အိုလံပစ်တွင် မြောက်ကိုရီးယားပါဝင်ရေး တောင်ကိုရီးယား ကနောက်ဆုံးအချိန်အထိ ဆွဲဆောင်မည်

တောင်ကိုရီးယားနိုင်ငံ ဖြောင်းချန်းဒေသတွင် ကျင်း ပမည့် ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ရန် မြောက်ကိုရီးယားအား နောက် ဆုံးအချိန်အထိ ဆက်လက်စည်း ရုံးဆွဲဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ မွန် ဂျယ်အင်းက ပြောကြားသည်။

အတိတ်မှ အတွေ့အကြုံ ကိုထောက်ရှုလျှင် အိုလံပစ်ပြိုင်ပွဲ ၌ ပါဝင်မည်၊ မပါဝင်မည်ကို မြောက်ကိုရီးယားက နောက်ဆုံး မိနစ်ကျမှ ပြောလာနိုင်သည်ဟု ယူဆရသောကြောင့် ပွဲတော်တွင် မြောက်ကိုရီးယားပါဝင်လာရန် မိ မိတို့အစိုးရက စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်ဟု မွန်ဂျယ် အင်းက ဆိုသည်။

အိုလံပစ်တွင် မြောက်ကိုရီး ယား ပါဝင်လာစေရေးအတွက် နောက်ဆုံးအချိန်အထိ လက် လျှော့မည်မဟုတ်ဘဲ ဖြောင်း ချန်းသို့ မြောက်ကိုရီးယား လာ ရောက်ရေး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ တစ်ဆင့် ဆက်လက်တိုက်တွန်းအားပေး သွားမည် ဖြစ်ကြောင်း သမ္မတက ပြောသည်ဟု တောင်ကိုရီးယား သတင်းအေဂျင်စီ့သည့စေ တွင် ဖော်ပြသည်။

၂ဝ၁၈ ဆောင်းရာသီအိုလံ ပစ်ပွဲတော်ကို ဖေဖေါ်ဝါရီ ၉ ရက် မှ ဖေဖေါ်ဝါရီ ၂၅ ရက်အထိကျင်း ပမည်ဖြစ်သည်။ ယင်းနောက် ၂ဝ၂ဝ နွေရာသီအိုလံပစ်ပြိုင်ပွဲ ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့က လက်ခံကျင်းပမည်ဖြစ်ပြီး ၂ဝ၂၂ ဆောင်းရာ သီအိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သော ၂ဝ၁၄ ဆောင်း ရာသီ အိုလံပစ်ကို ရုရှားနိုင်ငံ ဆိုချီကမ်းခြေမြို့တွင် ကျင်းပခဲ့ ပြီး ရုရှားအားကစားသမားများ တားမြစ်ဆေးသုံးစွဲမှုအရှုပ်တော် ပုံကြောင့် ရုပ်ပျက်ခဲ့ရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်