သမ္မတသမီး အိုင်ဗန်ကာထရမ့် အိုလံပစ်ပိတ်ပွဲ တက်ရောက်ဖွယ်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သမီး အိုင်ဗန်ကာထရမ့် တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။

ထရမ့်၏ လုပ်ခလစာမရသည့် အကြီးတန်းအကြံပေးလည်းဖြစ်သော အိုင်ဗန်ကာသည် ဖခင်ဖြစ်သူ၏ စေလွှတ်ချက်အရ ဖေဖော်ဝါရီ ၂၅ တွင် ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်သွားရန် ရှိသည်ဟုဆိုသည်။ ပိတ်ပွဲတက်ရန် အိုင်ဗန်ကာကို ထရမ့်က ပြေကြားထားသည်ဟု အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက စီအန်အန်ကို ပြောကြားသည်။

ပြီးခဲ့သောလက တောင်ကိုရီးယားသမ္မတမွန်ဂျယ်အင်းနှင့် တယ်လီဖုန်းတို့မှတစ်ဆင့် စကားပြောစဉ် အိုလံပစ်ပွဲတော်သို့ မိမိ၏မိသားစုများအပါအဝင် အဆင့်မြင့်ကိုယ်စားလှယ်များ စေလွှတ်မည်ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။ လက်ရှိတွင်အမေရိကန် ဒုတိယသမ္မတမိုက်ခ်ပင့်စ်မှာ ဖေဖော်ဝါရီ ၉ ရက် ဖွင့်ပွဲအခမ်းအနားအတွက် ဖြောင်းချန်းသို့ သွားရောက်နေပြီဖြစ်ကြောင်း Vanity Fair ၌ ဖော်ပြထားသည်။

အမျိုးသမီးများကို စီးပွားရေးအရခွန်အားပေးမှုနှင့် အခွန်ပြုပြင်ပြောင်းလဲမှုတို့အပါအဝင်ဖြစ်သော အကြောင်းကိစ္စများအတွက် ထရမ့်ကို အကြံပေးသည့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်နှင့် ယခင်ဖက်ရှင်မော်ဒယ် အိုင်ဗန်ကာသည် အိုလံပစ်ပိတ်ပွဲမတက်ရောက်မီ အထူးသဖြင့် အမေရိကန်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သော အားကစားပွဲများသို့ တက်ရောက်အားပေးသွားမည်ဟု ဘီဘီစီက ဖော်ပြသည်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်