ဆောင်းရာသီအိုလံပစ်သို့ လာကြည့်သူအရေအတွက် တစ်သန်းကျော်သို့ ရောက်ရှိ

ကျင်းပလျက်ရှိသည့် ၂၀၁၈ ဖြောင်းချန်းအိုလံပစ်သို့ ပြိုင်ပွဲကာလတစ်လျောက် လာရောက်ကြည့်ရှုသူအရေအတွက်သည် ဖေဖော်ဝါရီ ၂၀ တွင် တစ်သန်းနီးပါးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ပွဲတော် ၁၂ ရက်မြောက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ အထိ စုစုပေါင်းလာရောက်ကြည့်ရှုသူ အရေအတွက် ၉၈၄,၀၀၀ ရှိခဲ့ရာ ဖေဖော်ဝါရီ ၂၁ တွင် ဦးရေတစ်သန်းကို ကျော်လွန်သွားရန် ပြိုင်ပွဲကျင်းပရေးကော်မတီက မျှော်လင့်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀ (အင်္ဂါနေ့)တွင် ပရိတ်သတ်စုစုပေါင်း ၉၇,၀၀၀ က အိုလံပစ်အားကစားပွဲများ လာရောက်ကြည့်ရှုခဲ့သည်ဟု ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုနေကယခုကိန်းဂဏန်းများ ထုတ်ပြန်ချိန်အထိ နောက်ရက်ဖြစ်သော ဖေဖော်ဝါရီ ၂၁ (ဗုဒ္ဓဟူးနေ့) အတွက် လက်မှတ်စောင်ရေ ၆၅,၀၀၀ ရောင်းချထားရသည်ဟု ၎င်းကဆိုသည်။
အင်္ဂါနေ့ညနေပိုင်းအထိ ပြိုင်ပွဲကာလတစ်လျှောက် စုစုပေါင်းလက်မှတ်ရောင်းချထားရမှုမှာ စောင်ရေတစ်သန်းကျော် (၁,၀၄၅,၀၀၀) ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီ ၉ မှ စတင်ကျင်းပခဲ့သည့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်သည် ဖေဖော်ဝါရီ ၂၅ တွင် ပြီးဆုံးမည်ဖြစ်သည်။
Photo: Yonhap

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်