နိုင်ငံ့မျိုးဆက် လူငယ်များနှင့် မူးရစ်ဆေး ထိုးစစ်အန္တရာယ် (အယ်ဒီတာ့ အာဘော်)

၂၀၁၇ ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၆)
စိတ်ကြွမူးရစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိသည့် သတင်းအား ပြည်တွင်မီဒီယာပေါင်းများစွာတွင် မြိုင်ဆိုင်လွန်းသည့် တင်ဆပ်နှုန်းဖြင့် ဖော်ပြနေကြဆဲရှိသည်။ တစ်ပြား၊ နှစ်ပြားဖမ်းမိသူများက ပိုင်ရှင်ပုံသဏ္ဌာန် လက်ပူးလက်ကြပ်ခံလိုက်ရသော်လည်း စိတ်ကြွဆေးပြားသန်းနှင့်ချီ၍ ထုတ်လုပ်သူတို့အား ဖမ်းဆီးရရှိမှု အလွန်အမင်း နည်းပါးနေသည်။ ထိုသို့သော ဖြစ်စဉ်များက မူးယစ်ဆေးဝါး တိုးမြှင့်ထုတ်လုပ်လာမှုအပေါ် အားပေးသလိုဖြစ်နေခဲ့သည်။
ယနေ့မြန်မာနိုင်ငံ၏ ကျောင်းသားလူငယ်များအတွက် တက္ကသိုလ်ဝင်တန်း ရောက်ရှိသူအချို့ စိတ်ကြွရူးသွပ်ဆေးပြား သုံးထားသည့် လက္ခဏာ တွေ့ရှိနေကြောင်း မူးရစ်ဆေးဝါးနှိမ်နင်းရေး (မူးရစ်အထူးအဖွဲ့) မှ မိတ်ဆွေတစ်ဦးက ရင်ဖွင့်ခဲ့ဖူးသည်။ ထို့ကြောင့် ကျောင်းသားမိဘများအနေနှင့် မိမိတို့၏ ရင်သွေးများအား မျက်ခြည်မပြတ်စောင့်ရှောက်ထိန်းကျောင်းမှုအပိုင်းအား အလေးအနက်ထားကြရတော့ မည်ဖြစ်သည်။
နည်းပညာတိုးတက်လာမှုနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြာများ ထုတ်လုပ်ပုံ၊ သုံးစွဲနည်းတို့ကလည်း အဆင့်မြင့်လာပြီး တချို့သော ဆေးပြားများက သုံးစွဲထားမှန်းမသိအောင် အနံ့အသက် ကင်းစင်လျက်ရှိသည်ဟု လေ့လာသိရှိရသည်။ အဆိုပါဆေးပြာများ၏ အာနိသင်ဆေးရှိန်မြင့်တက်လာပါက မိဘ မှန်းမသိ၊ ဆရာမှန်းမသိ၊ သားသမီးမှန်းမသိသည့် အထိ လူ့ပတ်ဝန်းကျင်အား အန္တရာယ်ကြီးမားစွာ ဒုက္ခပေးနိုင်သည်ဟု ဆေးသုံးစွဲသူများပြန်လည် ထူထောင်ရေး စီမံချက်အဖွဲ အစည်းမှ ဆရာဝန်ကြီးတစ်ဦးနှင့် တွေ့ဆုံခိုက်သိခွင့်ရလိုက်ပါသည်။
အစိုးရသစ်လက်ထက်တွင် မူးရစ်ဆေးဝါးသုံးစွဲသူများနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်လျှော့ချရေး အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ဖူးပြီး သုံးစွဲသူများအနေဖြင့် နှစ်ရှည်ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ် ဖြစ်သော လုပ်အားပေးစနစ်မျိုးဖြစ်သာ သက်ရောက်စေသည့် ဆွေးနွေးအကြံပြုချက် အတည်ပြုအောင်မြင်ခဲ့သောကြောင့် ထုတ်လုပ်ရောင်းချသူများ၊ လက်ဝယ်တွေ့ရှိသူများ ၊ သုံးစွဲသူများအတွက် အခွင့်အရေးတတစ်ရပ်လို ဖြစ်စေခဲ့ပြန်သည်။
အာဆီယံဒေသတွင် နိုင်ငံများဖြစ်သော စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ တွင် မူးရစ်ဆေးဝါးပြဿနာအား ထိရောက်ပြင်းတန်စွာဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း၊ အဆက်မပြတ်နှိမ်နင်းဖော်ထုတ်မှုများပြုလုပ်နေခြင်းဖြင့် နာလန်မထူအောင် ထွန်းလှန်ချေမှုန်းနေကြချိန် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးကိစ္စရပ်အပေါ် ပြစ်ဒဏ်လျော့ချလိုက်မှုက သုံးစွဲမှုပိုမိုအားကောင်းလာစေရန် ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်နေမည်လားဟူသော ရင်လေးစရာ အတွေးတစ်ခုက တိုင်းပြည်အနာဂတ်အပေါ် လွှမ်းခြုံနေဆဲဖြစ်သည်။
စိတ်ကြွရူးသွပ်မူးယစ်ဆေးပြားများ တိုင်းဒေသကြီးအသီးသီးသို့ ပျံနှံ့ရောက်ရှိနေသော်လည်း ယနေ့တိုင် ထုတ်လုပ်သူများအား ဖမ်းဆီးရမိမှုမရှိသလောက် နည်းပါးခြင်း၊ ရဲတပ်ဖွဲဝင်အချို့ ပါဝင်ပတ်သက်နေခြင်းနှင့် တရားဥပဒေ စိုးမိုးမှုအား အစိုးရအဆက်ဆက် အကောင်မထည်မဖော်နိုင်ခြင်း တို့ကြောင့် မြန်မာ့အရေးတွင် မူးရစ်ဆေးဝါးပြဿနာသည် အချိမ်ကာလကြာရှည်စွာ ဆက်လက်တည်တံ့နေဦးမည်ဟု ခန့်မှန်းရသည်။
နိုင်ငံမျိုးဆက်လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ထူထပ်များပြားလာပါက မိသားစုပုံရိပ်၊ နိုင်ငံတော်ပုံရိပ်၊ ထိခိုက်ကျဆင်းနိုင်ပြီး လူနေမှုအဆင့်အတန်း ချို့ တဲ့ယိုယွင်းကာ ကမ္ဘာ့အလယ်တွင် အရှက်တရားမျိုးစုံဖြင့် ဒုက္ခနွံနစ်နေမည်ဖြစ်ပါကြောင်း ယူနတီမှ သုံးသပ်လိုက်ရပါသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်