ရွှေပေါက်ကံ - ဒဂုံဧရာအဝေးပြေး ပြေးဆွဲသည့် ဝိုင်ဘီအက်စ် ၁၆ ယာဉ်လိုင်း တိုင်ကြားမှု အများဆုံးဖြင့် ဗိုလ်စွဲနေ

ပုလဲ
Yangon Bus Report (YBR) မှ ထုတ်ပြန်သည့် စာရင်းတွင် YBS ယာဉ်လိုင်းအမှတ် ၁၆ အား တိုင်ကြားမှုအများဆုံးဖြစ်ပြီး YBS ၂၁ မှာ ဒုတိယ လိုက်နေကြောင်း သိရသည်။

အဆိုပါ YBS ယာဉ်လိုင်းအမှတ် ၁၆ မှာ ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှဖြစ်ပြီး တိုင်ကြားမှုများထဲတွင် အရှိန်မြှင့်မောင်းနှင်ခြင်း ၊ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်း၊ ယာဉ်စီးခပိုမိုကောက်ခံခြင်း၊မချေမငံဆက်ဆံခြင်း ၊ခရီးစဉ်အစအဆုံးမပြေးစွဲခြင်းနှင့် ကားဆက်ပြတ်လွန်းခြင်းစသည့်အချက်များပါဝင်ကာ တိုင်ကြားမှု ၄၀ ရှိကြောင်း ထိုသို့ တိုင်ကြားမှုများစွာရှိသော်လည်း အရေးယူတုံ့ပြန် ဆောင်ရွက်မှု လုံးဝမရှိကြောင်း YBR တွင်ဖော်ပြထားသည်။

ထို့ပြင် YBS ယာဉ်လိုင်းအမှတ်၂၁ မှာလည်း Power Eleven Public Co.,Ltd နှင့် ခေတ်သစ်ဘုရင့်နောင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှာ ဖြစ်ပြီးတိုင်ကြားမှုများထဲတွင် အရှိန်မြှင့်မောင်းနှင်ခြင်း၊ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်း ၊မချေမငံဆက်ဆံခြင်း၊ ခရီးစဉ်အစအဆုံးမပြေးဆွဲခြင်း၊ သတ်မှတိချိန်ထိမပြေးဆွဲခြင်း၊ကားဆက်ပြတ်လွန်းခြင်း၊သတ်မှတ်မှတ်တိုင်မရပ်ခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်းစသည့်အချက်များ ပါဝင်ကာတိုင်ကြားမှု ၃၆မှုရှိကြောင်း အဆိုပါတိုင်ကြားမှုများအနက် အရေးယူတုံ့ပြန်သည့် ပြန်ကြားမှုပေါင်း ၁၁ ခု ရှိကြောင်းသိရသည်။

“ YBS ၂၁ မှာက ခရီးစဉ်တစ်ခုကို ကုမ္ပဏီနှစ်ခုကပြေးဆွဲနေတယ်။ ခေတ်သစ်ဘုရင့်နောင်နဲ့ Power Eleven ယာဉ်လိုင်းနံပါတ်ကလည်းသွားတူနေတယ်။တူနေတဲ့အခါကျတော့ အဖွဲ့အစည်းတစ်ခုကတော့ဝန်ဆောင်မှုပေးနိုင်တယ်။တစ်ခုကတော့မပေးနိုင်ဘူး။အမြဲတမ်းပြဿနာဖြစ်နေတယ်၊ ပြဿနာဖြစ်လို့တိုင်ကြားစာ ကြည့်ပြီးဆိုရင်လည်း ခေတ်သစ်ဘုရင့်နောင်က ကားတွေများတယ်။ များတော့အဲ့ဒီအပေါ်မှာလည်း ကျွန်တော်တို့မှာ Image က တော်တော်ထိတာ။ ဝန်ကြီးဆီကိုစာတင်ထားတယ်။ကျွန်တော်တို့ကိုအခြားသင့်တော်တဲ့ နံပါတ်တစ်ခုပြောင်းပေးဖို့စာတင်ထားတယ်” ဟု Power Eleven ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးကပြောသည်။

ထိုသို့ယာဉ်လိုင်းအမှတ်တစ်ခုတည်းကို Operator နှစ်ခုကိုင်တွယ်သည့်အခါ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းများ ထိရောက်စွာ အရေးယူဆောင်ရွက်တုံ့ပြန်နိုင်ရန်အခက်ခဲများစွာဖြစ်ပေါ်နေကြောင်း YBR မှထုပ်ပြန်ထားသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနေသည့် Bus Operator ပေါင်း ၂၂ ခုရှိပြီး ယာဉ်အစီးရေ ငါးထောင်ကျော်မှတ်ပုံတင်ထားကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်