မောင်တော၌ အခြေခံပညာကျောင်း ၈၂ ကျောင်းကို ဖွင့်လှစ်မည်မဟုတ်

ဇင်နိုင်
ယခုနှစ် ပညာသင်နှစ်၌ ရ ခိုင်ပြည်နယ်၊ မောင်တောရှိ အ ခြေခံပညာကျောင်း ၈၂ကျောင်း ကို ဖွင့်လှစ်တော့မည် မဟုတ် ကြောင်း မောင်တောပညာရေး မှူးရုံးမှ သိရသည်။

” ဒီနှစ် ပညာသင်စနစ်ထဲ မှာ မောင်တောဒေသထဲက အခြေ ခံပညာကျောင်း ၈၂ ကျောင်းကို မဖွင့်လှစ်တော့ဘူးဆိုတာက ကျောင်းနေရာပတ်ဝန်းကျင်မှာ နေတဲ့သူမရှိတော့သလို ကျောင်း တက်မယ့်သူလည်း မရှိတော့ဘူး။ အဲဒါကြောင့် ပိတ်လိုက်တာဖြစ် ပါတယ်” ဟု မောင်တော ပညာ ရေးမှူးရုံးမှ ဆရာတစ်ဦးက ပြော သည်။

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၌ အကြမ်းဖက်မှုများ ဖြစ် ပွားပြီးနောက်ပိုင်း အခြေခံပညာ ကျောင်း ၁၈ဝ ကျော်ကိုပိတ်ထား ခံရကာ အကြမ်းဖက်တိုက်ခိုက်မှု တည်ငြိမ်ပြီးနောက်ပိုင်း အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့် လှစ်ခဲ့ရာ ယနေ့အချိန်အထိ ကျောင်းပေါင်း ၉ဝကျော်ဖွင့်လှစ် ပြီး ၁ဝ၁ ကျောင်းအထိ ဖွင့်လှစ် ရန် လျာထားသော်လည်း လက် ရှိ ပညာသင်နှစ်ကုန်အထိ အခြေ ခံပညာကျောင်း ၉၈ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

” အခြေခံပညာကျောင်း ၈၂ ကျောင်းပိတ်တာက ဒီနှစ် ပ ညာသင်နှစ်ပါ။ အပြီးပိတ်တာ မ ဟုတ်ပါဘူး” ဟု မောင်တော လွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်ဝင်းက ပြောသည်။

မောင်တောမြို့နယ်ရှိ အခြေ ခံပညာကျောင်း ၁၈ဝကျော်၌ ဆ ရာ၊ ဆရာမစုစုပေါင်း ၁၂ဝဝ ကျော်တာဝန်ထမ်းဆောင်လျက် ရှိပြီး ယခုပညာသင်နှစ်ကုန်သည် အထိ ပိတ်ထားရသောအခြေခံ ပညာကျောင်းများမှ ဆရာ၊ဆရာ မများအား ပြန်လည်ဖွင့်ထား သောကျောင်းများ၌ တွဲဖက်တာ ဝန်များပေးအပ်ထားကြောင်း သိ ရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်