စီးတီးတက္ကစီမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် ခရိုင်ပြောင်းရွှေ့ သည့်ယာဉ်ပေါင်း အစီးရေငါးသောင်းကျော် ဆောင်ရွက်ပြီးစီး

လက်ရှိအချိန်ထိ စီးတီးတက္ကစီးမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် ခရိုင်ပြောင်းရွှေ့သည့် ယာဉ်အစီးရေပေါင်း ငါးသောင်းကျော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်မှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ကနေ ၂၀၁၈ ဇန်နဝါရီ ၂၇ ရက်အထိ ယာဉ်အသစ်မှတ်ပုံတင်တာ၊ ခရိုင်ပြောင်းတာ၊သက်တမ်းတိုးတာအားလုံးပေါင်းရင် ငါးသောင်းကျော်ကျွန်တော်တို့ဆီမှာ လာပြီးဆောင်ရွက်ကြတယ်။ အဲ့ဒီကားတွေက အားလုံးဒီမှာလာပြီးတော့စာရွက်စာတမ်းတွေဖြည့်သွင်းတယ်။ဆေးရေးတဲ့ကိစ္စကတော့ ဆက်လက်ဆောင်ရွက်ဆဲပေါ့” ဟု YRTA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်လိုင်စင်ဖြင့် တက္ကစီပြေးဆွဲခွင့်ရရှိထားသော အဌားယာဉ်းများအနေဖြင့် စီးတီးတက္ကစီ အဖြစ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း YRTA မှ အသိပေးကြေညာထားသော်လည်းလုပ်ငန်းမပြီးပြတ်သေးသဖြင့် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်ထိ လက်ခံဆောင်ရွက်ပေးနေကြောင်းသိရသည်။

“ တစ်လတိုးလိုက်တယ်ဆိုတာက ဥပမာပေါ့ တချို့ကလည်း ကားတွေနဲ့ပတ်သက်ပြီးတော့ စာရွက်စာတမ်းမပြည့်စုံတဲ့ကားတွေ၊ တခြားပေါ့ ကျန်းမာရေးကြောင့် အချိန်မီမလာနိုင်တဲ့ အတွက် အခက်အခဲဖြစ်တဲ့ကားတွေ အကြောင်းအမျိုးမျိုးနဲ့ တင်ပြလာတဲ့ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတွေရဲ့တင်ပြချက်အရ ကျွန်တော်တို့က စိစစ်ပြီးတော့မှ အဲ့ဒီဟာကို လျှော့ပေးတဲ့အနေနဲ့ ဇန်နဝါရီ ၃၁ ရက်အထိအချိန်ကာလတိုးပေးပြီး ဆောင်ရွက်ပေးခဲ့တာ” ဟု YRTA မှတာဝန်ရှိသူတစ်ဥိးက ပြောသည်။

ပုလဲ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်