၂၀၁၈ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရန် ညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဖျာပုံမြို့၌ ၂၀၁၈ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီက ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“ တက်ရောက်လာတဲ့ အားကစားဆပ်ကော်မတီတွေနဲ့ ပူးပေါင်းပြီး နွေရာသီအခြေခံအားကစားသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းပိတ်ရက်မှာ သင်တန်းကို ကလေးလူငယ်တွေ အကျိုးရှိရှိအသုံးချနိုင်စေရေးနဲ့ မိဘတွေက သားသမီးတွေကို လမ်းမှားမရောက်နိုင်ဖို့ သင်တန်းဆီ ပို့ဆောင်ပေးစေချင်တယ်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးဆိုတဲ့ နိုင်ငံတော်ရည်မှန်းချက်ပန်းတိုင်ကို တစ်ထောင့်တစ်နေရာကနေ ဆောင်ရွက်နိုင်တယ်ဆိုရင် ဝမ်းသာရပါတယ်။ သင်တန်းကို အသက်အရွယ်မရွေး သင်ကြားနိုင်စေရန် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ထိုသင်တန်းသားတွေထဲက ဝါသနာပါသူတွေကို အားကစားသိပ္ပံကျောင်းတက်ရောက်ချင်ရင်လည်း အကူအညီပေးသွားမှာဖြစ်ပါတယ်” ဟုဖျာပုံခရိုင် အားကစားမှူး ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။
ထို့နောက်ဖွင့်လှစ်သင်ကြားပေးမည့် အားကစားများအား ရွေးချယ်အတည်ပြုခဲ့ရာ အားကစားနည်း ၁၀ မျိုး အားသတ်မှတ်ပြီး မတ်လ ၁၁ ရက်မှ မတ်လ ၂၅ ရက်အထိ သင်တန်းဖွင့်လှစ်မည်ဖြစ်ရာ (၁) ဖူဆယ်၊ (၂) မြန်မာ့သိုင်း၊ (၃) စားပွဲတင်တင်းနစ်၊ (၄) ပိုက်ကျော်ခြင်း၊ (၅) တင်းနစ်၊ (၆)ဘောလုံး၊ (၇) ရိုးရာလက်ဝှေ့၊ (၈) ပြေးခုန်ပစ်၊ (၉) ကရာတေးဒို၊ (၁၀) ကာယဗလတို့ ဖြစ်ကြောင်းသိရသည်။

မျိုးစံစိုး(ဖျာပုံ)

 

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်