ပုသိမ်မြို့၌ ပထမဆုံးအကြိမ် ဆိုင်ကယ်စတန့်ပြပွဲ ကျင်းပပြုလုပ်

စိုင်းကို(ပုသိမ်)
ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပထမဆုံးအကြိမ် ဆိုင်ကယ် စတန့်ပြပွဲကို ဇန်နဝါရီလ ၃ ရက် ယနေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ ရေပေါ်ဈေးရှေ့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စတန့်ပြပွဲအား Bajaj (ဘာဂျား)ဆိုင်ကယ် အရောင်း မန်နေဂျာ ကိုခင်လှိုင်၏ စီစဉ်မှုဖြင့် မန္တလေးမြို့မှ နာမည်ကျော် (3Men freestyle stunters) အဖွဲ့မှ အိန္ဒိယနိုင်ငံထုတ် ကမ္ဘာ့အဆင့်နံပါတ် (၃) Bajaj (ဘာဂျား) ဆိုင်ကယ်များစီး၍ စတန့်ပြကွက်မျိုးစုံဖြင့် တင်ဆက်ဖျော်ဖြေခဲ့ ခြင်းဖြစ်သည်။

ဆိုင်ကယ်များ၏စတန့်အလှပြခဲ့သော(3Men freestyle stunters) အဖွဲ့၏ ခေါင်းဆောင် ကိုအာကာမှ “၂၀၁၄ ခုနှစ် လောက်ထဲက မန္တလေးစွယ်တော်ကားဝန်းထဲမှာ စတင် လေ့ကျင့်ခဲ့တာပါ၊ အခက်အခဲတွေက အများကြီးပဲ၊ ဒဏ်ရာ တွေလဲ ရခဲ့ပါတယ်၊ ဆိုင်ကယ်စတန့်စီးမယ့်သူတွေကို အကြံပေးချင်တာ ကတော့ ဦးထုပ်ဆောင်းကြပါ အကာ အကွယ်ဝတ်ကြပါ” ဟု ဖြေကြားခဲ့သည်။

အထက်မြန်မာပြည်မှာ တော်တော်များများ မြို့များတွင် ဆိုင်ကယ် စတန့်ပြပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အခြားမြို့များတွင် ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

Bajaj (ဘာဂျား)ဆိုင်ကယ်အရောင်း မန်နေဂျာ ကိုခင်လှိုင်မှ ” ကျွန်တော်တို့ ဆိုင်ကယ်စတန့်ပွဲတွေကို အထက်မြန်မာပြည်မှာ တော်တော်များများပြုလုပ်ပြီးခဲ့ပါပြီ၊ ဒီနေ့ပုသိမ်ပြီးရင် ( မြောင်းမြ၊ ဟသာၤတ၊ ဇလွန်) မြို့များတွင် ကျင်းပဖို့ လောလောဆယ်စီစဉ် ထားပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကယ်စတန့်ပွဲ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး ပုသိမ်မြို့မှ ဆိုင်ကယ်စတန့်စီးဝါသနာပါသူများ၊ ပွဲလာရောက်ကြည့်ရှု့သူ များပြားခဲ့ပြီး ထိခိုက်မှု မရှိဘဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်