ထောက်ကြံ့ ဘီယာဆိုင်မှာ ထိုးနှုက်ခံရတဲ့ ဆရာတော်ဦးဣန်ဓကဟာ ဘယ်လိုရဟန်းမျိုးလဲ ?

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်နေ့က ထောက်ကြံ့မြို့နယ် ကမေ်ဘာဇ ဘဏ်အနီးက လမင်းသာစားသောက်ဆိုင်မှာ သံဃာအတုအယောင်ဆိုပြီး ဆရာတော်ဦးဣန်ဓကကို လူနှစ်ယောက်က ထိုးနှက်နေတဲ့ ဗီဒီယိုင်ဖိုင်တစ်ခု လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် Facebookစာမျက်နှာများတွေမှာ အရက်ဝင်ဝယ်လို့ ပြဿနာဖြစ်ပွားခဲ့တာလို့ ရေးသားချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို ဒီနေ့နေလည်က ရန်ကုန်မြို့မှာရှိတဲ့သမ်မတ သကငျ်န်းတိုက်မှာ သံဃာတော်များဦးဆောင်ပြီး့သတင်းစာရှင်းခဲ့ကြပါတယ်။

ဆရာတော် ဦးဣန်ဓကဟာ အစာအိမ်ရောဂါကြောင့် လမင်းသာစားသောက်ဆိုင်ထဲ ရေနွေး၀င်ရောက်အလှှူခံရာကနေ ဆိုင်က လူသုံးယောက်ရဲ့ နှိပ်စက်တာကို ခံခဲ့ရပြီး အဲဒီနောက် ဆိုင်ရှင်ရဲ့တိုင်တန်းမှု့ကြောင့် မဂငျ်လာဒုံမြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ထံသို့ ခေါ်ဆောင်သွားကာ ခံ၀န်အတင်းထိုးခိုင်းခံခဲ့ရပုံကို သတင်းစာရှင်းလင်းပွဲမှာဆရြတော်တွေကရှင်းလင်း ပြောဆိုပါတယ်။ အဲဒီခံ၀န်ကြောင့် ဆရာတော်အပေါ် အမြင်လွဲမှားပြီး သတင်းမီဒီယာအချို့မှာ အရက်၀င်၀ယ်တဲ့ ဘုန်းကြီးဆိုတဲ့ ရေးသားမှုတွေဖြစ်ပေါ်လာခဲ့တာပါ။

အခုလို လမင်းသာ စားသောက်ဆိုင်အတွင်း သံဃာတုလို့ ထင်မြင်လွဲမှားကာ ရိုက်နှက်ခံခဲ့ရတဲ့ ဆရာတော်ဟာ ၀ိနည်းသိက်ခာနဲ့ လျော်ညီတဲ့ ဆရာတော်ဖြစ်ရုံမျှမက ဗုဒ်ဓဘာသာ နဲ့ ပတ်သက်တဲ့ စာအုပ်စာပေေတွေလည်း ရေးသားထားသူဖြစ်ပါတယ်။ ဒီနေ့ပြူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာတော်ရဲ့ ်ဗုဒ်ဓဘာသာ ၀င်သိစေချင်ဆိုတဲ့ စာအုပ်ကို ပွဲသို့လာရောက်များထံ ေ၀ဌလှူဒန်း ပေးခဲ့ပါတယ်ခင်ဗျာ။

 

 

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်