အင်္ဂါဇတ်မရှိလျှင် အမျိုးသမီးများ အသုံးဝင်တော့မည်မဟုတ်ဟု ဆိုကာ အမျိုးုသမီး သူပုန်များအား အင်္ဂါဇတ်ကိုပစ်ရန် ဒူတာတေးက စစ်သားများကိုမှာကြား

အင်္ဂါဇတ်မရှိလျှင် အမျိုးသမီးများမှာ အချည်းအနှီးဖြစ်အသုံးဝင်တော့မည် အဟုတ်သောကြောင့် အမျိုးုသမီးသူပုန်များအား အသေသတ်မည့်အစား ၎င်းတို့၏ အင်္ဂါဇတ်ကိုပစ်ရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက သူ့စစ်သားများကို ပြောကြားလိုက်ကြောင်း Daily Mail သတင်းတစ်ရပ်၌ ဖော်ပြသည်။
အမျိုးသမီးသူပုန်များနှင့် တွေ့လျှင် မိမိတို့အထက် အမိန့်တစ်ခုရထားကြောင်း၊ သူမတို့ကိုသတ်မည်မဟုတ်ကြောင်း၊ သူမတို့၏အင်္ဂါဇတ်ကိုသာ ပစ်မည်ဖြစ်ကြောင်း ပြောရန်ပြီးခဲ့သော သီတင်းပတ်က မိန့်ခွန်းတစ်ရပ်၌ စစ်သားများကို ဒူတာတေးက ထည့်သွင်းမှာကြားခဲ့းသည်ဟု သိရသည်။ မအင်္ဂါဇတ်မရှိလျှင် အမျိုးသမီးများမှာ အချည်းအနှီးဖြစ် အသုံးဝင်တော့မည်မဟုတ်ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ရှိ အမျိုးသမီးကွန်မြူနစ် သူပုန်များကို ရည်ရွယ်ပြောဆိုခဲ့သည့် ဒူတာတေး၏ ထိုမှတ်ချက်ကို နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သည့် Human Right Watch က က္ကတ္ထိယမုန်းတီးသော၊ ယုတ်ညံ့သော၊ အောက်တန်းကျသော၊ စကားများအဖြစ် ပြစ်တင်ရှုတ်ချသည်။
ယခုဖြစ်ရပ်သည် စကားလက်လွတ်စပယ် ပြောတတ်သည့် ဖိလစ်ပိုင်ခေါင်းဆောင်က အမျိုးသမီးများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာမှတ်ချက်များပြောကြားသည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ ယမန်နှစ်မေလကလည်း အိုင်အက်စ်ဩဇာခံ သူပုန်များကို တိုက်ခိုက်ရန် ဖိလစ်ပိုင်တပ်ဖွဲ့များအား စိတ်လှုံ့ဆော်မှုလုပ်စဉ် ဒူတာတေးက ဖိလစ်ပိုင်စစ်သားများအနေဖြင့် အမျိုးသမီးများကို မုဒိမ်းကျင့်လိုက ကျင့်နိုင်ပြီး ၎င်းတို့အတွက်မိမိကထောင်ကျခံမည်ဟု ပြက်လုံးထုတ်ခဲ့သည်။
Photo : AP

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်