တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဒီဂရီကောလိပ်မှ နေ့သင်တန်းနှင့် ပထမနှစ်ဝက်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
“ ကျောင်းသားကျောင်းသူတွေကို ပညာသင်ထောက်ပံ့ကြေးက တစ်လသုံးသောင်း ဆယ်လစာသုံးသိန်းထောက်ပံ့ပြီး မည်သူမဆိုလျှောက်ထားနိုင်ပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးကပြောသည်။
တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးဆုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ၈၀၀၀ ပေးအပ်မည်ဖြစ်ပြီး လျှောက်ထားလိုသူသည် မိမိတို့နေထိုင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ မတ်လ ၃၁ ရက်နောက်ဆုံးလျှောက်ရမည်ဖြစ်သည်။
လျှောက်ထားသူများသည် အမှန်တကယ်ဆင်းရဲနွမ်းပါးပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ၍ စာမေးပွဲကျရှုံးခြင်းမရှိပါက ဘွဲ့ရသည်အထိထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်