ရော်နယ်ဒို ခြေကျနေပြီဆိုခြင်းကို မက်ပီလက်မခံ

ရီးရဲမက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို ခြေကျနေပြီဆိုသော ယူဆပြောဆိုချက်များကို ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ကိုင်လီယန်မက်ပီက ပယ်ချလိုက်သည်။

ရော်နယ်ဒိုခြေကျနေပြီဆိုသည်မှာ မဟုတ်ကြောင်း ရော်နယ်ဒိုခြေကျနေပြီဆိုလျှင် အခြားသောခြေကျနေပြီဟု ပြော၍ရသည့် ကစားသမားများ အများအပြားရှိကြောင်း မိုနာကိုမှပီအက်စ်ဂျီသို့ အငှားလာရောက်ကစားနေသည့် မက်ပီက ပြောကြားသည်။ အသက် ၃၃ နှစ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ အသက် ၁၉ နှစ်အရွယ် မိမိထက်နောက်ကောက်ကျနေပြီဆိုသော မီဒီယာများ၏ မေးမြန်းပြောဆိုချက်များကို မက်ပီက ပယ်ချလိုက်ရင်း ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုမှာ အလွန်တော်သည့် ကစားသမားတစ်ဦး ဖြစ်သည်ဟု ပီအက်စ်ဂျီကြယ်ပွင့်က ဆိုသည်။

ရော်နယ်ဒိုသည် ဤရာသီတွင် ၎င်း၏ပုံမှန်တွေ့ရသော စွမ်းဆောင်ရည်မျိုး ပျောက်ဆုံးနေပြီး ခြေစွမ်းကျလျက် လာလီဂါ ၁၇ ပွဲတွင် ရှစ်ဂိုးသာသွင်းယူထားနိုင်သည်။ သိုသော် ၎င်းသည် ချန်ပီယံလိဂ်ခြောက်ပွဲတွင် ကိုးဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲအသင်းရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ရေး ကူညီနိုင်ခဲ့သည်။ ရီးရဲသည် ရှုံးထွက် ၁၆ သင်းအဆင့်တွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
photo-Four Four Two

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်