ဟုမ်မလင်းမြို့နယ် အင်ကြင်း မော်ရွာ ရွှေမင်းဝံတောင်ပေါ် ဘုန်းကြီးကျောင်း သို့ တောဆင်ရိုင်း လေးကောင် ဝင်ရောက်ဖျက်ဆီး

ထွန်း(မုံရွာ)

ချင်းတွင်းမြစ် အနောက် ဘက် ဟုမ်မလင်းမြို့နယ်ကွၽန်း ကုန်းကျေးရွာအုပ်စုအင်ကြင်း မော်ကျေးရွာရှိ ရွှေမင်းဝံတောင်ပေါ်ဘုန်းတော်ကြီးကျောင်း ပရ ဝုဏ်အတွင်းသို့ နိုဝင်ဘာလ၂၆ ရက်ညနေပိုင်းက တောဆင်ရိုင်း လေးကောင်ဝင်ရောက် ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများထံမှ သိ ရှိရသည်။

တောဆင်ရိုင်းလေးကောင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် ဥာဏ်တော်သုံးတောင်ခန့်ရှိအရံ
စေတီရှစ်ဆူအနက် တစ်ဆူမှာ အခြေမှပြိုလဲကာ နှစ်ဆူမှာ ထီး တော်ကျိုးကျပြီး အနီးရှိဥာဏ် တော် သုံးတောင်ခန့်ရှိ တင်ပလလင် ခွေ အဂငျ်တေရုပ်ပွားတော် ဦး ခေါင်းပြုတ်ထွက်ခြင်းများ ဖြစ်ခဲ့ ကြောင်း ဟုမ်မလင်းမြို့ မြို့မရဲ စခန်းတာဝန်ရှိသူထံမှ သိရ သည်။

ရှှေမင်းဝံ ဘုန်းတော်ကြီး ကျောင်းသည် အင်ကြင်းမော် ကျေးရွာနှင့် ၁ မိုင်ခန့် သောင်သွပ် -အင်ကြင်းမော် သွားကားလမ်း ၏ အနောက်ဘက် ၄ ဖာလုံခန့် အကွာတွင်တည်ရှိပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် လွန် ခဲ့သည့် လေးနှစ်ခန့်ကစ၍ ဆရာ တော် ဦးဇနဒီပတစ်ပါးတည်း သီ တင်းသုံးလျက်ရှိကြောင်း ဒေသ ခံ ဦးအောင်ဆန်းမြင့်က ပြော သည်။

” ဒါယကာ၊ ဒါယိကာမတွေ က ဘုန်းဘုန်းကို တောဆင်ရိုင်း တွေ ဝင်လာတဲ့အကြောင်း ၂၅ ရက်က သွားလှျောက်ကြတော့ ဘုန်းဘုန်းက ရွာထဲသီတင်းသုံး နေတာ တောဆင်ရိုင်းရန်က လွတ်သွားတယ်” ဟု ¤င်းက ဆို သည်။
ယင်းတောဆင်ရိုင်း လေး ကောင်သည်အင်ကြင်း မော်ကျေး ရွာနှင့် ၅ မိုင်ခန့်ဝေးသော ထိုးကျ တောင်တန်းတောအတွင်း ရောက် ရှိနေသည်ကို စုံစမ်းသိရသော ကြောင့် ထပ်မံဝင်ရောက် ဖျက် ဆီးမှုမရှိစေရန် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရွာသူ၊ရွာသားများက မီးတုတ်များ၊ ဗြောက်အိုးများ ဖောက်၍ စုပေါင်း ခြောက်လှန့်မှု များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်