၂၀၁၇ ဇန်နဝါရီ ၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၇)
၂ဝ၂ဝ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတချို့ အားစိုက်လုံးပန်းနေကြသည်။ ကျွန်တော်တို့သတင်းအဖွဲ့လည်း နိုင်ငံရေးအနံ့ အသက်များ ထုတ်နုတ်တင်ပြရန် အစီအစဉ်ဆွဲကာ ကားလေးတစ်စီးဖြင့် စုစုစည်းစည်း ထွက်လာခဲ့သည်။ ကျွန်တော်တို့ စီးလာသည့် ကားလေးသည် တစ်ဟုန်ထိုးပြေးလွှားနေရင်း မဟာရန်ကုန်မြို့၏ တစ်နေရာအရောက် ခြံတစ်ခြံထဲသို့ ထိုးကွေ့လျက် ဝင်ရောက်လာပါသည်။ ကားဆရာက ငြင်သာမှုအပြည့်ဖြင့် စက်ကိုသပ်ထားလိုက်သည်။
ကျွန်တော်တို့အဖွဲ့ ကို တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အိမ်ကြီးတစ်လုံးက ခရီးဦးကြိုဆိုနေသည့်နှယ်တွေ့ရပြီး ခြံထဲတွင် တွေ့ရှိလိုက်ရသော သရက်ပင်များက မြင်ရသူအပေါင်းအား ကျေးလက်ဒေသသို့ ဆွဲခေါ်သွားသလို ခေတ္တခဏတော့ မင်သက်မိစေသည်မှာ အမှန်။ ခဏအကြာ ကျွန်တော်တို့ရဲ့ သတင်းပဲ့ကိုင်တစ်ဦးက အဆင်သင့်ဖွင့်ထားသော အိမ်တံခါးမကြီးထဲဝင်၍ရပြီဟူသည့် မျက်ရိပ်မျက်ကဲပြမှုကြောင့် ကျွန်တော်တို့လည်း သူနှင့်အတူ စည်းချက်ညီညီ လျှောက်လှမ်းရန် ခန္ဓာကိုယ်အား လှုပ်ရှားမောင်းနှင်လိုက်တော့သည်။
အိမ်ထဲရောက်သောအခါ တိုင်းရင်းသား ဇနီးမောင်နှံတို့၏ ဓာတ်ပုံများက ဖော်ရွေစွာဧည့်ခံနေသလိုရှိနေပြီး ကျွန်တော်တို့ ခေတ္တခဏ ထိုင်နေစဉ်မှာပင် ရှမ်းပြည်နယ်ကိုယ်စားပြု ကျားဖြူပါတီ၏ ခေါင်း ဆောင်ကြီးမှ အေးဆေးတည်ငြိမ်စွာဖြင့် ကျွန်တော်တို့ထိုင်နေရာ ဧည့်စားပွဲဝိုင်းသို့ လျှောက်လှမ်းလာခဲ့သည်။ ဤသို့ဖြင့် ကျွန်တော်တို့အဖွဲ့ သည်လည်း တစ်ဦးချင်းစီ မိတ်ဆက်ကာ ရှမ်းတိုင်းရင်းသားကြီးနှင့် နွေးထွေးသောဆက်ဆံရေးဖလှယ်မှုကို ပြုကြပါတော့သည်။
ပထမဦးစွာ ကျွန်တော်တို့အဖွဲ့မှ လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး သိလိုသည်များနှင့် ကျားဖြူပါတီ၏ မူဝါဒသဘောတရားများ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်၊ ပါတီ၏ အားသာ ချက်၊ အားနည်းချက်တို့အပေါ် သုံးသပ်ပြောကြားရာ ကျားဖြူပါတီခေါင်းဆောင်ကလည်း တည်ငြိမ်ရင့်ကျက်စွာဖြင့် အများပြည်သူများလေ့လာနိုင်ရန် တင်ပြအပ်ပါသည်။ ကျွန်တော်တို့ တွေ့ ဆုံခဲ့သူမှာ ကျားခေါင်းပါတီ၏ ပဲ့ကိုင်ရှင်ခေါင်းဆောင်ကြီးကား ရှမ်းတိုင်းရင်းသား ဦးစိုင်းအိုက်ပေါင်းပင် ဖြစ်ပေတော့သည်။
ကျားဖြူပါတီ ဖြစ်ပေါ်လာပုံ
ကျားဖြူပါတီ SNDP ဖြစ်ပေါ်လာ တာက ရှင်းရှင်းပြောရရင် ဦးစိုင်းကိုင်ဖနဲ့ ဦးစိုင်းလိန်မြတ်ဆိုတာ ကျွန်တော့်ကို သုံးခါတိတိလာပြီးပြောတယ်။ ဦးဆောင် ပေးပါ။ ပထမတစ်ကြိမ်လည်း ငြင်းလိုက် တယ်။ အသက်လည်းကြီးပြီ နှလုံးရောဂါ လည်း ရှိနေတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ၆၅နှစ်ရှိပြီ ပါတီစထောင် ဖို့ မလုပ်ပါရစေနဲ့လို့ ဒေါက်တာစိုင်း မောက်ခမ်းကို သွားပြောလိုက်ပါလို့ ပြော လိုက်တယ်ဆိုပေမယ့် တစ်ကြိမ်လည်း မဟုတ်ဘူး နောက်နှစ်ကြိမ်လာတဲ့ နောက်ဆုံးကြတော့ လူတော်တော်များ တဲ့ လာပြီးတော့ကျောက်မဲက ကျားဖြူ ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ စိုင်းဆောင်ဆီပါ ပါ လာတဲ့ပထမရက်က မလုပ်တော့ဘူးလို့ ကျန်းမာရေးအခြေအနေကလည်း မ ကောင်းဘူး လာပြီးတိုက်တွန်းတဲ့သူတွေ မျက်စမျက်နာပျက်သွားကြတယ်။ ညဘက်ရောက်တော့ ကျွန်တော်စဉ်းစားတယ်။ သူတို့က ဒီလောက်တောင်ပြော နေတော့ ဦးမဆောင်ပေးရင်လည်း ရွေး ကောက်ပွဲကလာတော့မယ်ဆိုတော့ ဒီ ၂ဝဝဝမှာ ရှမ်းပြည်အတွက် ဦးဆောင် မယ့်သူလည်း မရှိဘူးဆိုတော့ လက်ခံ လိုက်တဲ့ အခါမှာ နံပတ်၁၅နဲ့ရခဲ့ပါတယ်။ ရပြီး တော့ ရွေးကောက်ပွဲနိုဝင်ဘာ ၇ ရက်အ ထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြ တယ်။ ဝင်ပြိုင်တဲ့အခါ ပထမဆုံးမှာပဲ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၇ နေရာနိုင်ခဲ့တယ်။ နောက်တစ်ခါကြား ဖြတ် ရွေးကောက်ပွဲ လားရှိုးမှာအမျိုး သားလွှတ်တော်ကိုယ်စားလှယ်အတွက် နောက်ထပ်ဝင်ပြိုင်တဲ့အခါ တစ်နေရာ ထပ်နိုင်တယ်။ စုစုပေါင်း ၅၈နေရာနိုင် တယ်။ နိုင်ပြီးတော့ ကချင်ပြည်နယ်မှာ လည်း ပြည်နယ်ဝန်ကြီးနှစ်နေရာ ရခဲ့ တယ်။ လက်ရှိစက်မှုဝန်ကြီး တစ်နေရာ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေ ရာ၊ အလားတူပဲတိုင်းဒေသကြီး မန္တလေး မှာလည်းရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်နေရာနိုင်ခဲ့တယ်။ နောက် တစ်ခါ ရှမ်းပြည်နယ်မှာ ကျွန်တော်တစ် ဦးအပါအဝင် နောက်ဆောက်လုပ်ရေး ဝန်ကြီးတစ်ဦးရခဲ့တယ်။ စုစုပေါင်း ဝန် ကြီး ခြောက်ဦးရခဲ့တယ်။ ဒါ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲကနေဖြစ်ပေါ် လာတာ။
ပါတီအချင်းချင်း ဆက်ဆံရေး
ခုလူတွေက အဲလိုပြောနေကြတယ် အမှန်ကျွန်တော်တို့က ဘယ်သူနဲ့မှမနီး စပ်ဘူး။ ကျားဖြူပါတီက ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်တည်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က ညီ နောင်တိုင်းရင်းသားတွေ စုစည်းထားတဲ့ NDF ဆိုတာရှိတယ်။ ညီနောင်တိုင်းရင်း သားများပါတီ အဖွဲ့အနေနဲ့ပါတီ ၂၄ ပါတီ ကျွန်တော်တို့ ပါဝင်ပြီးလုပ်စားနေ တယ်။ ပထမဆုံးစဖွဲ့တာ ညီနောင်တိုင်း ရင်းသားပါတီက ၁ဝရက်၁ဝလ၂ဝ၁ဝမှ စဖွဲ့တယ်။ အဲတုန်းက ချင်းပါတီ၊ ရခိုင် ပါတီ၊ ရှမ်းပါတီ၊ မွန်ပါတီ၊ ကရင်ပါတီ ၅ ပါတီနဲ့စဖွဲ့တယ်။ ယနေ့ဆိုရင် ၂၄ပါတီ ဖြစ်လာတယ်။ အဲအတွက် ကျွန်တော်တို့ က ဘယ်သူနဲ့မှလည်း ပြည်ပမှာရှိတဲ့ NLD ပါတီရှိတယ်။ ပြည်ခိုင်ဖြိုးရှိတယ်။ ကျွန်တော်တို့က ဘယ်သူနဲ့မှ မနီးစပ် ဘူး။ နီးစပ်တာက ညီနောင်တိုင်းရင်း သား ပါတီတွေပဲရှိတယ်။ လူတွက ပြော ကြတယ်။ စွတ်စွဲကြတယ်။ USDP နဲ့နီး စပ်တယ်ဆိုတာ ခု USDP မှာကြေညာ တဲ့ ကြေညာချက်တွေမှာ မပါဘူး။ ကျား ဖြူပါတီအနေနဲ့ ဘာလို့လဲဆိုရင် အလ ကားနေရင်းဒီ USDP မှာတစ်ပြားတစ်ချက် မှ ထောက်ပံ့မှုမရခဲ့ဘူး။ ယူလည်းမယူဘူး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ လှုပ်ရှားနေတဲ့ ပါတီတစ်ခုဖြစ်တယ်။ ကိုယ်တိုင်းရင်းသားတွေ၊ ကိုယ်ပါတီတွေ က ၂ဝ၁၅မှာဆို ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်တဲ့အလှူငွေတွေနဲ့လုပ်တယ်။ ဘယ်သူဆီကမှ လက်ဖြန့်တောင်းပြီး တော့ကူညီမယူခဲ့ဘူး။ ကျွန်တော်တို့ ကျားဖြူဟာကျားဆိုတဲ့ သဘောသဘာ ဝအတိုင်း ထီးတည်းကြီးပဲနေတယ်။ ဘယ် သူ့တပည့်မှလဲ မလုပ်ချင်ဘူး။ လုပ်လဲ မလုပ်ဖြစ်ဘူး။ တန်းတူရည်တူ ပူးပေါင်း ချင်ပူးပေါင်းမယ် ဘယ်သူ့တပည့်မှ မလုပ်ဘူး။ နိုင်တာရှုံးတာပြည်သူက ဆုံး ဖြတ်ချက်ပဲ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက် ထက်မှာငြိမ်းချမ်းရေးအတွက် အဲဒီ အောက်တိုဘာလ ၁၅ရက် ၂ဝ၁၅ NCA လက်မှတ်ထိုးတာ ကျွန်တော်ကအသိ သက်သေအနေနဲ့ပါခဲ့ပါတယ်။ အသိ သက်သေအနေနဲ့ လက်မှတ်ထိုးခဲ့တယ်။ ဘာလို့အသိသက်သေအနေနဲ့ လက် မှတ်ထိုးခဲ့လဲဆိုရင် အထဲမှာတိုင်းရင်း သားညီအစ်ကိုအချင်းချင်း ရန်ဖြစ်လာ တာကြာလှပြီ။ ကမ္ဘာမှာ ကျွန်တော်ထင် တယ် ပြည်တွင်းစစ်အရှည်ဆုံးက မြန်မာ ပြည်ဘဲဖြစ်မယ်။ တွက်မယ်ဆိုရင် နှစ် ပေါင်း ၇ဝ လောက်ရှိမယ်။ ကျွန်တော်တို့ အချင်းချင်းရန်ဖြစ်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေလို့ ကျွန်တော်တို့ အာဆီယံမှာ တကယ်အရင်ဆုံး ထိုင်းတို့ စင်္ကပူတို့က လေးစားခံရတဲ့ ပြည်ထောင် စု မြန်မာနိုင်ငံကြီးဟာ ယနေ့အာဆီယံ ဆယ်နိုင်ငံထဲမှာ GDP အနေနဲ့အနိမ့်ဆုံး နိုင်ငံဖြစ်သွားတယ်။ အရင်ကတော့ နိုင်ငံက ဆားလဲလှူတယ်၊ ဆန်လဲလှူ တယ်။ ယနေ့ကျွန်တော်တို့ကတော့ လှူ စရာမလိုတော့ဘူး။ သူဋ္ဌေးနိုင်ငံဖြစ်သွား ပြီ ထိုင်းဆိုရင်စက်မှုလက်မှု တိုးတက် သွားပြီ။ အခုတောင်သူလယ်သမားတွေ ဆင်းရဲနေပြီး တောင်သူလယ်သမားတွေ ၇ဝရာခိုင်နှုန်းလောက် ချမ်းသာမှ ကျွန် တော်တို့ နိုင်ငံကချမ်းသာမှာ တောင်သူ လယ်သမားတွေကို အားပေးရမှာ ဒီတိုင်းသွားရင် ဒုက္ခရောက်မယ်။
ရှမ်းပြည်နယ်လူထုတွေ့ဆုံပွဲ တားဆီး ခံရမှုကိစ္စ
တကယ်တမ်းကြတော့ အစိုးရနဲ့ တပ်မတော်နဲ့ အသိပေးပြီးတော့ ပွင့်ပွင့် လင်းလင်းနဲ့ပြောပြီးတော့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ခွင့်ပြုပေး သင့်တယ်။ အစက ကျွန်တော်တို့ ကျား ဖြူပါတီကလည်း ပြောတဲ့ကရင် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကရင်ပြည်နယ် ဘားအံမှာလုပ်ခွင့်ရခဲ့တယ်။ ရှမ်းပြည်မှာလည်း တောင်ကြီးမှာလုပ်ခွင့် ရကိုရရမယ်။ တချို့က ပင်လုံပြောပေမယ့် တောင်ကြီးမှာပဲလုပ်သင့်တယ်။ ပင်လုံ က မြို့ ကသေးသေးလေး အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ရင် ရှမ်းက ပြည်ထောင်စု မြန်မာနိုင်ငံမှာဗမာပြီးရင် ရှမ်းကဒုတိယအများဆုံးပဲ အရှေ့ တောင် အာရှမှာပေါ့။ပြောရရင် ရှမ်းကဗမာထက် များတယ်။ တရုတ်ပြည်မှာ ရှမ်းကသန်း ၂ဝ ကျော်ရှိတယ်။ တရုတ်ပြည်မှာ တိုင်းရင်းသား ၉၅ စုရှိတဲ့အထဲမှာ ရှမ်းကအများဆုံးပဲ။ အမှန်က ငြိမ်းချမ်းရေးက အစိုးရရော၊ တပ်မတော်ရော၊ ရှမ်းနဲ့ ပူးပေါင်းပြီးလုပ်မှ အောင်မြင်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ် လာတာက တကယ်တမ်းကြရင် ရှမ်း ခေါင်းဆောင်တွေ၊ ကချင်ရယ်၊ ချင်း ခေါင်းဆောင်တွေရယ်၊ ဗမာခေါင်း ဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပူးပေါင်းပြီး ယုံကြည်မှုနဲ့လုပ်ဆောင်ခဲ့ လို့ ယနေ့အထိ ပြည်ထောင်စုမြန်မာနိုင် ငံကြီးပေါ်ပေါက်လာတာ။ ၁၉၄၇ ဖေ ဖော်ဝါရီ ၁၂ရက်ပင်လုံစာချုပ်ကြီး မရှိ ခဲ့ရင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးလည်းရှိမှာမဟုတ်ဘူး။ တိုင်းရင်း သားတွေက ငြိမ်းချမ်းရေးကို လိုချင်ပြီး ငြိမ်းချမ်းရေးရအောင် တပ်မတော်ရော၊ အစိုးရရော၊ တိုင်းရင်းသားလက်နက် ကိုင်ရော ပြည်သူပြည်သားရော အားလုံး လက်တွဲပြီးတော့လုပ်ဆောင်မှရမှာ။ အဲ လိုမှ မလုပ်ရင် စီးပွားရေး၊ ပညာရေး အစစအရာရာနောက်ကျမယ်။
မူးယစ်ဆေးဝါးနဲ့ တိုင်းရင်းသားတို့ရဲ့အနာဂတ်
အမှန်ဒီဟာတွေက မူးယစ်ဆေး ဝါးနဲ့ပတ်သက်ပြီးတော့ တကယ်လို့ ဝန် ခံကျစတမ်းဆို ယနေ့လောက်မူးယစ် ဆေးဝါးပျံ့နှံ့နေရတဲ့ ရန်ကုန်မှာလည်း သိန်းနဲ့သန်းနဲ့ချီပြီး မိတယ်။ ပိုင်ရှင်မဲ့
ဆိုပြီးကားကိုစင်လုံးနဲ့ကိုမိတာ ဒါက တကယ်တမ်းကြရင် အာဏာပိုင်အစိုးရ အပေါ်မူတည်နေတယ်။ ကျွန်တော်မြင် တာတော့ ပိုက်ဆံချမ်းသာတဲ့သူတော် တော်များများက မူးယစ်ဆေးဝါးနဲ့ ဆက် နွယ်နေတဲ့ပုဂ္ဂိုလ်တွေ များတယ်လို့ ထင် မြင်ယူဆရတယ်။
ကျားဖြူ ကျားခေါင်းပေါင်းစည်းမှု
ကျားခေါင်းနဲ့ကျားဖြူပေါင်းစီးရေး က ကျွန်တော်တို့ဆီကို နာမည်ကြီးနေ တဲ့ ဆရာတော်သုံးပါး ရှမ်းပြည်မှာရှိတယ်။ အဲ့ထဲက ဒေါက်တာဘွဲ့ ရတဲ့ ဆရာတော် တစ်ပါးက စာရေးလာတဲ့ ရှမ်းပါတီတွေ ပူးပေါင်းဖို့ အကြံပြုစာရေးလာတယ်။ နောက်တစ်ခါ ကျောက်ထူးခမ်းဆိုတာ ရှိတယ်။ တရားဟောတာအရမ်းတော် တယ်။ ဆရာတော်တစ်ပါးကလည်း တရားဟောတဲ့အချိန်မှာ တကယ်လို့ ကျားခေါင်းနဲ့ကျားဖြူမပေါင်းစီးဘူးဆို ရင် ခင်ဗျာတို့ပြောလိုက် ဘယ်သူ့ကိူမှ မဲမထည့်ဘူးလို့ ပြောတယ်။ ဆရာတော် တွေကလည်း ဖိအားပေးတယ်။ ပြည်သူ တွေကလည်း ဖိအားပေးတယ်။ ကျွန် တော်တို့ကလည်း ရှမ်းပြည် ညီညွတ်ရေးကော်မတီထဲမှာ အဖွဲ့ဝင် တစ်ဦးအနေနဲ့ လက်ရှိမှာသဘာပတိအ နေနဲ့ NCA လက်မှတ်ထိုးထားတဲ့ ဦးယွက်ဆစ်က သဘာပတိသူသိလို့ ကျွန် တော်တို့ကို CEC ထိုင်ပြီးတော့ ညှိနှိုင်း ပေးဖို့ဆိုပြီး စာပို့ခဲ့တယ်။ တကယ်လို့ မပေါင်းစည်းနိုင်ဘူးဆိုရင် နယ်မြေတွေ ခွဲပြီးတော့ လာမည့်၂ဝ၂ဝရွေးကောက်ပွဲ မှာ သူ့နယ်မြေမှာလည်းကိုယ်မပြိုင်ဘူး ကိုယ်ပြိုင်မယ့်နယ်မြေမှာလည်းသူတို့လာမပြိုင်နဲ့ အဲလိုပုံစံနယ်မြေခွဲပြီးတော့ ၂ဝ၂ဝရွေးကောက်ပွဲမှာ ဝင်ရအောင်ဆို ပြီး CSSU ရဲ သဘာပတိဖြစ်တဲ့ ဦးယွက်ဆစ်ကို စာပို့ထားတယ်။ ယနေ့အချိန်ထိ ပြန်တာမရှိဘူး။ တချို့ ကမပေါင်းဘူး ပြောတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှမ်းပြည်မှာလက်နက်ကိုင် နှစ်ဖွဲ့ရှိတယ်။ ဝန်ပိုင်းရှိတယ်။ RCSS ရှိတယ်။ ပြည်သူ့ စစ်တွေရှိတယ်။ နှစ်ဖွဲ့တောင်မကဘူး အများကြီးရှိတယ်။ ပြီးခဲ့တဲ့ အခု၂ဝ၁၅ ရွေးကောက်ပွဲမှာ သက်သေအထောက် အထားအများကြီးရှိတယ်။ ဒီအားနဲ့ ပါတီတစ်ခုကနိုင်သွားတယ်။ လွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲတစ်ခုမဟုတ် ဘူး။ မပေါင်းနိုင်ဘူး။ ကျွန်တော်တို့ရ တယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်း ရဲ့ဖိအားလုံးဝမပါနဲ့ မေတ္တာရပ်ခံချင်တာ က နှစ်ဖက်စလုံးရော လက်နက်ကိုင်အဖွဲ့ အစည်းက ဘယ်ပါတီဘယ်အဖွဲ့ အစည်း ကိုမှ ဖိအားမပေးနဲ့၊ မထောက်ခံနဲ့ ပြည်သူလူထုလွတ်လွတ်လပ်လပ်မဲထည့်ပါစေ။ တကယ်ကိုလွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲဆိုရင် ကျွန်တော် တို့ကအရမ်းဝမ်းသာတယ်။ ဘယ်လိုဖြစ် နေလဲဆိုရင် ရှမ်းပြည်မှာလူဦးရေတစ်ရာ ရှိရင် ရွာမှာရှိတဲ့ရှမ်းပြည်နယ်ရဲ့လူဦးရေ က ၇၆ ရာခိုင်နှုန်းရှိတယ်။ မြို့ ထဲမှာတစ် မဲမှမရရင်နေပါစေ။ ရွာကနေနိုင်ရင် ပြီး ပြီ။ ပြည်သူ့လွှတ်တော်ရော၊ ပြည်နယ် လွှတ်တော်မှာနိုင်မှာ။ ရွာလိုအခြေခံနေ တဲ့ရှမ်းပြည်နယ်ရဲ့ အနေအထားက လက်နက်ကိုင်တွေက နှစ်ပေါင်း၅ဝ၊ ၆ဝ ရဲ့ ဩဇာအာဏာကိုခံယူတဲ့ နှစ်ပေါင်းက ကြာပြီး လက်နက်က်ိုင်က သူတို့ပါတီပဲ ထည့်ရမယ်။ ဘယ်လောက်ကြိုက်ကြိုက် တချို့ဆိုငိုပြီးတော့လာပြောတယ်။ ကျွန် တော်တို့ ၂ဝ၁ဝနိုင်တုန်းက ကျောက်မ ဲ မှာ ကျောက်မဲတစ်မြို့နယ်ထဲ ပြည်သူ လူထုရဲ့ လယ်မြေကို သိမ်းထားတဲ့ဧက တစ်သောင်းကျော်ရှိတယ်။ အဲဒါကိုရ အောင်လုပ်ခဲ့တယ်။ အလားတူ ရှမ်း တောင်တန်းရှေ့၊ ရှမ်းမြောက်အားလုံးကိုလုပ်ပေးခဲ့တယ်။ အဲဒီအတွက် ပြည် သူလူထု ကျေးဇူးရှိခဲ့တယ်။ ကျားဖြူပါတီ က ပြည်သူအတွက်လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ကိုပဲ ထည့်ပေးချင်ပေမယ့် မလွတ်လပ်တဲ့အတွက်ကြောင့် ၂ဝ၁၅ မှာရှုံးခဲ့တယ်။ ၂ဝ၂ဝရွေးကောက်ပွဲကြ ရင် ပေါင်းပေါင်းမပေါင်းပေါင်း အကြောင်း မဟုတ်ဘူး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ရမယ်။ တိုင်းရင်း သားလက်နက်ကိုင်တွေဘယ်သူဘက် ကိုမှထက်မလိုက်ပါရစေနဲ့ ပြည်သူကို လည်းဖိအားမပေးပါနဲ့ ပြည်သူ ကလွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပါလိမ့်မယ်။ မဲ ပေးပါခွင့်ပေးပါ။ အဲချိန်မှ လွတ်လွတ် လပ်လပ်ပြိုင်ရအောင် ရှုံးရင်လည်းဝမ်း သာတယ်။ နိုင်ရင်လည်းဝမ်းသာတယ်။ အဲဒါ မှ လွတ်လပ်ပြီးပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ၂ဝ၂ဝမှာလိုချင်တယ်။ ဒီနေ ရာကနေပီး ဘယ်တိုင်းရင်းသား လက်နက်ကိုင်မှ ဘယ်သူဘက်မှမပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
အင်အားကောင်းတဲ့ပါတီကြီးဖြစ်ဖို့
ကျွန်တော်တို့က ၂ဝ၁၅ မှာတတိယ အင်အားစုပါတီလုပ်ရတော့မယ်လို့ မြင်ခဲ့တယ်။ NDF ကနေပြီးတော့ ညီ နောင်တိုင်းရင်းသားပါတီ ဖက်ဒေးရှင်း ကနေပြီး FUP ဆိုပြီးပါတီကို တည် ထောင်တယ် FUP ဆိုတာ ဖက်ဒရယ်ယူနီယန်ပါတီ ဖက်ဒရယ်ပြည်ထောင်စုပါတီ ပေါ့ ထူထောင်လိုက်တယ်။ ပြီးတော့ ၁၈ နေရာလောက် ဝင်ပြိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ရွေးကောက်ပွဲကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပြည်သူလူထုက ပြောင်းလဲချင် တယ်လေ။ ပြောင်းလဲချိန်တန်ပြီဆိုပြီး ပါတီကြီးတစ်ခုက ကြွေးကြော်လိုက် တယ်။ အကုန်လုံး NLD ကိုလူမကြည့်ဘူး ပါတီပဲကြည့်ပြီး ထည့်လိုက်တာမှာ လုံး ဝတောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ ကျွန် တော် FUP ကတစ်ယောက်မှ မနိုင်ခဲ့ဘူး။ ဒါပေမဲ့ ယနေ့နိုင်ငံရေးအခြေအနေက ပြောင်းလဲသွားပြီး ခုလေ့လာကြည့်လိုက် တဲ့အခါမှာ ပြည်သူလူထုတကယ်ပါတီ ကြီး နှစ်ခုမဟုတ်တော့ဘူး တကယ်ပြည် ထောင်စုကို လွှမ်းခြုံမယ့် တတိယအင် အားစုပါတီကို လိုလားတောင့်တနေ တယ်။ ကျွန်တော်တို့လည်း ဖက်ဒရယ်ယူနီယန်ပါတီကိုလဲ အားရှိအောင်ကြိုးစား ပြီး ပြင်ဆင်နေတယ်။ ၂၀၁၈ကြရင် လူတွေစုပြီးလုပ်မယ်။ ၂ဝ၂ဝကြရင် ပါတီကြီးတစ်ခုက လုံးဝတောင်ပြိုကမ်း ပြိုနိုင်မယ့် ပါတီမဖြစ်လာတော့ဘူး။ ညွှန့်ပေါင်းအစိုးရဖြစ်ဖို့ မြင်ထားတယ်။ တိုင်းရင်းသားပါတီတွေလည်း အဲအခါ ကျရင် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင် လာတော့မယ်လို့ မြင်တယ်။
၂ဝ၁၈ နိုင်ငံရေးလားရာ
လောလောဆယ် စီးပွားရေးက အောက်ခြေလူတန်စားတောင်သူလယ် သမားတွေက တော်တော်ဒုက္ခရောက်နေ ကြတယ်။ ဒီကြားထဲပဲစိုက်တဲ့တောင်သူ တွေလည်း ဒုက္ခရောက်နေကြတယ်။ စပါးစိုက်တဲ့သူလောက်ပဲ နည်းနည်းအ ဆင်ပြေကြတာ။ ပဲဈေးကတစ်ဝက် လောက်ထိုးကြသွားတာ အဓိကတော့ အန္ဒိယကမဝယ်တော့ဘူး။ ဈေးကွက်ကို တစ်ခုတည်းနဲ့အားကိုးလို့မရဘူး။ အရင်တရုတ်ကို ဆက်တိုက်ပြောင်းပို့ တယ်တရုတ်ကပြောင်းမဝယ်ရော ပြောင်းစိုက်တဲ့သူတွေ ရှုံးကြတယ်။ စီး ပွားရေးက စိုက်ပျိုးရေးကို ဦးစားပေးသင့် တယ်။ နောက်တစ်ခုက လျှပ်စစ်မတိုး တက်ရင်လည်း တိုင်းပြည်ကမတိုးတက် ဘူး။ အများဆုံးတောင်သူလယ်သမား ချမ်းသာမှတိုးတက်မှာ။ နိုင်ငံခြားကိုသွား တဲ့သူတွေထဲမှာ အညာကသူတွေများ တယ်။ နိုင်ငံတော်အစိုးရ စီးပွားရေး ကောင်းဖို့စဉ်းစားပေးရမယ်။ ငြိမ်းချမ်း ရေးနဲ့စီးပွားရေးနဲ့ အဲနှစ်ခုလုံးတစ်ပြိုင် တည်းတတ်အောင်လုပ်ရမယ်။ ငြိမ်းချမ်း ရေးမရသေးဘဲ စီးပွားရေးကိုထားလိုက် ရင်တော့ ဒုက္ခရောက်မယ်။ ပေါ်လစီကို မှန်မှန်ချဖို့လို့ ပိတ်လိုက်ဖွင့်လိုက်နဲ့ဆိုရင် နိုင်ငံခြားသားတွေကလည်း မယုံတော့ ဘူး။ ယုံကြည်မှုက အရမ်းအရေးကြီး တယ်။ ပြီးတော့ တွင်းထွက်ပစ္စည်းက ကြာလာ ရင်ကုန်သွားမှာ စိုက်ပျိုးရေးက မကုန်နိုင်ဘူး။ မြန်မာပြည်က အင်္ဂလန် ထက်ကျယ်ပါတယ်။ မြန်မာပြည် လူဦး ရေက ၅၁သန်းပဲရှိတယ်။ ၂ဝ၁၄ သန်း ခေါင်စာရင်းအရပေါ့ မြေတွေက အများ ကြီး စိုက်ပျိုးရေးကိုပဲဇောက် ချပြီး လုပ်ပါ။ ပြီးမှစက်မှုလုပ်ငန်းပြန်လုပ်၊ လျှပ်စစ်မီးရ အောင်ပြန်လုပ်၊ လမ်းပန်း ဆက်သွယ်ရေး ပြန်လုပ်အဲကျရင် တိုင်း ပြည်တိုးတက်သွားမယ်။ နှစ်နှစ်တောင် ပြည့်တော့မယ် ဘာကိုမှမဖြစ်သေးဘူး။ ပေါ်လစီကို မြန်မြန်ချဖို့လိုတယ်။ မြန်မြန် မချရင် စီးပွား ရေးတိုးတက်ဖို့မဖြစ်နိုင်ဘူး။
ဇင်နိုင်