ငြိမ်းချမ်းရေးရရှိဖို့ အရေးအကြီးဆုံးအချက်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုသာ အဓိကဖြစ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိဖို့အတွက် အရေးအကြီးဆုံးအချက်သည် ယုံကြည်မှုပင်ဖြစ်ကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါပြောကြားမှုသည် ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝး JICM တွင်၂ဝ၁၈ ခု နှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ ပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ ကျင်းပခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့အတွက် အရေးအကြီးဆုံးကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုဆိုတာဟာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုထက် ပိုအရေးကြီးတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပဲ။ ကိုယ်ဟာငြိမ်းချမ်းရေးကိုရအောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဦးတည်သွားပြီးတော့ လမ်းလျှောက်သွားနိုင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုတဲ့ ယုံ ကြည်မှုရှိဖို့လိုပါတယ်။ ဒီယုံကြည်မှုမရှိရင်တော့ တခြားသူတွေကို ယုံကြည်တာ၊ မယုံကြည်တာက အလကားပဲ။ ကိုယ့်ကိုယ် ကိုယ်မယုံကြည်ဘဲနဲ့ ကိုယ့်အဖွဲ့ကိုယ် မယုံကြည်ဘဲနဲ့တော့ ငြိမ်းချမ်းရေးရအောင် လုပ်လို့ရမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူတိုင်းလူတိုင်း၊ တစ်ဦးချင်း တစ်ဦးချင်း အရေးကြီးပြီး၊ အဖွဲ့တိုင်း အဖွဲ့တိုင်း၊ တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်းဟာလည်း အရေးကြီးကြောင်း၊ အဖွဲ့တိုင်းအဖွဲ့တိုင်းဟာ ကိုယ့်ရဲ့အဖွဲ့အတွက် တာဝန်ယူရသလို၊ ကိုယ့်ရဲ့ရဲဘော်ရဲဘက်များ၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း တာဝန်ယူကာ ကိုယ်တစ်ယောက်တည်း၊ ကိုယ် တစ်ဖွဲ့တည်းသွားချင်တဲ့လမ်း၊ သွားနေဖို့ဆိုတာ မဖြစ်နိုင်ကြောင်း စုဖွဲ့ပြီးအားလုံးပူးပေါင်းမှသာ ငြိမ်းချမ်းရေးကို ရရှိနိုင် မည်ဖြစ်ကြောင်း ၎င်းမှဆိုသည်။
ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ” ဒီကနေ့အစည်းအဝေးမှာ ကျွန် တော်တို့အနေနဲ့ အချက်နှစ်ချက် ဆွေးနွေးလိုပါတယ်။ ဒါကဘာလဲဆိုရင် ကျွန်တော်တို့ JICM အဖွဲ့ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲမှာ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံးအဖွဲ့အစည်းလည်း ဖြစ်ပါ တယ်။ ဒီလိုနိုင်ငံရေးနဲ့ပတ်သက် တဲ့ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံးအဖွဲ့အစည်းမှ အစည်းအဝေးတိုင်းမှာ သက်ဆိုင်ရာတာ ဝန်ရှိတဲ့ ခေါင်းဆောင်အသီးသီးလည်း တက်ရောက်သင့်ပါ တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၇ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံး ခြောက်ကြိမ်မြောက် JICM စည်းအ ဝေးကျင်းပခဲ့တာဖြစ်ပြီး နိုဝင်ဘာ ဒီဇင်ဘာ၊ ဇန်နဝါရီ သုံးလတာ ကာလအတွင်း၌ JICM လုပ်ဆောင်မည်ဟု ခန့်မှန်းထားပြီး ယင်းကာလအတွင်း အတိုး အလျှော့ အနည်းအကျဉ်းရှိသော်လည်း ထိုကာလအတွင်းထဲမှာ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံးအဖွဲ့အစည်းအဖြစ် ကျင်းပမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကျွန်တော်တို့ အစည်းအဝေးမှာ ဆုံးဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များ တက်ရောက်ဖို့သင့်ကြောင်း ၎င်းကဆိုသည်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်