၂ဝ၁၇ လူကုန်ကူးခံရမှုအတွင်း အသက် ၁၈ နှစ်အောက် ၅၅ ဦးပါဝင်ပြီး မိန်းကလေး ငယ် ၄၄ ဦးဖြင့် စံချိန်တင်

ဇင်နိုင်

၂ဝ၁၇ ခုနှစ်အတွင်း လူ ကုန်ကူးခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၅၅ ဦးပါ ဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလူကုန် ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (နေပြည်တော်)မှ သိရသည်။

” ပြီးခဲ့တဲ့နှစ် ၂ဝ၁၇ မှာ လူ ကုန်ကူးမှုက ၂၁၈ မှုရှိပြီးတော့ လူကုန်ကူးခံရသူက ၃၅၂ ဦးရှိ တယ်။ အဲဒီထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် ၅၅ ဦး ပါတယ်ဒဒဟု ¤င်းတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါလူငယ် ၅၅ ဦး၌ အ မျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးတို့ဖြစ်ကြောင်း ၂ဝ၁၇ ခု နှစ်အတွင်း ဖော်ထုတ်ရရှိခဲ့သည့် လူကုန်ကူးမှု ၂၁၈ မှုတွင်တရားခံ ၆၂၇ ဦး၌ အမျိုးသား ၂၁၂ ဦး၊ အမျိုးသမီး ၄၁၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှုတွင် အမျိုးသ မီးများအား တရုတ်နိုင်ငံသားများ ဖြင့် လက်ထပ်စေခြင်း၊ အမျိုး သားများအား ထိုင်းနိုင်ငံတွင်အ လုပ်ခိုင်းခြင်းတို့ဖြစ်ကြောင်း၊ လူ ကုန်ကူးမှုဦးတည်သော နိုင်ငံများ မှာ တရုတ်နိုင်ငံမှအများဆုံးဖြစ် ပြီး ရာခိုင်နှုန်းအားဖြင့် တရုတ် နိုင်ငံသည် ၇၂ ရာခိုင်နှုန်း၊ ထိုင်း မှ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် ၂၂ ရာခိုင်နှုန်းရှိကြောင်း ¤င်းမှ ပြောသည်။

အဆိုပါလူကုန်ကူးခံရသူ များသည် တစ်ဖက်နိုင်ငံသို့ ရောက်ရှိကြမှသာ မိမိကိုယ်တိုင် လူကုန်ကူးခံရမှန်းသိကြသဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက သေချာစဉ်စားဆုံးဖြတ်သင့် ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက သုံးသပ်ပြော ကြားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်