြီး မှ အရေးယူဖို့လုပ်သွားမယ်” ဟု ၄င်းက ပြောသည်။
ငပလီမြို့ ငပလီကမ်းခြေရှိ အများပြည်သူ အပန်းဖြေရာနေ ရာများတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းကို ဖယ် ရှားရန်အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ခရိုင်သို့ညှှန်ကြားခဲ့ပြီး ခရိုင်မှမြို့နယ်သို့ ညှှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်သူလှိုင်က ဖြည့်စွက်ပြောပြသည်။

အဆိုပါဖယ်ရှားခိုင်းထား သည့်နေရာမှ ဆိုင်ခန်းများကို နို ဝင်ဘာ ၂၇ ရက်က ပြောင်းရှှေ့ ရန် စာထုတ်ထားသော်လည်း ယခုအချိန်အထိ ဖယ်ရှားခြင်းမရှိ သေးဘဲ ဆက်လက်ရောင်းချနေ ဆဲဖြစ်ပြီး မြို့နယ်မှညှှန်ကြားထား သည့် နိုဝင်ဘာ ၃ဝ ရက်တွင် မ ဖယ်ရှားပေးပါက ပြည်နယ်အစိုးရ ထံသို့ ထပ်မံတိုင်ကြားသွားမည် ဟု အများပြည်သူအပန်းဖြေနေ ရာမှ ဆိုင်ခန်းများ ဖယ်ရှားပေးရန် အတွက် ဆန်ဒဖော်ထုတ်ခဲ့သည့် သံတွဲမြို့နယ် တောင်သူလယ်သ မားသမဂ်ဂနှင့် လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုစုံစမ်းဖော် ထုတ်ရေးကော်မတီဥက်ကြ ဦးခင် မောင်အေးက ယူနတီသို့ပြော သည်။

” ၃ဝ ရက်နေ့မှာမှ မဖယ် ပေးဘူးဆိုရင် မြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ ကွၽန်တော်သွားတွေ့ပြီး ဆွေးနွေးမယ်။ ဆွေးနွေးလို့မရဘူး ဆိုရင် အဆင့်ဆင့်တိုင်စာတင် မယ်။ ပြည်နယ်အစိုးရအထိပေါ့” ဟု ¤င်းက ပြောသည်။
ယင်းနေရာမှ စားသောက် ဆိုင်ခန်းများကို ၂ဝ၁၇ ခုနှစ် မတ် ၂၃ ရက်က လူအင်အား ၇ဝ ဖြင့် ဆိုင်ခန်းများ ဖယ်ရှားပေးရန်ဆန်ဒ ပြဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ သည်။

ယခုအများပြည်သူဆိုင်ရာ နေရာများတွင် ဆိုင်ခန်းများဖွင့် လှစ်နေခြင်းကို ဖယ်ရှားပေးရန် အတွက် တိုင်တန်းထားသည်မှာ ၂ဝ၁၆ ခုနှစ်ကပင်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်နေသူများမှာလည်း ထွေအုပ်၏ခွင့်ပြုချက်၊ မြို့နယ် စည်ပင်ခွင့်ပြုချက်တို့ဖြင့် ဖွင့်လှစ် ရောင်းချနေခြင်းမဟုတ်ဘဲ ကိုယ့် သဘောနှင့်ကိုယ် လူတစ်စုက ဖွင့်နေခြင်းဖြစ်ကြောင်း ဦးခင် မောင်အေးက ဖြည့်စွက်ပြောပြ သည်။

ငပလီမြို့ ငပလီကမ်းခြေ တွင် အများပြည်သူအပန်းဖြေနေ ရာနေရာ ယခုဆိုင်ခန်းများဖယ် ရှားခိုင်းသည့်နေရာအပါအဝင် သုံးနေရာရှိပြီး ယင်းနေရာတို့မှာ လင်းသာရပ်ကွက်နှင့် မြပြင်ရပ် ကွက်ကြား ဇီးဖြူကုန်းရပ်ကွက် တို့ဖြစ်ပြီး ယခုဖယ်ရှားခိုင်းနေ သည့် နေရာမှာ ယခင်ကတပ်ပိုင် ဖြစ်ပြီး တပ်မှအများပြည်သူ အပန်းဖြေရန်အတွက် စွန့်လှှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း ငပလီမြို့ အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်