နိုင်ငံတကာ အာကာသစခန်းသို့ ကုန်တင်အာကာသယာဉ် တစ်စင်း ရုရှားလွှတ်တင်

ရုရှားနိုင်ငံသည် လူလိုက်ပါခြင်းမရှိသည့် ကုန်တင်အာကာသယာဉ် တစ်စင်းကို နိုင်ငံတကာအာကာသစခန်း (ISS) သို့ လွှတ်တင်လိုက်သည်။ မူလစီစဉ်ထားသည်ထက် နှစ်ရက်နောက်ဆုတ်ပြီးလွှတ်တင်ခဲ့သည့် ထိုကုန်တင် အာကာသယာဉ်သည် ကာဇက်စတန်နိုင်ငံရှိ ရုရှားပိုင် ဘိုင်ကိုနော ဒုံးပျံပစ်လွှတ်ရေး စခန်းမှ ဖေဖော်ဝါရီ ၁၃ တွင် ပျံတက်ပြီးနောက် ရှစ်မိနစ်အကြာတွင် ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်ရှိခဲ့သည်ဟု သိရသည်။
Soyuz-2.1a အာကာသယာဉ် လွှတ်တင်ရေးဒုံးပျံတစ်စင်းဖြင့် ပစ်လွှတ်ခဲ့သော ထိုကုန်တင်အာကာသယာဉ်မှာ Progress MS- 08 အာကာသယာဉ်တစ်စင်းဖြစ်ပြီး စုစုပေါင်းအလေးချိန် ၂ ဒဿမ ၇ မက်ထရစ်တန်ရှိသည့် အစားအစာ၊ လောင်စာနှင့် အခြားထောက်ပံ့ရေးပစ္စသည်းများ တင်ဆောင်သွားသည်။ နိုင်ငံတကာအာကာသစခန်းသို့ ကုန်စည်ပေးပို့ရန် ထောက်ပံ့ရေး ယာဉ်တစ်စင်းပါဝင်သည့် Soyuz-2.1a အာကာသယာဉ်လွှတ်တင်ရေး ဒုံးပျံတစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း ရုရှားဖယ်ဒရယ် အာကာသအေဂျင်စီ၏ အာကာသခရီးစဉ် ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်