မြောင်းမြမြို့နယ်မှ သုံးလောင်းပြိုင်လူသတ်တရားခံတစ်လကြာသည်အထိ ဖမ်းမမိသေး

စိုင်းကို(ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာ၌ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့ သော သုံးလောင်းပြိုင်လူသတ် မှုကျူးလွန်၍ ထွက်ပြေးသွားသူ လူသတ်တရားခံအား တစ်လ ကြာသည်အထိ ဖမ်းမမိသေး ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသိရသည်။

” အခုက ဧရာဝတီတိုင်း ဒေသကြီးနဲ့ နီးစပ်ရာရန်ကုန် တိုင်း ဒေသကြီးရဲတပ်ဖွဲ့နဲ့ပါအ ကြောင်းကြား ချိတ်ဆက်ဆောင် ရွက်နေပါတယ် သူရဲ့ညီအစ်ကို မောင်နှမတွေလည်း ရှိတဲ့အတွက် တရားခံပြေးကိုလက်ခံထားရင် ပြစ်မှုမြောက်တယ်ဆိုတာနဲ့ တွေ့ ရင်တွေ့သလို နီးစပ်ရာအုပ်ချုပ် ရေးမှူး ရဲတပ်ဖွဲ့မှူးတွေဆီအ ကြောင်းကြားပေးဖို့ ဖုန်းနံပါတ် တွေပေးထားတယ်။” ဟု ဧရာဝ တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲ မှူးကြီးခင်မောင်လတ်ကပြောသည်။

မြောင်းမြမြို့နယ်၊ တောင် ကလေးကျေးရွာတွင် နေထိုင် သည့် လူသတ်မှုကျူးလွန်ခဲ့သူ သန်းဇော်မှာ မိန်းမဖြစ်သူ မတင် တင်ဆန်းနှင့် စကားများရန်ဖြစ် ရာမှလူသတ်မိခဲ့ပြီး ခြံဝန်းထဲ တွင်အတူနေထိုင်သော ယော က္ခမဖြစ်သူဒေါ်ခင်ရီနှင့် တူဖြစ် သူ မောင်လင်းလင်းထိုက်တို့ ဝင် ရောက်ဖြန်ဖြေရာ ထပ်မံဓားနှင့် ခုတ်သတ်ပြီး ဓါးဖြင့်ခုတ်ခံရသူ တစ်ဦးဖြစ်သည့် ခယ်မဖြစ်သူ မစန္ဒာဦးမှာ ဓါးဒဏ်ရာများပြင်း ထန်စွာရရှိခဲ့ကြောင်း ပြစ်မှုကျူး လွန်ပြီးတရားခံမှာ ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ခဲ့ သည်။ သုံးလောင်းပြိုင်လူသတ် တရားခံသန်းဇော်မှာ ပြင်စလူမြို့ တွင်နေထိုင်သူဖြစ်၍ နာဂစ်မုန် တိုင်းတွင် ဇနီးနှင့်သားသမီးများ သေဆုံးပြီးနောက် မြောင်းမြမြို့ နယ်တောင်ကလေးကျေးရွာမှ မတင်တင်ဆန်းနှင့် ထပ်မံအိမ် ထောင်ပြုခဲ့ပြီး လာရောက်နေ ထိုင်ရင်း ပြစ်မှုကျူလွန်ခဲ့သူဖြစ် ပြီး¤င်း၏ဓါတ်ပုံကိုလည်း လူမှု ကွန်ယက် စာမျက်နှာများတွင် ဖြန့်ဝေထားကာ တရားခံပြေး လက်ခံထားပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၆ ဖြင့် အရေး ယူမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

” သန်းဇော်က လပွတ္တာ ဘက်မှာနေရင်း အိမ်ထောင်ကျပြီး ဒီမှာလာနေတာ ရွာကလည်း မြောင်းမြမြို့နဲ့ဆို ၁ဝ မိုင်လောက် ဝေးတာရယ် သူတို့မိသားစုတွေ က ရွာနဲ့ခပ်လှမ်းလှမ်းမှာ သီး သန့်စုနေသလိုမျိုးဆိုတော့ လူ သတ်မှုဖြစ်ပြီး နည်းနည်းကြာမှ ရဲတပ်ဖွဲ့ကို အကြောင်းကြား တော့ သန်းဇော်ကထွက်ပြေး ချိန် ရသွားတာပါ” ဟုတောင် ကလေးကျေးရွာနေ ဒေသခံတစ် ဦးမှပြောသည်။သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သူသန်း ဇော်(၄၅) နှစ်အား မြောင်းမြမြို့မ ရဲစခန်းမှ (ပ)၆၂၇/၂ဝ၁၇ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ ၃၂၆ တို့ဖြင့် အမှုဖွင့်ကာအမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေ ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်