တောင်ကိုရီးယားက အောက်တိုဘာတွင် ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း လွှတ်တင်မည်

တောင်ကိုရီးယားသည် ပြည်တွင်း၌ တည်ဆောက်သည့် အာကာသယာဉ်တစ်စင်းကို ယခုနှစ်အောက်တိုဘာတွင် စမ်းသပ်လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ သိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာနက ဇန်နဝါရီ ၆ တွင် အမျိုးသားအာကာသကော်မတီ အစည်းအဝေး တစ်ရပ်ကျင်းပ၍ ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အာကာသယာဉ်ကို တောင်ဂျောလာပြည်နယ်ရှိ Naro အာကာသစခန်းမှ လွှတ်တင်သွားမည် ဖြစ်သည်။

အာကာသယာဉ်လွှတ်တင်မည့် ဒုံးကျည်အတွက် ၇၅ တန်အလေးချိန်ရှိ အင်ဂျင်၏ စွမ်းဆောင်ရည်ကို စိစစ်အတည်ပြုပြီးနောက် တောင်ကိုရီးယားတာဝန်ရှိသူများ၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်ပြင်ဆင်တပ်ဆင်မှု လုပ်ငန်းကို ပြီးခဲ့သောလက စတင်ခဲ့ကြောင်းသိရသည်။ တန် ၃၀၀ လေးသည့် ဒုံးကျည်သည် အလေးချိန် ၁ ဒဿမ ၅ တန်ရှိ ဂြိုလ်တုကို တင်ဆောင်သွားမည် ဖြစ်သည်။

တောင်ကိုရီးယားသည် အကြိမ်ကြိမ် ကြန့်ကြာနေခဲ့သော လစူးစမ်းလေ့လာရေး နိုင်ငံတော်စီမံကိန်းအတွက် လုပ်ငန်းအစီအစဉ်များကိုလည်း အပြီးသတ်ရေးဆွဲအတည်ပြုလိုက်ကြောင်း သိရသည်။ ထိုစီမံကိန်းအရ လာမည့် ၂၀၂၀ ခုနှစ်တွင် တောင်ကိုရီးယားက လပတ်ယာဉ်တစ်ခု လွှတ်တင်မည် ဖြစ်သည်။
Photo-KBS

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်