အနာဂတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ ပေါ်ထွက်လာရေး YUFC Academy နွေရာသီဘောလုံးသင်တန်း ဖွင့်လှစ်မည်

အနာဂတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားကောင်းများ ပေါ်ထွက်လာရေးအတွက် YUFC Academy နွေရာသီ ဘောလုံးသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ သိရသည်။
သင်တန်းကာလကို မတ်လ ၂ ရက်မှ စတင်ကာ လစဉ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများတက်ရောက်နိုင်ရန်အတွက် သင်တန်းကြေးတစ်လသုံးသောင်းကျပ်မှစတင်သတ်မှတ်ကာ Intermediate, Adcanced Level နှင့် Professional Level တို့ဖြင့် Level သုံးခုခွဲကာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
“ အဓိကရည်ရွယ်ချက်ကတော့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးပါပဲ။ ဒီသင်တန်းကနေ လူငယ်ကစားသမားကောင်းတွေ ပေါ်ထွက်လာရေးပေါ့” ဟု သင်တန်းမှူး ဦးဧရာမောင်က ပြောသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်အသင်း နည်းစနစ်ဒါရိုက်တာ မစ္စတာဗာရှယ်ဆိုပါ ဦးဆောင်သော AFC လိုင်စင်ရနည်းပြဆရာများမှ ဘောလုံးပညာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။
YUFC Academy သည် ယခင်က School Of Football အမည်ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ YUFC Academy ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
“ အခုဟာက အရင်လိုမဟုတ်ဘူး။ အရင်တုန်းက သုံးသောင်း၊ လေးသောင်း၊ ငါးသောင်း ခွဲထားတယ်။ အခုမခွဲထားတော့ဘူး။ အဓိကက ကလေးတွေရဲ့ အခက်အခဲကြောင့်ပေါ့” ဟု ငွေရေးကြေးရေးထက် ပညာရပ်ပိုင်းဆိုင်ရာကို ပိုအလေးထားသွားမည်ဖြစ်ကြောင်း သင်တန်းမှူး ဧရာမောင်ကပြောသည်။
သင်တန်းတွင် အသက် ၆ နှစ် မှ ၁၃ နှစ်အထိကို မနက်ပိုင်း ၇ နာရီမှ ၈း၃၀ အထိ သင်ကြားသွားမည်ဖြစ်ပြီး အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိကို တစ်ပတ်လျှင် ၃ ရက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုးအောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်