ပုသိမ်အသေးစားစက်မှုလက်မှုကုန်စည်ပြပွဲကျင်းပမည်

စိုင်းကို(ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး၊ ပု သိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ တိုင်းဒေသကြီး အသေးစားစက် မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး တွင် ပထမဆုံးအကြိမ်အသေး စားစက်မှုလက်မှုထုတ်ကုန် ကုန် စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရန် ဇန်နဝါရီ ၅ ရက် နံ နက်ပိုင်းက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။ အသေးစားစက် မှုလက်မှုထုတ်ကုန် ကုန်စည်ပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၄ ရက်အထိ ပုသိမ်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပသွားမည်ဖြစ် ပြီး ဆိုင်ခန်း ၁ဝဝ စီစဉ်ထားရှိ၍ လာရောက်ကြည့်ရှုသူများအား လုပ်ငန်းရှင်များမှ မိမိတို့ထုတ် ကုန်ပစ္စည်းများကို ရောင်းချနိုင် မည်ဖြစ်ကြောင်း သိရသည်။

” ကုန်စည်ပြပွဲနဲ့ ဈေးရောင်း ပွဲကို ပထမဆုံးအကြိမ်ဧရာဝတီ တိုင်းဒေသကြီးမှာ လုပ်တာပါ။ လာရောက်ပြသရောင်းချမယ့် လုပ်ငန်းရှင်တွေအတွက် ဆိုင် ခန်းတစ်ခန်းကို ကျပ်ငါးသောင်း နှုန်းနဲ့ ငှားရမ်းမှာပါ။ လိုင်စင်မ တင်ထားတဲ့ လုပ်ငန်းရှင်တွေ လည်း လာရောက်ပြီး မိမိတို့၏ ထုတ်ကုန်ပစ္စည်းတွေကို ပြသ နိုင်ပါတယ်ဒဒဟု စက်မှုလုပ်ငန်း ဒုညွှန်မှူးဦးစိုးနိုင်ထူးက ပြော သည်။ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းရှင် များအား အသေးစားစက်မှုလက် မှုလုပ်ငန်းများ ထွက်ပေါ်လာစေ ရန် ရည်ရွယ်၍ နည်းပညာသင် တန်းများပေးခြင်း၊ ထွက်ပေါ်လာ သည့်လုပ်ငန်းများအား မှတ်ပုံ တင်ပေးခြင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် နည်းပညာလို အပ်ချက်များ ပံ့ပိုးပေးနိုင်ရေး အဓိကထားလုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။

” တန်ဖိုးသင့်စားသောက် ကုန်ထုတ်လုပ်မှုသင်တန်းနဲ့ အခြားသောသင်တန်းတွေကို ၂ဝ၁၆-၁၇ ခုနှစ်အတွင် သင် တန်း ၂ဝ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်ငန်းရှင်များသည် သင်တန်း လာတက်ကြောင်းဒဒဧရာဝတီ တိုင်းဒေသကြီး အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ ဒု တိယညွှန်ကြားရေးမှူး ဦးစိုးနိုင် ထူးမှ ယူနတီသို့ပြောသည်။ အသေးစားစက်မှုလက်မှုထုတ် ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတွင် မှတ်ပုံတင်ထားသည့်ထုတ် လုပ်မှုလုပ်ငန်းမှ ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်း၊ ရက်ကန်းထည် ပစ္စည်းများ၊ ပန်းဆယ်မျိုးအပါအ ဝင် ရိုးရာလက်မှုထည်ပစ္စည်းများ သွင်းကုန်အစားထိုး စက်မှုဇုန် များရှိလုပ်ငန်းများမှ ထုတ်ကုန် ပစ္စည်းများ၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနေ သော ပစ္စည်းများ၊ စက်မှုပညာ ပေးပြခန်းများ၊ သမဝါယမအသင်း ၏ ထုတ်ကုန်ပစ္စည်းများ၊ တိုင်း နှင့်ပြည်နယ်များမှ ထုတ်ကုန် ပစ္စည်းများ၊ ဒေသထွက်ပစ္စည်း များ ခင်းကျင်းပြသမည်ဖြစ် ကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်