၁၉၉၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် အလယ်တန်းပြဆရာကြီး ဦးဗိုလ်ထွေး၏ နိုင်ငံရေးဖြတ်သန်းမှုဘဝ

အသက် ၉၃ အရွယ်ရှိပြီဖြစ်သော ၁၉၉၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် အလယ်တန်းပြဆရာကြီး ဦးဗိုလ်ထွေး၏ နိုင်ငံရေးဖြတ်သန်းမှုဘဝ

မြန်မာနိုင်ငံလွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကဗျာကိုသာစိတ်အားထက်သန်ခဲ့ပြီး နိုင်ငံရေးကိုစိတ်မဝင်စားသော်လည်း အများပြည်သူရဲ့ဆန္ဒကြောင့် ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အလယ်တန်းပြဆရာကြီးတစ်ဦးရှိပါသည်။ သူ့အမည်မှာ ဦးဗိုလ်ထွေးဖြစ်ပါတယ်။ အသက် ၉၃ အရွယ်ရှိပြီဖြစ်သော အလယ်တန်းပြဆရာကြီးဦးဗိုလ်ထွေးသည် အမှန်တရားအတွက် အရှုံးမပေး၊ ခေါင်းမငုံဘဲ ရင်ဆိုင်ခဲ့သည့်အတွက် စစ်အာဏာရှင်လက်ထက်မှာ မတရားထောင်ချခံခဲ့ရပြီး မိသားစုဝင် သားသမီးတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ချိုးနှိမ်ခံခဲ့ရပါတယ်။ အဘရဲ့နိုင်ငံရေးဖြတ်သန်းမှု၊ စိတ်ဓါတ်တို့ကို နောင်လာနောင်သားများအနေနဲ့ သိရှိအတုယူနိုင်စေရန် ယူနတီရုပ်သံက အဘနှင့်တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။

 


0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်