မြန်မာနိုင်ငံသတင်းမီဒီယာသမားများကာကွယ်မှုပိုမိုရရှိရေး အမေရိကန်သံအမတ် Mr. Scot Marciel အကြံပေး

မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများကာကွယ်မှုပိုမိုရရှိရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် Mr. Scot Marciel အကြံပြုချက်များပေးခဲ့ပါတယ်။ သူသည် မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute) သို့လာရောက်စဉ် ကျောင်းသူကျောင်းသားများနှင့် မီဒီယာများသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် အကြံပြုခဲ့သည်မှာ ပထမအချက်သည် မီဒီယာသမားများလက်ရှိလုပ်နေသည့်အလုပ်ဖြစ်သည်။ ပိုမိုလွတ်လပ်သောမီဒီယာအခန်းကဏ္ဍရောက်ရှိလာဖို့အတွက်မိမိလုပ်ဆောင်ချက်တွေကို အရည်အသွေးတိုးမြှင်နိုင်အောင်ကြိုးစားရန်ဖြစ်သည်။ ဒုတိယအချက်မှာ မီဒီယာသမားများနားလည်သဘောပေါက်သည့် သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာမည်သည်ဖြစ်ကြောင်း ရွေးကောက်တင်မြောက်လိုက်သည့်အစိုးရသိရှိစေရန် ကြိုးစားအားထုတ်ရန်ဖြစ်သည်။ ဆက်လက်၍ မီဒီယာသမားများလွတ်လပ်စွာသတင်းယူခွင့်အပေါ်အဟန့်အတားဖြစ်စေသည့် ဥပဒေများပြင်ဆင်ပေးရန် ဆောင်ရွက်ခြင်းနှင့် သတင်းမီဒီယာသမားများအပေါ်ဥပေဒအကြောင်းအရအကာကွယ်ပေးသည့် တိကျသောဥပဒေများပေါ်ထွက်လာရန်တောင်းဆိုကြခြင်း စသည်တို့ကိုအကြံပေးခဲ့သည်။

အမေရိကန်နိုင်ငံပြည်ထောင်စုတွင် တစ်ခြားနိုင်ငံများနည်းတူ နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေရှိသည်။ သို့သော်ငြာလည်း နိုင်ငံတော်လျှို့ဝှက်ချက်များပေါက်ကြားမှုဖြစ်ရပ်တို့တွင် သတင်းမီဒီယာသမားများအားတရားစွဲထောင်ချခြင်းမရှိဘဲ လျှို့ဝှက်ချက်များသတင်းပေးသည့်နိုင်ငံတော်ဝန်ထမ်းများကိုသာ ပြစ်ဒဏ်ချမှတ်သည့် သာဓကများစွာရှိသည်။ ဥပမာ အမေရိကန်-ဗီယက်နာမ်စစ်ပွဲအတွင်း စစ်ပွဲနှင့်ပတ်သတ်၍ အမေရိကန်စစ်တပ်ရဲ့ထိပ်တန်းလ်ျှိဳ႕ချက်များ မီဒီယာထံပေါက်ကြားသွားတာရှိခဲ့ဖူးသည်။ ထိုအချိန်တွင် အမေရိကန်အစိုးရမှ သတင်းမဖော်ပြရေးအတွက် ရရှိတဲ့မီဒီယာအားတရားစွဲဆိုခဲ့သည်။ ၎င်းအမှုသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်အထိရောက်သွားခဲ့ပြီး ဆုံးဖြတ်ချက်အနေနဲ့ အစိုးရမှသတင်းဖော်ပြပိုင်ခွင့်ကိုတားဆီးခွင့်မရှိကြောင်း ချမှတ်ခဲ့သည်။ တရားရုံး၏အမြင်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူများသတင်းမှန်သိပိုင်ခွင့်သည် အစိုးရပုံရိပ်ကိုထိန်းသိမ်းခြင်းထက် ပိုမိုအရေးကြီးသောကြောင့်ဖြစ်သည်။

ထိုသာဓကနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသများအပေါ်ကာကွယ်မှုပေးသည့်ဥပဒေများထွက်ပေါ် လာစေရန် Mr. Scort Marciel သည်အကြံပြုချက်များပေးခဲ့ခြင်းဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်