Nissan Leaf ကားများ ဈေးကွက်သစ်ခုနစ်ခုသို့ ဖြန့်ချိမည်

မော်တော်ကားကုမ္ပဏီ နစ်ဆန်းမှထုတ်လုပ်သော Nissan Leaf အမှတ်တံဆိပ် လျှပ်စစ်ကား၏ မော်ဒယ်သစ်ကားများကို လာမည့်ဘဏ္ဍာနှစ်အတွင်း ဈေးကွက်ခုနစ်ခုသို့ တိုးချဲ့ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ကြေညာချက်အရသိရသည်။

ဂျပန်ကားကုမ္ပဏီသည် ဧပြီလမှစတင်သည့် လာမည့်ဘတ်ဂျက်နှစ်သစ်အတွင်း Leaf လျှပ်စစ်ကားသစ်များကို ဩစတြေးလျ၊ ဟောင်ကောင်၊ နယူးဇီလန်၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့တွင် ရောင်းချသွားမည်ဖြစ်သည်။ ထိုနိုင်ငံများအပြင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အပါအဝင် အာရှ-ပစိဖိတ်ဒေသမှ အခြားဈေးကွက်များတွင်လည်း Leaf ကားများစတင်ကျောင်းရောင်းချနိုင်မည့် ဖြစ်နိုင်ချေကို စူးစမ်းနေသည်ဟု နစ်ဆန်းက ပြောကြားသည်။

၂၀၁၀ မှ စတင်ထုတ်လုပ်ခဲ့သည့် Nissa Leaf ကားများကို ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ကနေဒါနှင့် ဥရောပတို့တွင် ဖြန့်ချိရောင်းချလျက်ရှိသည်။ မျိုးဆက်သစ် Leaf လျှပ်စစ်ကားများအတွက် မဝေးသည့်အနာဂတ်အတွင်း ဈေးကွက် ၆၀ ကျော်အထိ တိုးချဲ့သွားနိုင်ရန် နစ်ဆန်းက မျှော်မှန်းထားကြောင်း သိရသည်။

ရာနှုန်းပြည့် လျှပ်စစ်ကားဖြစ်သည့် Nissa Leaf သည် ကမ္ဘာ့ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်ပြီး စတင်ထုပ်လုပ်ချိန်မှစ၍ ၂၀၁၈ ဇန်နဝါရီအထိ ကမ္ဘာတစ်ဝန်း အစီးရေ ၃၀၀,၀၀၀ ကျော် ရောင်းချထားရသည်။ အသစ်ထွက်လာမည့် Nissa Leaf ကားများသည် နည်းပညာရှေ့ရောက်တိုးတက်မှုအရှိဆုံး ဖြစ်သည်ဟု နစ်ဆန်း၏ အာရှ-ပစိဖိတ်ဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောသည်။

Photo-Korea Times

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်