"စု"အသက်မွေးဝမ်းကျောင်း သိပ္ပံအား သင်တန်းသုံးခုဖြင့် စတင်ဖွင့်လှစ်လက်ခံ

မည်သူမဆို အခမဲ့တက်ရောက်နိုင်သည့် ‘စု’အသက်မွေးဝမ်းကျောင်းသိပ္ပံ စတင်ဖွင့်လှစ်သည့်နေ့တွင် သင်တန်းသုံးခုဖြင့် စတင်ခုတ်မောင်းလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ် NLD ဗဟိုပညာရေးကွန်ရက်၏ ဦးဆောင်မှုဖြင့် ပထမဆုံးဖွင့်လှစ်သော ‘စု’အသက်မွေးဝမ်းကျောင်းသိပ္ပံကို ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၇) ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းတွင် ဖွင့်လှစ်ခဲ့သည်။

“ အခု ‘စု’ အသက်မွေးဝမ်းကျောင်းသိပ္ပံက ဗဟိုပညာရေးကွန်ရက်ကနေပြီး ပထမဆုံးအကြိမ်ဖွင့်တာပါ။ ဖွင့်တဲ့နေ့မှာလည်း အခမဲ့သင်တန်းသုံးခုနဲ့ စတင်ပြီး ဖွင့်လှစ်တာပါ။ အခြားနာမည်တွေနဲ့ဖွင့်တဲ့ အခမဲ့ပညာရေးကျောင်းတွေတော့ရှိပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ တ်ိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

အဆိုပါ အသက်မွေးဝမ်းကြောင်းသိပ္ပံတွင် ပထမဆုံးဖွင့်လှစ်သည့်နေ့၌ အင်္ဂလိပ်ဘာသာစကားသင်တန်း၊ ဂျပန်ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်းများဖြစ်ပြီး နောက်ပိုင်းတွင် အခြားအသက်မွေးဝမ်းကျောင်းပညာများ အခမဲ့သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘စု’အသက်မွေးဝမ်းကျောင်း သိပ္ပံမြေနေရာကို (ဦးအောင်သိန်း)၊ ဒေါ်လဲ့လဲ့ မိသားစုမှ လှူဒါန်းပြီး ဂျပန်နိုင်ငံ Tokai ကုမ္ပဏီ၏ ငွေကြေးလှူဒါန်းမှုဖြင့် ကျောင်းအဆောက် အအုံ ကို ၂၀၁၇တွင် စတင်ဆောက်လုပ်ခဲ့သည်။

ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်