အခွင့်အရေးအဖွဲ့များ ကန့်ကွက်တောင်းဆိုနေသည့်ကြားမှ ဂျပန်က ကမ္ဘောဒီးယားကို ရွေးကောက်ပွဲအကူအညီအဖြစ် ဒေါ်လာ ၇ သန်းကျော်တန် မဲပုံးများ လှူဒါန်း

အာဏာရအစိုးရက အဓိကအတိုက်အခံပါတီကို တရားဝင်ဖျက်သိမ်းခဲ့မှုကြောင့် ရွေးကောက်ပွဲထောက်ပံ့ ကူညီမှုကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ပြန်လည်ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း ကမ္ဘောဒီးယား၏ ၂၀၁၈ ရွေးကောက်ပွဲအတွက် ပထမဆုံး နိုင်ငံတကာအကူအညီအဖြစ် ဂျပန်က ဖေဖော်ဝါရီ ၂၁ တွင် မဲပုံး ၁၀,၀၀၀ ကျော် လှူဒါန်းခဲ့သည်။
ဒေါ်လာ ၇ ဒဿမ ၅ သန်းတန်ကြေးရှိ မဲပုံး ၁၀,၀၀၀ ကျော်ကို ကမ္ဘောဒီးယားဆိုင်ရာ ဂျပန်သံအမှတ်က အခမ်းအနားတစ်ရပ်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား၏ ရွေကောက်ပွဲကော်မရှင်အနေဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ဂျပန်ပေးခဲ့သော မဲပုံးများကို အစားထိုးရန် မဲပုံးသစ်များ လိုအပ်နေခဲ့သည်ဟု ၎င်းကပြောကြားသည်။
အစိုးရ၏ တောင်းဆိုချက်အရ အဓိကအတိုက်အခံ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP)ကို တရားဝင်ဖျက်သိမ်းရန် ကမ္ဘောဒီးယား တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတကာ အခွင့်အရေး အဖွဲ့အစည်းများနှင့် CNRP ၏ အဖွဲ့ဝင်များက ဂျပန်အပါအဝင် နိုင်ငံခြားထောက်ပံ့ကူညီသူများအား ကမ္ဘောဒီးယား၏ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် တိုက်တွန်းထားကြသည်။ သို့သော် ကမ္ဘောဒီးယား၏ ရွေးကောက်ပွဲများအတွက် အများဆုံးငွေကြေးထောက်ပံ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သော ဂျပန်က ကမ္ဘောဒီးယားကို ယခုလ အထက်လွှတ်တော်ရွေးကောက်ပွဲနှင့် ဇူလိုင်လတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတို့မတိုင်မီ ရွေးကောက်ပွဲအကူအညီများ ဆက်ပေးသွားမည်ဟု ပြောကြားသည်။
နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်များဖြင့် ထောင်ချခံထားရသည့် CNRP ခေါင်းဆောင် ကမ်ဆိုခါ ၏ သမီးက ဇူလိုင်လအထွေထွေရွေးကောက်ပွဲအတွက် ထောက်ပံ့ကူညီရခြင်းကို ရှင်းပြရန် ဂျပန်ကို တောင်းဆိုထားသည်။
ကမ္ဘောဒီးယားသည် ရွေးကောက်ပွဲအတွက် မဲပုံး ၃၀,၀၀၀ လိုအပ်နေကြောင်း သိရပြီး မဲပုံးများနှင့် မဲပေးခန်းများအပါအဝင်ဖြစ်သော တရုတ်၏ ထောက်ပံ့မှုများလည်း မတ်လတွင် ရောက်ရှိမည်ဟု ကမ္ဘောဒီးယား တာဝန်ရှိသူတစ်ဦးက ပြေကြားသည်။
ကမ္ဘောဒီးယား၏ အကြီးဆုံးအလှူရှင်ဖြစ်သော တရုတ်သည် ကမ္ဘောဒီးယားကို ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်နေသည့် အာဏာရှင်ဆန်သော ဝန်ကြီးချုပ် ဟွန်ဆင်ကို ထောက်ခံအားပေးလျက်ရှိသည်။ လာမည့် ရွေးကောက်ပွဲ၌ ဟွန်ဆင်က အာဏာဆက်လက် ဖက်တွယ်သွားရန် မျှော်လင့်ရသည်။

Photo: Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်