မြောင်းမြမြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး ပြည်သူ့စကားဝိုင်း ကျင်းပ

မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူကျင်းပသော “ လူငယ်နှင့် မူးယစ်ဆေးဝါး” ပြည်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခန်းအနားသို့ မြောင်းမြမဲဆန္ဒနယ်အမှတ် (၂) ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ မြောင်းမြခရိုင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများနှင့် လူငယ်ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့် တက်ရောက်ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြောင်းမြမဲဆန္ဒနယ်အမှတ်(၁)၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက နိုင်ငံနှင့်မူးရစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများကိုလည်းကောင်း၊ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွှန့်ဇော်က မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော မှုခင်းဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ မြောင်းမြကုတင် ၂၀၀ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာကျော်စွာလွင်က မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ကုသနိုင်ရေး အကြောင်းအရာများနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများအား ဆွေးနွေးဟောပြောကြသည်။
ဆွေးနွေးပွဲတွင် ပေါင်းစပ်ဆွေးနွေးသူအဖြစ် စာရေးဆရာမောင်ဖြူစင်ကပါဝင် ဆက်စပ်ဆွေးနွေးပေးခဲ့ပြီး ပြည်သူ့စကားဝိုင်းများအား မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမှိုင်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်