ရှမ်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအား ပိတ်ပင်တားမြစ်မှုများကြောင့် ယာယီရွှေ့ဆိုင်း

ပိုင်သက်

တောင်ကြီးမြို့တွင် ရှမ်းလူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)ကျင်းပခြင်းကို တပ်မတော်မှတား မြစ်ပိတ်ပင်သောကြောင့် လင်း ခေးမြို့တွင် ကျင်းပမည့်ရှမ်းလူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို သတ် မှတ်ထားသည့် ၂ဝ၁၈ ခုနှစ်၊ ဇန် နဝါရီ ၁၂ ရက်မှ ၁၄ ရက်ထိကျင်းပ မည်ကို ယာယီရွှေ့ဆိုင်းထား ကြောင်း RCSS/SSA ၏ ဇန်နဝါ ရီ ၈ ရက် ထုတ်ပြန်ကြေညာချက် အရ သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာ ချုပ် ဃြဗ ပါ နိုင်ငံရေးလမ်းပြမြေ ပုံအဆင့် ၃ အရဖြစ်စေ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဖြစ်စေ၊ (၆)ကြိမ်မြောက်တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးJICM ၏ဆုံးဖြတ် ချက်အရဖြစ်စေ၊ ရှမ်းလူမျိုးအ လိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်လင်းခေး ခရိုင်လင်းခေးမြို့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA မှ ဦးဆောင်ကျင်းပသွားရန် စီစဉ်ခဲ့သည်။

လူမျိုးအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမျာ း လုပ်ငန်းစဉ်အရ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ (အကြို)သို့မဟုတ် လူထုတွေ့ဆုံ ပွဲ Public Consultation များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ရှမ်းလူမျိုး များနေထိုင်ရာဒေသများတွင် ကျင်းပရမည်ဖြစ်သောကြောင့် လူထုတွေ့ဆုံပွဲများကို ရှမ်းပြည် အတွင်း၌သော်လည်းကောင်း၊ ရှမ်းလူမျိုးများရှိရာ ရှမ်းပြည်ပြင်ပ မြို့များတွင်လည်းကောင်းအစိုးရ ၏ သဘောတူညီချက်နှင့် ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်ပါအချက်တို့ဖြင့် ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ရှမ်းပြည်အတွင်းရှိ ၅၅ မြို့ နယ်အနက် မြို့နယ်ပေါင်း ၁၄ မြို့ နယ်တွင် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ(အကြို) လူထု တွေ့ဆုံပွဲများကို ၂ဝ၁၇ ခုနှစ်၊ ဒီ ဇင်ဘာ ၁၇-၂၅ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အများ စုတွင် တပ်မတော်၏ နည်းမျိုးစုံ ဖြင့် ကန့်သတ်တားမြစ်ခြင်းကိုခံ ခဲ့ရပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် တပ်မတော်မှလူထုတွေ့ ဆုံပွဲများ လုံးဝမပြုလုပ်ရန်စာဖြင့် အကြောင်းကြား ပိတ်ပင်တားဆီး ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်တွင်းအမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်ပြုသည့် ညွှန်ကြား ချက်ကို ရှမ်းပြည်နယ်အစိုးရအ ဖွဲ့မှ ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ကျန်ရှိသည့် အခြားမြို့များတွင် ကျင်းပမည့် လူထုတွေ့ဆုံဆွေး နွေးပွဲများအား ရပ်ဆိုင်းခဲ့ရ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

လူထုတွေ့ဆုံပွဲမှရရှိလာ သော ရှမ်းလူထုသဘောထား အမြင်များကို စုစည်း၍ ၂ဝ၁၈ ခု နှစ် ဇန်နဝါရီ ၇၊ ၈၊ ၉ ရက်များ တွင် တောင်ကြီးမြို့၌ ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ(အကြို) နောက် ဆုံးပွဲကျင်းပကာ ရရှိလာသော ရှမ်းလူထုသဘောထားစာတမ်း မူကြမ်းများအား အတည်ပြုစာ တမ်းမူကြမ်းများဖြစ်အောင် ဆောင်ရွက်ရန်နှင့် ထိုမှတစ်ဆင့် တရားဝင်အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကို လင်းခေးမြို့တို့ သတ်မှတ်ထားသည့် နေ့ရက်အ တိုင်း ဆက်လက်ကျင်းပသွားရန် စီစဉ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ရှမ်းလူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို) နောက်ဆုံးပွဲအား ကျင်းပနိုင်ရေး အတွက် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် ြၽဃှ။ှဗ ဥက္ကဋ္ဌမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံသို့ စာရေးသားပေးပို့၍ ညှိနှိုင်းခဲ့သည့်အပြင် RCSS/SSA အတွင်းရေးမှူး(၃) ဗိုလ်ချုပ် ကြီး စိုင်းငင်းကိုလည်း ရန်ကုန် နှင့်နေပြည်တော်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တွင်သွား ရောက် တွေ့ဆုံဆွေးနွေးညှိနှိုင်း စေခဲ့သော်လည်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံမှ မည်သည့်တရားဝင်အကြောင်း ပြန်ကြားချက်ကိုမှ လက်ခံရရှိခဲ့ ခြင်းမရှိကြောင်း သိရှိရသည်။

ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေရာကို အစိုးရတပ် မတော်တို့နှင့် အကြိမ်ပေါင်းများ စွာ ညှိနှိုင်းရာ၌ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုးနှင့်အခြားနေရာ များတွင် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ(အကြို)နှင့် လူထု တွေ့ဆုံပွဲများ ကျင်းပနိုင်သည်ဟု အစိုးရမှသဘောတူခဲ့၍သာ RCSS/SSA အနေဖြင့် ရှမ်းပြည် တောင်ပိုင်း လင်းလေးခရိုင် လင်းခေးမြို့၌ ရှမ်းလူမျိုးအလိုက်အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်လက်ခံခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်