မြန်မာတွေ သူ့ကျွန်ဘဝက ဘယ်တော့လွတ်မလဲ

ယူနတီသတင်းအဖွဲ့

သာမန်အမျိုးသားတစ်ဦးပင် ပင့် ရန်မလွယ်ကူသည့် ကင်းမွန်ငါးများ အ ပြည့်ထည့်ထားသော ကော်တိုင်ကီ(ပေပါ)ကို အမျိုးသမီးတစ်ဦး မနိုင်မနင်းပင့် မကာ တိုင်ကီအတွင်းရှိငါးများကို သမံ တလင်းပေါ်သို့ သွန်ချနေသည်။ အလေး ချိန်အားဖြင့် ဘိလပ်မြေနှစ်အိတ်စာ (ကီ လိုတစ်ရာခန့်) လေးသော ထိုကော်တိုင် ကီကို မနေသည်မှာ မြန်မာအမျိုးသမီး လုပ်သားတစ်ဦးဖြစ်ပြီး သူအလုပ်လုပ် ကိုင်နေသည်မှာ ထိုင်းလူမျိုးပိုင်သည့် ငါး ပုစွန်အအေးခန်း စက်ရုံတစ်ရုံတွင်ဖြစ်သည်။
ငါးပုစွန်အအေးခန်းစက်ရုံဟုခေါ် သော်လည်း အကာအရံဟူ၍မရှိ။ ထို စက်ရုံသည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရ နောင်းခရိုင်ရှိ ရနောင်းမြို့ပေါ်တွင်တည် ရှိသည်။ ရနောင်းမြို့ရှိ ငါးပုစွန်အအေး ခန်း စက်ရုံများတွင် အမျိုးသမီးတစ်ဦး အနေဖြင့် လုပ်ကိုင်ရန်မသင့်သည့် အ လုပ်များ၊ အလေးအပင်များ ထမ်းပိုးခိုင်း ခြင်းများကို ထိုင်းလူမျိုးပိုင် စက်ရုံများ တွင် မြန်မာအမျိုးသမီးအများစု လုပ် ကိုင်နေကြရသည်မှာ ဆယ်စုနှစ်တစ်စု ပင်မကတော့ချေ။

ထိုမြင်ကွင်းများကို မြန်မာနိုင်ငံမှ သတင်းအဖွဲ့များ ထိုင်းနိုင်ငံသို့ တရား ဝင်အကြောင်းကြားပြီး သွားရောက်သ တင်းရယူပါက မြင်တွေ့ရန်မလွယ်ကူ သော မြင်ကွင်းများဖြစ်သည်။ ထိုင်းအ စိုးရအား တရားဝင်အကြောင်းကြားပြီး သတင်းရယူမည်ဆိုပါက ထိုင်းအာဏာ ပိုင်တို့၏ ကြိုတင်ပြင်ဆင်ထားသည့် မြင် ကွင်းများနှင့်သာ ကြုံရမည်ဖြစ်ပြီး မြန် မာရွှေ့ပြောင်းအလုပ်သမားတို့၏ လုပ် ငန်းခွင်အတွင်း အနေအထားမှာလည်း အချိုပေါ်သကာလောင်းသည့်အနေအ ထားအဖြစ်သာ တွေ့မြင်ရမည်ဟု ထိုင်း နိုင်ငံရောက်မြန်မာအလုပ်သမား တစ်ဦး က ယခင်အတွေ့အကြုံများပေါ် အခြေခံ ပြီး ပြန်လည်ပြောဆိုခဲ့သည်။

ရနောင်းမြို့မှ ပုစွန်အအေးခန်း စက်ရုံများတွင် ထိုင်းလူမျိုးများ မလုပ် သည့်အောက်ခြေအလုပ်ကို မြန်မာအ မျိုးသား၊ အမျိုးသမီးများလုပ်ကြရသည်။ အဆိုးဆုံးမှာ မြန်မာအလုပ်သမားများ အတွက် သတ်မှတ်အလုပ်ချိန်မရှိခြင်း ပင် ဖြစ်သည်။

” မနက်သုံးနာရီမှာ ခေါ်ခိုင်းချင်လည်း ခိုင်းတယ်။ ထိုင်းသူေဋ္ဌးတွေအလုပ်ချိန် သတ်မှတ်ပေးထားတာမရှိဘူး” ဟု ရနောင်းမြို့ပေါ်ရှိ ထိုင်းလူမျိုးပိုင် ငါးပုစွန် အအေးခန်းစက်ရုံတစ်ခုတွင် ဆယ်နှစ် ကျော်နီးပါး အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားအမျိုးသားတစ်ဦးက ပြော သည်။
ထို့အပြင် ငါးပုစွန်အအေးခန်းစက် ရုံတို့မှာ သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ဖြစ်သ လိုတည်ဆောက်ထားပြီး ကျန်းမာရေး နှင့်လည်း ကိုက်ညီမှုမရှိကြောင်း အဆို ပါ မြန်မာအလုပ်သမားက ဖြည့်စွက်ပြော သည်။
” တကယ့်အအေးခန်းဆိုတာ ဒီလို မဟုတ်ဘူး။ သပ်သပ်ရပ်ရပ်နဲ့ အအေး ခန်းလေးထဲမှာ အကျႌအထူလေးဝတ်၊ လက်အိတ်စွပ်ပြီး လုပ်ကြရတာ။ အခုလို မျိုးမဟုတ်ဘူး” ဟု ¤င်းကပြောသည်။
ထိုကဲ့သို့ ငါးပုစွန်အအေးခန်းစက် ရုံများမှာ သတ်မှတ်စည်းကမ်းနှင့်မ ကိုက်ညီသော်လည်း ထိုင်းအလုပ်ရှင် တို့မှာ မြန်မာအလုပ်သမားများကို များ စွာသောစည်းကမ်းများ ပြဋ္ဌာန်းကန့် သတ်ထားပြီး မလိုက်နာပါက လုပ်ခ လစာထဲမှ ဖြတ်တောက်ခြင်းကို မြန်မာ အလုပ်သမားများ ရင်ဆိုင်နေကြရသည်။
ယင်းကဲ့သို့ သတ်မှတ်စည်းကမ်း နှင့်မကိုက်ညီသည့် အအေးခန်းစက်ရုံ များတွင် လုပ်ကိုင်နေကြရသလိုလုပ် ငန်းခွင်အတွင်း ထိုင်းအလုပ်ရှင်တို့၏ အ နိုင်ကျင့်မှုကိုလည်း မြန်မာအလုပ်သမား များခံစားနေကြရသည်။ မြန်မာအလုပ် သမားများ လုပ်ငန်းခွင်အတွင်း မတော် တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံး ခြင်းများကို ထိုင်းအလုပ်ရှင်တို့က တာဝန် မယူသည့်အပြင် အလုပ်ထုတ်ပစ်ခြင်း များယခုထိ ရှိနေသေးသည်ဟု မြန်မာ အလုပ်သမားများထံက သိရသည်။

မြန်မာအလုပ်သမားများမှာ ထိုင်း အလုပ်ရှင်တို့၏ ယင်းကဲ့သို့အနိုင်ကျင့်မှု ကိုမကျေနပ်သော်လည်း ငြိမ်ခံနေကြရ သည်ကို မြန်မာအလုပ်သမားခေါင်း ဆောင်တစ်ဦးက ပြောပြသည်။ မြန်မာ အလုပ်သမားများကို ဖိနှိပ်အနိုင်ကျင့်မှု များကို ထိုင်းလုပ်ငန်းရှင်များသာ ပြုလုပ် သည်မဟုတ်။ မြန်မာလူမျိုးအချင်းချင်း အနိုင်ကျင့်မှုများကိုလည်း ခံနေရခြင်း များလည်းရှိသည်။
” ဒီမှာက လက်ညှိုးကွေးလိုက်ရုံနဲ့ ဘဝပြောင်းသွားနိုင်တယ်။ တိုင်လို့ရတဲ့ နေရာ သံရုံးရှိတယ်။ တိုင်ရဲရင်သွားတိုင် ကြည့်နောက်နေ့တိုင်တဲ့သူ ထွက်ပြေး ရင် ထွက်ပြေး၊ ထွက်မပြေးရင် သေဖို့ပဲ ရှိတယ်” ဟု ထိုင်းနိုင်ငံ(တောင်ပိုင်း) ရ နောင်းခရိုင်၊ ရနောင်းမြို့၊ ထိုင်းလူမျိုး ပိုင်ဆိုင်သည့် ငါးအအေးခန်းစက်ရုံ တစ်ရုံမှ မြန်မာအလုပ်သမားခေါင်းဆောင် တစ်ဦးက ယူနတီသတင်းအဖွ့ဲကို ပြော ပြသည်။
ရနောင်းမြို့တွင် အလုပ်လုပ်ကိုင် နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များမှာ ယခုအချိန်အထိ ထိုင်းလုပ်ငန်း ရှင်များထံတွင် အနိုင်ကျင့်ခံနေရဆဲဖြစ် ကြောင်း၊ ယင်းအပြင် ရနောင်းမြို့ပေါ် တွင် သေနတ်များအလွန်ဝယ်ယူရလွယ် ကူပြီး ထိုင်းအလုပ်ရှင်တိုင်းထံတွင် ပစ္စ တိုသေနတ်နှင့်မောင်းပြန်ရိုင်ဖယ်သေ နတ်အရှည်တစ်လက်စီရှိကြောင်း၊ ¤င်း တို့မကျေနပ်သည့် မြန်မာအလုပ်သမား များကို အချိန်မရွေးပစ်သတ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှာလည်း မြန်မာအလုပ်သ မားများကို အကာအကွယ်မပေးဘဲ ထိုင်း သူေဋ္ဌးများကိုသာ အကာအကွယ် ပေးနေသည့်အတွက် မြန်မာအလုပ်သ မားများမှာ ထိုင်းအလုပ်ရှင်များအပေါ် မ ကျေနပ်မှုရှိသော်လည်း ငြိမ်ခံနေရခြင်း ဖြစ်ကြောင်း အဆိုပါအလုပ်သမားခေါင်း ဆောင်က ဖြည့်စွက်ပြောပြသည်။

ရနောင်းမြို့တွင် ငါးပုစွန်အအေး ခန်းစက်ရုံသုံးရုံရှိပြီး ယင်းသုံးရုံစလုံးမှ အလုပ်သမားများမှာ မြန်မာများဖြစ် ကြောင်းသိရသည်။ မြန်မာလုပ်သား အ များဆုံးနှင့် အကြီးဆုံးငါးပုစွန်အအေး ခန်းစက်ရုံမှာ စီကိုစက်ရုံဖြစ်သည်ဟု မြန်မာအလုပ်သမားများကဆိုသည်။ ထိုင်းလူမျိုးရေလုပ်ငန်းရှင်တို့တွင် ငါးဖမ်းစက်လှေ အစီးငါးဆယ်ခန့်ပိုင် ဆိုင်နေပြီး ငါးဖမ်းစက်လှေတစ်စီးတွင် ရေလုပ်သားနှစ်ဆယ်ခန့်ရှိကြောင်း မြန် မာရေလုပ်သားများထံက သိရသည်။ ရနောင်းမြို့တွင် လာရောက်အလုပ်လုပ် ကိုင်နေသူ အများစုမှာ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ ဖြစ်ပြီးရန်ကုန်၊ ပျဉ်း မနား၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေ သကြီးမှလည်း ပါဝင်ကြကြောင်းသိရ သည်။ သတင်းမှတ်တမ်းများအရ ထိုင်း နိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေပြီး ကိန်းဂဏန်းအရ ၁၅ သိန်းခန့်ရှိနေပြီး ယခုနောက်ပိုင်းတွင် ထပ်မံဝင်ရောက်လာသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ရှိနေသေး ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား များမှာ ထိုင်းအလုပ်ရှင်တို့နှင့် ထိုင်းအာ ဏာပိုင်တို့၏ အနိုင်ကျင့်မှုကိုယခုအချိန် အထိခံနေရပြီး လုပ်ခလစာအပြည့်မရရှိ ခြင်း၊ လုပ်ငန်းခွင်အတွင်း မြန်မာအလုပ် သမားများဒဏ်ရာရသေဆုံးခြင်းတို့ အ တွက် အလုပ်ရှင်မှာ နစ်နာကြေးမပေး ဘဲ အလုပ်ထုတ်သည့်လုပ်ရပ်များ ယခု အချိန်အထိ ရှိနေသေးကြောင်းရနောင်း မြို့ရှိ ငါးအအေးခန်းစက်ရုံမှ မြန်မာအ လုပ်သမားများက ပြောပြသည်။

ရနောင်းမှာရှိသည့် မြန်မာလူမျိုး များအနေဖြင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လျှင်တိုင်ကြားရန် နေရာတစ်ခုလို အပ်နေပြီး တိုင်ကြားမှုများကိုလည်း အ ရေးတယူဆောင်ရွက်ပေးသည့် အဖွဲ့အ စည်းမျိုးလိုအပ်နေကြောင်း ထိုင်းနိုင်ငံ တွင် ရေလုပ်သားအဖြစ် အလုပ်လုပ်နေ သည့် ကိုမြင့်ဦးကပြောသည်။

” ရနောင်းမှာရှိတဲ့ မြန်မာလူမျိုးတွေ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် တိုင်ကြား ဖို့နေရာလေးရယ်၊ တိုင်ကြားတဲ့အခါကျ ရင်လည်း အလျဉ်မီအောင်လေးလာပေး ဖို့ရယ် အဲဒါလေးပဲ လိုချင်ပါတယ်” ဟု ၎င်းကပြောသည်။

ငါးပုစွန်အအေးခန်းစက်ရုံမှ မြန်မာ အလုပ်သမားများမှာ တစ်လလျှင်ဘတ် ရှစ်ထောင့်ငါးရာ၊ ကိုးထောင်ခန့်ရရှိပြီး အိမ်လခပေးရ၊ စားသောက်စရိတ်ကုန် ကြသဖြင့် မြန်မာပြည်မှမိသားစုကိုလည်း တစ်ပြားတစ်ကျပ်မှ မပို့နိုင်ဘဲရရစားစား ဘဝဖြင့် လုပ်ကိုင်နေရကြောင်း၊ မြန်မာ အစိုးရအနေဖြင့် ရနောင်းတွင် ရသည့် လစာနှင့်ကိုက်ညီသည့်အလုပ်အကိုင် မျိုး မြန်မာပြည်တွင်ဖန်တီးပေးနိုင်မည် ဆိုပါက သူများနိုင်ငံတွင် ကျွန်ခံမနေ တော့ဘဲ ကိုယ့်နိုင်ငံတွင်သာ အလုပ်လုပ် မှာဖြစ်ကြောင်း ကိုမြင့်ဦးက ဖြည့်စွက် ပြောကြားသည်။

မြန်မာအလုပ်သမားများ နေထိုင် ရသည့် အလုပ်သမားတန်းလျား (လိုင်းခန်း)မှာလည်း ကျဉ်းမြောင်းလွန်းလှပြီး တစ်ခန်းတွင်သုံးယောက် သို့မဟုတ် လေးယောက်ခန့် စုပေါင်းနေထိုင်ကြရ သည်ကိုတွေ့မြင်ခဲ့ရသည်။ ရနောင်းမြို့ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားအဓိက ရင်ဆိုင်နေရသည့် ပြဿနာမှာ နေထိုင်ခွင့် (ဃှု) ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
ငါးပုစွန်အအေးခန်းစက်ရုံတွင် အ လုပ်လုပ်သည့် အလုပ်သမားများထက် ပင်ပန်းပြီးအန္တရာယ်နှင့်အနီးကပ်ဆုံး အ လုပ်လုပ်နေကြရသည့် သူများမှာထိုင်း ငါးဖမ်းစက်လှေများပေါ်မှ မြန်မာရေ လုပ်သားများဖြစ်ကြောင်း အလုပ်သမား များထံမှ သိရသည်။ မြန်မာရေလုပ်သား များမှာ စက်လှေပေါ်တွင် နေ့ညမပြတ် အလုပ်လုပ်ရသည့်အတွက် အပင်ပန်းခံ နိုင်ရန် မူးယစ်ဆေးသုံးစွဲရာမှ မူးယစ်နွံ အတွင်းနစ်မြုပ်ကာ ဘဝပျက်သေဆုံး သွားကြသူများ များစွာရှိနေကြောင်း ထိုင်းနိုင်ငံတွင် ဆယ်နှစ်နီးပါးရေလုပ် သားဘဝဖြင့် ရပ်တည်နေသည့် မြန်မာ ရေလုပ်သား ကိုကျော်ဇင်ဝင်းက ပြော သည်။
” အလုပ်က အရမ်းပင်ပန်းတော့ ပင်ပန်းခံနိုင်အောင် မူးယစ်ဆေးသုံးကြ တယ်။ မြန်မာရေလုပ်သားအယောက် တစ်ရာမှာ ကိုးဆယ်လောက်မူးယစ်ဆေး ဝါး သုံးစွဲကြတယ်” ဟု ၎င်းကပြောပြ သည်။

မြန်မာရေလုပ်သားများမှာ အလုပ် ကြာရှည်လုပ်နိုင်ရန်အတွက် စိတ်ကြွှရူး သွပ်ဆေးပြား ကို ကိုယ်တိုင်ဝယ် ယူသုံးစွဲကြသလို ထိုင်းသူေဋ္ဌးကိုယ်တိုင် က ရေလုပ်သားများကို တိုက် ကျွေးကာ အလုပ်လုပ်ခိုင်းခြင်းများရှိနေ ကြောင်း၊ ကိုပုံမှန်သုံးစွဲခြင်းကြောင့် ရူးကြောင်ကြောင်ဖြစ်သွားသည့် မြန်မာ ရေလုပ်သားများကို ထိုင်းအလုပ်ရှင်မှ ထုတ်ပယ်တတ်ကြကြောင်း၊ ယင်းကဲ့သို့ အလုပ်ထုတ်ခံရပြီး ရူးကြောင်ကြောင်နှင့် လျှောက်သွားနေသည့် မြန်မာအလုပ် သမားများကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လေ့ရှိ ကြောင်း မြန်မာရေလုပ်သားများကဆို သည်။

ထို့အပြင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ပြီး ငါးခိုးဖမ်းသည့် ထိုင်းလူမျိုးပိုင်စက်လှေများအမြောက် အမြားရှိနေပြီး ထိုင်းအစိုးရအနေဖြင့် ယင်းငါးခိုးဖမ်းသည့် စက်လှေများကို အရေးယူဖမ်းဆီးခြင်းမျိုး မပြုလုပ်ဘဲ လွှတ်ပေးထားကြောင်း၊ မြန်မာရေလုပ် သားများ၏ ဘဝမှာ ငါးကြင်းဆီနှင့်ငါး ကြင်းပြန်ကြော်ခံရသည့်အဖြစ်သို့ ရောက်ရှိနေကြောင်း မြန်မာရေလုပ်သား ကိုကျော်ကျော်က ပြောပြသည်။

” မြန်မာနိုင်ငံအစိုးရကို ပြောချင် တာက ကျွန်တော်တို့မြန်မာရေလုပ်သား တွေ ထိုင်းမှာငါးကြင်းဆီနဲ့ငါးကြင်းပြန် ကြော်သလိုခံနေရတယ်။ ကိုယ့်ပစ္စည်း၊ ကိုယ့်လူမျိုးအလုပ်သမားနဲ့လုပ်ပြီး ကိုယ့်နိုင်ငံကို ပြန်ရောင်းတာခံနေရတယ်” ဟု ၎င်းက ပြောသည်။
မိခင်မြန်မာနိုင်ငံတွင် မိခင်ပင်လယ် ပြင်ရေပိုင်နက်ရှိပါလျှက်နှင့် ထိုင်းနိုင်ငံ တွင်လာရောက်အလုပ်လုပ်ကိုင်နေရ ခြင်းမှာ အခြေခံလုပ်ခလစာကွာဟမှုကြောင့် ဖြစ်ပြီးထိုင်းနိုင်ငံတွင် ရရှိနိုင်သည့် အခြေခံလုပ်ခလစာနှင့် မြန်မာနိုင်ငံမှ အ ခြေခံလုပ်ခလစာညီမျှပါက ကိုယ့်မြန်မာ နိုင်ငံတွင်သာ ပြန်လည်လုပ်ကိုင်မည် ဖြစ်ကြောင်း ကိုကျော်ကျော်ကဖြည့်စွက် ပြောပြသည်။

မြန်မာနိုင်ငံတွင် အလုပ်ပြန်လည် လုပ်ကိုင်မည်ဟု ပြောဆိုနေသာ်လည်း ရနောင်းမြို့ ငါးလေလံဈေးကဲ့သို့ပင် ၂ဝဝဝပြည့်နှစ်ကတည်းက ခွင့်ပြုခဲ့သည့် မြိတ်နိုင်ငံတကာ ငါးလေလံဈေးကြီးမှာ ဥပဒေအရစိစစ်နေသည်ဟု ပြောဆိုပြီး ယခုအချိန်အထိ အကောင်အထည်မ ပေါ်သေးသည်ကို ကိုကျော်ကျော်တစ် ယောက်သိပုံပင်မရ။ ထို့အတူရနောင်း မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး၊ရန်ကုန်၊ ပျဉ်းမနား၊ နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီးမှ မြန်မာအလုပ်သမားများ လည်းသိပုံမရချေ။

အအေးခန်းငါးစက်ရုံတွင် ထိုင်း လုပ်ငန်းရှင်တစ်ဦးက ထိုင်းဘာသာဖြင့် မြန်မာအလုပ်သမားများကို အော်ဟစ် ခိုင်းစေနေသည့်အချိန် မြန်မာပိုင်ကော့ သောင်းကမ်းခြေတွင် ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ဆင်ထားပြီး ရှေးမြန်မာကြီး မျက်နှာသဏ္ဌာန်ရှိသော ဘုရင့်နောင် ရုပ်တုကြီးက လက်တစ်ဖက်တွင် ဓားကို ကိုင်ထားလျက် မျက်ဝန်းများတွင်ဆီးနှင်း များဖြစ်ဖွယ်ရှိသော စိုစွတ်နေသော အ ရည်များပြည့်လျှမ်းလျက် တစ်ဖက်နိုင်ငံ သို့ မမှိတ်မသုန်စိုက်ကြည့်နေလေသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်