ONE: QUEST FOR GOLD ပွဲစဉ်အတွက် ပထမပွဲစဉ်တွဲဆိုင်းများ အတည်ပြုကြေညာ

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ ၁၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ် (၁၂)
အာရှသမိုင်းတွင် အကြီးမားဆုံးကမ္ဘာ့အားကစား ပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသည့် ONE ChampionshipTM(ONE)သည် ဖေဖော်ဝါရီလ ၂၃ရက်၊ သောကြာနေ့၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏ
မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည့် ONE: QUEST FOR GOLDပွဲစဉ်အတွက် ထိုးသတ်မည့် ပထမပွဲစဉ် တွဲဆိုင်းများကို အတည်ပြု ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါပွဲတွင် ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိသော တွဲဆိုင်းများတွင် ခေါင်ပွဲစဉ်၏ ဝမ်းလိုက်ပာဲဗီးဝိတ်တန်းကမ္ဘာ့ ချန်ပီယံဆုအတွက် မြန်မာနိုင်ငံမှ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ“မြန်မာ့စပါးအုံးမြွေ” အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည့်ဖြစ်ပြီး ညနေပိုင်း ဒုတိယခေါင်ပွဲစဉ်တွင် မလေးရှားနိုင်ငံမှ Ev “E.T” Ting နှင့် ကိုစတာရီကာမှ Ariel “ Tarzan ” Sexton တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
ကျန်တွဲဆိုင်းများအနေဖြင့် စင်ကာပူနိုင်ငံသား ထိတ်တန်းလိုက်ဝိတ်ကစားသမား Amir Khan နှင့် ရုရှားနိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား Timofey Nastyukhin တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။ အရည်အသွေးပြည့်၀သော မြန်မာအားကစားသမားများထဲမှ တစ်ဦးဖြစ်သူ စောမင်းမင်းနှင့် ဝါရင့်လက်ဝှေ့ကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်သူ မြန်မာနိုင်ငံသား ရဲသွေးနီတို့ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ပာု ဖော်ပြထားသည်။
“ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ရဲ့ မွေးရပ်မြေ ရန်ကုန်မြို့ ပာ မြန်မာနိုင်ငံရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်များစုဝေးရာ အချက်အချာကျတဲ့ နေရာပဲဖြစ်ပါတယ်။ ဝမ်းလိုက်ပာဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆု နေရာလွတ် အတွက် မြန်မာနိုင်ငံက ပရိတ်သတ်တွေရှေ့ မှောက်မှာ မြန်မာနိုင်ငံမှ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံသား Alexandre Machado တို့ ထိုးသတ်ဖို့ ရောက်ရှိလာဦးမှာပါ။ မြန်မာနိုင်ငံအတွက်ရော တစ်ကမ္ဘာ့လုံးက ပရိတ်သတ်တွေအားလုံးအတွက်ပါ အမှတ်တရရှိနေမယ့် ညလေးတစ်ညဖြစ်နေမှာ ဖြစ်ပြီးတော့ အောင်ပွဲခံဖို့အတွက်ပါ ပြင်ဆင်ထားကြပါဦး” ပာု ONE Championship ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချူပ်ဖြစ်သူ Chatri Sityodting ကဆိုသည်။
ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ ONE: QUEST FOR GOLD ပြိုင်ပွဲကြီးကို လာရောက်ကြည့်ရှု့ နိုင်ရန်အတွက် ပွဲကြည့်လက်မှတ်နှင့်ပတ်သက်သည့် အချက်အလက်များကို ONE: QUEST FOR GOLD www.onefc.com တွင် ဖော်ပြထားကြောင်း သိရသည်။

လင်းနိုင်
ဓာတ်ပုံ – လင်းနိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်