၂ဝ၁၈ ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း အတွက်လွယ်ကူမှုအစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ရောက်ရှိ

ပိုင်သက်

ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့ သည့် စီးပွားရေးလုပ်ကိုင်ခြင်း အတွက် လွယ်ကူမှု Ease of Doing Business ၂ဝ၁၈ ခုနှစ် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၁ သို့ ရောက်နေ ကြောင်း ဒုသမ္မတဦးမြင့်ဆွေက ဇန်နဝါရီ ၁၇ ရက်က ပြောကြားခဲ့ သည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ ဆဋ္ဌမအ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို အစည်း အဝေးခန်းမ၌ ကျင်းပရာပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေအမှာစကား၌ ပြော ကြားခဲ့ခြင်းဖြစ်သည်။

” စီးပွားရေးလုပ်ငန်း လုပ် ကိုင်ခြင်းအတွက် လွယ်ကူမှု အမည်နဲ့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ ဘဏ်နှင့် စတင်ချိတ်ဆက်ဆောင် ရွက်ခဲ့ရာ အဆင့် ၁၈၂ ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဘဏ်မှထုတ် ပြန်ခဲ့သည့် Ease of Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ကို ရောက်ရှိနေသည်ကို တွေ့ မြင်ကြရမှာဖြစ်ပါတယ်။ Ease of Doing Business အဆင့် တိုးတက်လာစေရန်အတွက် တိုး တက်ရေးလုပ်ငန်းအဖွဲ့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဖွဲ့ စည်းဆောင်ရွက်ခဲ့ပါတယ်” ဟု ဒုသမ္မတဦးမြင့်ဆွေက ပြောကြား ခဲ့သည်။

ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းစဉ်များနှင့် လစဉ်ပုံမှန်ဆွေး နွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလမှစတင်၍ တွေ့ဆုံဆွေး နွေးခဲ့ရာ ၁၃ ကြိမ်မြောက်အထိ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲ များမှ စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲတင်ပြချက်ပေါင်း ၂ဝ၉ ချက်ရှိပြီး ယင်းတင်ပြချက် များကိုလည်း သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် လုပ်ငန်းကော်မတီ ၅ ရပ်သို့ ပေးပို့ခဲ့ပြီး ပြန်ကြား ချက် ၂ ဒသမ ၉ ချက် ရရှိခဲ့ ကြောင်း သိရှိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်