ကမ္ဘာ့ပထမဆုံး ဒရုန်းခြေရာခံမှု နည်းပညာကို Vodafone ထုတ်ပြ

ဗြိတသျှ တယ်လီဆက်သွယ်ရေး ကုမ္ပဏီ Vodafone က ကမ္ဘာ့ ပထမဆုံး ရေဒီယိုတည်နေရာရှာဖွေမှုစနစ် (Radio Positioning System) အဖြစ် ဒရုန်းများကို ခြေရာခံနိုင်သည့် နည်းပညာတစ်ရပ်တီထွင်လိုက်သည်။
ဒရုန်းများသည် သမရိုးကျရေဒါစနစ်များဖြင့် ခြေရာခံ၍ မရနိုင်လောက်အောင်သေးငယ်သည်။ သို့သော် Vodafone က ဒရုန်းများကို လေကြောင်းထိန်းချုပ်ရေးစနစ်များတွင် တွေ့မြင်စေနိုင်သည့် 4G ကွန်ယက် ဆင်းမ်ကဒ် တစ်ခုတီထွင်လိုက်သည်။ ဤနည်းပညာသည် ဒရုန်းလွှတ်သူကိုလည်း ဒရုန်းအားပိုမိုထိန်းချုပ်နိုင်စေမည်ဖြစ်သည်။
Vodafone ၏ဆင်းမ်ကဒ်သည် ဒရုန်းလွှတ်သူနှင့် လေကြောင်းထိန်းချုပ်ရေးကဲ့သို့တရားဝင်ခွင့်ပြုချက်အရ ထိန်းသိမ်းရေးအဖွဲ့များအား ဒရုန်းများကို ၅၀ မီတာအကွာအဝေးအထိ တိကျမှန်ကန်မှုဖြင့် အချိန်နှင့်တစ်ပြေးညီ ခြေရာခံစေနိုင်စေမည်ဖြစ်သည်။ ၎င်းသည် လေဆိ်ပ်များနှင့် အကျဉ်းထောင်များကဲ့သို့တားမြစ်နေရာများသို့ ဒရုန်းတစ်စင်း ချဉ်းကပ်သွားလျှင် ဒရုန်းကို မြေပြင်သို့အလိုအလျောက်ဆင်းခ်ိုင်းနိုင်သလို ဒရုန်းလွှတ်သူထံပြန်သွားခိုင်းနိုင်သည်။
Vodafone သည်ဤ နည်းပညာကို ဖန်တီးထုတ်လုပ်ရန် ဥရောပမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်နေခဲ့ပြီး X-UAV ဒရုန်းတစ်စင်းဖြင့် စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ဒရုန်းကို ၃၂ ကီလိုမီတာအကွာအဝေးသို့ လွှတ်ခဲ့သောပဏာမစမ်းသပ်မှုအတွင်း ဒရုန်းသည် အခ်ျိန်နှင့်တစ်ပြေးညီ HD ဗီဒီယိုတစ်ခုနှင့် အမြန်နှုန်းနှင့် ဂျီပီအက်စ် ကို ဩဒိနိတ် များအပါအဝင်ဖြစ်သော ပျံသန်းမှုအချက်အလက်များ ထုတ်လွှတ်ပေးခဲ့သည်ဟုသိရသည်။
ဤနည်းပညာသစ်ကို ဥရောပ လေကြောင်းဘေးကင်းလုံခြုံရေးအဖွဲ့ချုပ် (EASA) ကလက်ခံအသုံးပြုခဲ့လျှင် ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ဒရုန်းများတွင်မိုဘိုင်းဖုန်းများမှာကဲ့သို့ ဆင်းမ်ကဒ်ထည့်ရမည့် အံကွက်တစ်ခုထည့်သွင်းသွားရမည်ဖြစ်သည်။ ယခုနည်းပညာကိုကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်ပါက လေဆိပ်တွင်း ချဉ်းနင်းဝင်ရောက်မှုကဲ့သို့သော မလိုလားအပ်သည့် ဒရုန်းကျော်နင်းပျံသန်းမှုများနှင့် လေဆိပ်မူးယစ်မှောင်ခိုလုပ်မှုတို့ိိကို အပြီးတိုင်ရှင်းပစ်နိုင်ဖွယ်ရှိသည်ဟု Telegraph ကဖော်ပြသည်။
Photo : The Telegraph

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်