“သေချာတာကတော့ လူထုခေါင်းဆောင်ရဲ့လမ်းညွှန်ချက်နဲ့ မညီအောင် လုပ်နေတာတော့ ကျိန်းသေပါတယ်”
Myanmar Fisheries International Joint Venture Limited မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းနှင့် တွေ့ဆုံခြင်း
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၆)
၂၀၀၀ ပြည့်နှစ်ကတည်းက စတင်တည်ဆောက်အကောင်အထည်ဖော်နေသည့် မြိတ်မြို့ငါးလေလံဈေးကြီးကို ဒေါ်လာ ၁၀ သန်းမတည်ရင်းနှီး လုပ်ဆောင်နေပြီး ယခုအခါ ထပ်တိုးရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ သန်း ၂၀ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။ သို့သော် သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေနှင့်အညီ စိစစ်နေသည်ဟု ပြောဆိုကာ လပေါင်း ၁၈ လကြာမြင့်သည်အထိ တိကျသည့်အဖြေ တစ်စုံတစ်ရာ မရှိသည့်အပေါ် မြိတ်မြို့ အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးကြီးကို အကောင်အထည်ဖော်ပြုလုပ်နေသည့် Myanmar Fisheries International Joint Venture Limited (MFIJV Ltd) မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါ်ဌေးဌေးဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။
UNYTY- ဒီမြိတ်ငါးလေလံဈေးကြီးလုပ်ဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ။
DHHW- တကယ်တမ်းကျတော့ ငါး လေလံဈေးကိုစိတ်ကူးရခဲ့တာ ပြင်သစ်နိုင်ငံသားပါ။ အဲဒီအချိန်တုန်းက တနင်္သာရီတိုင်း တိုင်းမှူး ဗိုလ်ချုပ်စစ်မောင်က အလည်ခေါ်လို့ တနင်္သာရီတိုင်းကို သွားရင်းနဲ့ သူကော့သောင်းကို အရင်ဝင်ပါတယ်။ ကော့သောင်းကနေ ရနောင်းကို သွားတယ်။ သွားတဲ့အချိန်မှာ မြန်မာနိုင်ငံအလံတွေနဲ့ ငါးတွေသွားရောင်းတာကို တွေ့တယ်။ တွေ့တော့ ဘာဖြစ်လို့ မြန်မာနိုင်ငံအလံနဲ့ ငါးလှေတွေ လာရောင်းတာလဲဆိုပြီးတော့ သူ့ကိုယ်သူ မေးခွန်းပြန်မေးမယ်။ ဘာကြောင့် သူ အဲဒီမေးခွန်းကို မေးသလဲဆိုတော့ ဒီငါးလေလံဈေးကြီးကို ဖောင်ဒါလုပ်ခဲ့တဲ့ မစ္စတာပီရွှန်းက ထိုင်းနိုင်ငံမှာ စစ်သံမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာဖြစ် တဲ့အတွက် ထိုင်းနိုင်ငံရဲ့သယံဇာတဖြစ် တည်မှု၊ ထိုင်းနိုင်ငံရဲ့ အခြေအနေကို ကောင်းကောင်းသိတဲ့အခါကျတော့ မြန်မာနိုင်ငံကလာတဲ့ငါးတွေဟာ တရားဝင်လား။ ဘာဖြစ်လို့လဲဆိုတာကို သူ့ကိုယ် သူမေးခွန်းထုတ်တယ်။ ထုတ်ရင်းနဲ့ သူဗွီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်လာတယ်။ ရိုက်လာပြီးတော့ ရနောင်းက ကော့သောင်း၊ ကော့သောင်း ကနေ မြိတ်ကိုဝင်လည်တဲ့အချိန်မှာ တိုင်းမှူးကို ဒါတွေချပြတယ်။ ချပြတဲ့ အချိန်မှာ တိုင်းမှူးကလည်း ဝမ်းသာအားရနဲ့ ကျွန်တော် ခင်ဗျားကို အဲဒီကိစ္စနဲ့ အလည်ခေါ်တာ။ ဒါတွေကြည့်ပေးစေချင်လို့။ ကျွန်တော်တို့ ဘာလုပ်ရင် ကောင်းမလဲ။ ပင်လယ်ပြင်ကြီးဆိုတာ အုတ်တံတိုင်းတော့ ကာလို့တော့ မရဘူး။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ ဘက်မှာ သူတို့ကို ပြိုင်နိုင်ဖို့ ငါးလေလံ ဈေးကြီးမရှိဘူးဆိုတဲ့ အချိန်မှာ မစ္စတာ ပီရွှန်းက ဟုတ်ပြီ၊ ဒါဆိုလို့ရှိရင် ကျွန်တော် ခင်ဗျားတို့လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကို လာလုပ်ပေးမယ်။ ခင်ဗျားတို့ဘက်လည်း ဥပဒေနဲ့အညီ ကာကွယ်သွားဆိုပြီးတော့ ထိုင်းရောက်တဲ့ ငါးဈေးကွက်ကို ပြန်ယူဖို့ရယ် ထိုင်း ရောက်နေတဲ့ မြန်မာလုပ်သားအရင်းအ မြစ်တွေကို ပြန်ယူဖို့ စိတ်ကူးနဲ့ ငါးလေ လံဈေးကြီးဆောက်ဖို့ ရည်ရွယ်ခဲ့တယ်။
UNYTY- ဒီမြိတ်ငါးလေလံဈေးကို ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံထားလဲ။
DHHW- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှုံမှုခွင့်ပြုချက်အရ အမေရိကန်ဒေါ်လာသန်း (၇၀)ထိ ရင်းနှီးမြှုပ်နှံခွင့်ရှိပါတယ်။ အခုလက်ရှိ အမေရိကန်ဒေါ်လာ(၁၀)သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း(၂၀) ထပ်မံရင်းနှီးမြှုပ်နှံဖို့ ၂၀၁၆ ခုနှစ် ဇွန်လလောက်ကတည်း အစုရှယ်ယာရှင်တွေက ဆုံးဖြတ်ပြီး ပြည်ထောင်စုဝန်ကြီးကို တင်ပြထားတယ်။ ဒီနေ့အချိန်အထိ သန်း (၂၀)ရင်းနှီး မြှုပ်နှံခွင့်နဲ့ပတ်သက်ပြီး ရှင်း လင်းတိကျတဲ့အဖြေ မရသေးပါဘူး။
UNYTY- ဒေါ်လာ သန်း ၂၀ ထပ်တိုး ရင်းနှီးမြှုပ်နှံခွင့် ဘာကြောင့် ဒီလောက် ကြာနေတယ်ထင်လဲ။
DHHW- အမှန်တကယ်ဆို သန်း ၂၀ တိုးတာနဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအကြံပေးဦးစီးဌာနက ၁၄ ရက် ၃ လ ၂၀၁၇ ခုနှစ်တည်းက ဥပဒေအကြံပေးပြီးပါပြီ။ အဲဒီဟာအတွက် MIC က ၂၄ ရက် ၃ လ ၂၀၁၇ ခုနှစ်မှာ သန်း ၂၀ နဲ့ပတ်သက်ပြီး အစုရှယ်ယာရှင်အားလုံးကိုခေါ်ပြီး MIC ကလည်း ခွင့်ပြုပေးခဲ့ပါပြီ။ ၃-၈-၂၀၁၇ စီးပွားရေးကော်မတီကိုတင်တဲ့ အချိန်မှာ ရှေ့နေချုပ်ရုံးက စာချုပ်စာတန်းပေါ်မှာ အကြံပြုတာမဟုတ်ဘဲ စီးပွားရေးမှာ လုပ်ငန်းတွေကိုပါ ဝင်စွက်ဖက်နေတယ်။ အကြံပြုတာရှေ့နေ မသိဘူး။ စီးပွားရေးလုပ်ငန်း ဝင်ရောက် စွက်ဖက်တာက ဒေသခံလုပ်ငန်းရှင်ရဲ့ နောက်ကွယ်က ကလီကမာလုပ်တာ ကြောင့်လား၊ တခြားလက်မဲ့ကြောင့် လား၊ ငါးလေလံဈေးပေါ်မှာ ကြောက်နေတဲ့ လူပုဂ္ဂိုလ်ကြောင့်လား၊ အဖွဲ့အစည်း ကြောင့်လား။
UNYTY- ဒီမြိတ်ငါးလေလံဈေးကြီးလုပ်ဖို့ MIC က ခွင့်ပြုပြီးပြီလား။
DHHW- MIC ကနေပြီးတော့ ၂၉-၉-၂၀၀၀ ခုနှစ်ကနေပြီးတော့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့် အမှတ်(၃၄၈/၂၀၀၀)နဲ့ ခွင့်ပြုခဲ့ပါတယ်။
UNITY- ထိုင်းနိုင်ငံက မြန်မာ့ရေပြင်မှာ ငါးခိုးဖမ်းနေတာ နှစ်ဘယ်လောက်ရှိနေပြီလဲ။
DHHW- တကယ်တမ်းကတော့ ထိုင်းက ငါးခိုးဖမ်းနေတာ ဆယ်စုနှစ်သုံးခု လောက်တောင်ရှိနေပါပြီ။ ဒီ့အတွက် ထိုင်းက မြန်မာ့ရေပြင်ကို ငါးခိုးဖမ်းနေ တာဖြစ်တဲ့အတွက် အိမ်နီးချင်းထိုင်းနဲ့ နီးစပ်တဲ့ မြိတ်မှာ ငါးလေလံဈေး တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။
UNITY- ဒီလို ငါးခိုးဖမ်းနေတဲ့အထဲမှာ မြန်မာတွေလည်းပါလား။
DHHW- ပါပါတယ်။ ဘယ်လိုလုပ်ကြ လဲဆိုတော့ အမည်ခံပေါ့။ ဒါ ကျွန်မတို့ မရောက်ခင်ကတည်းက မြိတ်ဒေသမှာ မြန်မာအမည်ခံထားတဲ့ ထိုင်းလူမျိုးပိုင် ငါးဖမ်းလှေတွေရှိတယ်။ ဒါကို ဖက်စပ် သဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့ ၂၃-၁၀-၂၀၀၀ ခုနှစ်မှာ မွေး/ရေဝန်ကြီး ဦးမောင်မောင်သိမ်းကိုယ်တိုင် ပြောသွားတာပါ။ ငါးလေလံဈေးစတုန်းက လှေ အစီးပေါင်း ၄၃၅ စီးရှိတယ်။ ဦး မောင်မောင်သိမ်းကိုယ်တိုင် ကျွန်တော် တို့ဆီမှာရှိတဲ့ ငါးဖမ်းလှေတွေဟာ မြန်မာအမည်ခံထားတဲ့ ထိုင်းနိုင်ငံသား ပိုင်လှေတွေပါဆိုပြီး ဝန်ကြီးကိုယ်တိုင် ပြောသွားတာပါ။
UNITY- ဒီလို ငါးခိုးဖမ်းနေတာကို ပြည်ထောင်စုအစိုးရဆီကို တင်ပြဖူးသလား။
DHHW – တင်ပြခဲ့ပါတယ်။ အရင်အစိုးရလက်ထက်မှာလည်း တင်ပြခဲ့တယ်။ ဝန်ကြီးတစ်ပါး ကိုယ်တိုင်သိနေတာပဲလေ။ အရေးမယူတာပဲရှိတယ်။ အရင်ကဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ စာတွေပို့ခဲ့တယ်။ အထူးစုံစမ်းရေးအဖွဲ့ကနေ စစ်ဆေးပေးပါဆိုပြီး စစ်ဆေး ခိုင်းခဲ့တယ်။ စစ်ဆေးပေးခဲ့တယ်။ မှန်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အက်ရှင်တစ်ခုမှ ပေါ်မလာဘူး။ အဲဒီလိုပဲ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတယ်။ နိုင်ငံတော်က အခွန်တွေ နစ်နာနေပါတယ်။ အခုလောလောဆယ် ဒီလှေတွေဟာ ကိုယ့်နိုင်ငံမှာမှတ်ပုံတင် ထားတာ။ ကိုယ့် လှေတွေ ဒီလှေတွေကို ဘယ်လိုထိန်းချုပ်မလဲ ကိုယ့်နိုင်ငံက အပြည့်အဝရရှိအောင်။ ပေါ်လစီချရမယ်။ ဒီအတွက် ပြည်ထောင်စုအစိုးရ အဆင့်ဆင့်ကို အစီရင်ခံစာတင်တယ်။ သာတူညီမျှ တန်းတူအခွင့်အရေး သယံဇာတကို စီမံအုပ်ချုပ်ဖို့။ ကျသင့်တဲ့ အခွန်အခ နိုင်ငံတော်ကကောက်ခံဖို့။ ဒီလို ကောက်ခံပြီးတော့ တခြားသော တိုင်း နှင့်ပြည်နယ်တွေကို ဘတ်ဂျက်တွေ ချပေးတဲ့အချိန်မှာ ညီတူညီမျှ အခွင့်အရေးရအောင် ဒီလောက်ထိ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိတော့ အရေးယူဆောင်ရွက်ခြင်း မရှိသေးပါဘူး။
UNITY- ဒီလိုတရားမဝင်ငါးဖမ်းတာကို တခြားလူတွေကရော ဖော်ထုတ်ခဲ့တာ ရှိလား။
DHHW- ဖော်ထုတ်တဲ့သူတွေရှိတယ်။ ရှိတဲ့သူက ဒေသခံလေးတွေပေါ့။ ကျွန်မတို့လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်နဲ့ လာလုပ်တယ်။ စာချုပ်စာတမ်းတွေနဲ့ နိုင်ငံတော်နဲ့ ချုပ်ဆိုပြီး တရားဝင်လာလုပ်တဲ့ ဥစ္စာတောင် ကျွန်မတို့အသံ တွေက ပျောက်နေတယ်ဆိုရင် တစ်ပိုင်တစ်နိုင် ဒီဒေသခံလေးတွေရဲ့အသံက နေပြည်တော်အထိ သယ်ဆောင်ဖို့ဆိုတာ အဝေးကြီးပါ။ ဒါလေးတွေကိုလည်း သတိချပ်စေချင်ပါတယ်။ ဖော်ထုတ်နေတဲ့ သူရှိတယ်။ လုပ်ငန်းရှင်ကြီးတွေကတော့ ဘယ်ဖော်ထုတ်မလဲ။ သူတို့ကတော့ သူ တို့ရဲ့အကျိုးအမြတ်ကိုး။ အဲဒါကြောင့် နိုင်ငံတော်အနေနဲ့ ပေါ်လစီချဖို့လိုပါပြီ။
UNITY- ကုန်ကြမ်းရောင်းတာချည်းပဲ အားမပေးဘဲ ကုန်ချောထုတ်နိုင်အောင် အစိုရအနေနဲ့ ဘာလုပ်ပေးဖို့လိုမလဲ။
DHHW- အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ထိုင်းန်ိုင်ငံက ငါးလာဖမ်းတယ်။ တရုတ်နိုင်ငံက ငါးလာဖမ်းတယ်။ ဖမ်းတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ဘာလုပ်သလဲဆို တော့ လာဖမ်း ငါ့ပင်လယ်ကို တရားဝင်မှတ်ပုံတင်ပြီးတော့။ ဒါပေမဲ့ ကုန်ကြမ်း သယ်ခွင့် လုံး၀(လုံး၀)ခွင့်မပြုပါဘူး။ သူ့နိုင်ငံမှာ Sနာင ဏမသိကခအ စက်ရုံဆောက် ပြီးမှ သက်ဆိုင်ရာနိုင်ငံကို သယ်ခွင့်ပြုပါ တယ်။ အဲဒီလို Sနာင ဏမသိကခအ လုပ်ခြင်း အားဖြင့် နံပါတ်(၁)ဒေသခံတွေ အလုပ်အခွင့်အလမ်းရသွားတယ်။ နံပါတ်(၂)က ငါးအကောင်လုံးဖမ်းမိပြီးပို့တာနဲ့ ငါးအသားလွှာပို့တာနဲ့ နိုင်ငံတော်က စည်း ကြပ်တဲ့အခွန်အခက မတူတော့ပါဘူး။ နောက်တစ်ခု ဒီနိုင်ငံရဲ့ အအေးခန်းကားတွေ သုံးမယ်။ သူတို့နိုင်ငံတကာက ရေကြောင်းက သင်္ဘောကြီးတွေ ဝင်လာမယ်။ ဒီအပေါ်မှာလည်း အကျိုးအမြတ် ခံစားခွင့် ရှိသွားပါမယ်။ နောက် သူတို့နိုင်ငံက နူနခအမငခငအပ သုံးမယ်။ ဒါတွေ အတွက်ရမယ်။ ဘောက်တွေလုပ်မယ်။ စက်ရုံတွေ ပေါ်လာမယ်။ ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အခြားသောစက်ရုံတွေ ပေါ်လာမယ်။ ဒါကြောင့်ရေလုပ်ငန်းကို ငါးတစ်ခုတည်းပဲ ကြည့်လို့ မရပါဘူး။
UNITY- ဥပဒေ အကာအကွယ်မရှိဘူးလား။
DHHW – ဥပဒေ ကာကွယ်မှုမရှိလို့ပဲ ဒီလိုဖြစ်နေတာပေါ့။ အခုဆိုရင် ကျွန်မတို့က Foreign Direct Investment လို့ ပြောလို့ရတယ်။ နိုင်ငံတော်နဲ့ စာချုပ်ချုပ်ဆိုထားတာ။ ကျွန်မဆိုလိုတာ အရင်စစ်အစိုးရနဲ့ ချုပ်ဆိုထားတာဆိုပြီး ပြောလို့မရဘူး။ အရင်စစ်အစိုးရနဲ့ ချုပ်ဆိုထားတာ မှန်ပေမယ့် ကျွန်မတို့စာချုပ် တွေဆိုရင် ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောတူညီချက်၊ မှတ်ချက်၊ ခွင့်ပြုချက်တွေနဲ့အညီ ချုပ်ဆိုထားတဲ့စာချုပ်။ ဒီအတွက်ကို ဘယ်အစိုးရ တက်လာတက်လာ အရင်စစ် အစိုးရလက်ထက်မှာ ချုပ်ထားတဲ့စာချုပ်မို့လို့ ပြန်မကြည့်ဘူးလို့ ပြောလို့မရပါဘူး။ တစ်ဖက်နိုင်ငံတော်ဆိုတဲ့ ဂုဏ်သိက္ခာ၊ နောက်တစ်ဖက်က နိုင်ငံခြားသား၊ တိုင်းရင်းသား သုံးဦးသုံးဖလှယ်ချုပ်ဆို ထားတဲ့စာချုပ်တွေ။ ဒါတွေဟာ ဥပဒေအရ အကာအကွယ်ဖြစ်နေရင် MIC က သန်း (၇၀)ခွင့်ပြုပြီးသားဖြစ်လို့ ဒေါ်လာ သန်း(၂၀)ထပ်တိုးတာသည် လပေါင်း (၁၈)လ ကြာစရာမရှိဘူး။ နောက်တစ်ခု မူလငါးလေလံဈေးကြီးရဲ့ ရည်ရွယ်ချက် ပျောက်စရာအကြောင်း မရှိဘူး။ မူလရည်ရွယ်ချက်ဆိုတာက ဖမ်းဆီးမယ်။ ဒီငါးတွေကို ဘယ်ကနေ ဖမ်းလာတာလဲ။ ဖမ်းဆီးတဲ့သူက ဘယ်သူလဲ။ ဖမ်းမိလာ တဲ့နေရာက ဘာငါးတွေရတာသလဲ။ ဒါတွေ စစ်ဆေးမယ်။ ငါးတင်ငါးချဆိပ် ကမ်းမှာ စစ်ဆေးပြီးမှ လေလံဈေးကို ရောင်းချင်တဲ့သူကရောင်းမယ်။ ကိုယ်ပိုင်အအေးခန်းရှိတဲ့သူက ကိုယ်ပိုင်အအေး ခန်းကိုသယ်မယ်။ ကိုယ်ပိုင်စက်ရုံ ရှိတဲ့သူက ကိုယ်ပိုင်စက်ရုံကိုသယ်မယ်။ ဒါမှမဟုတ် နိုင်ငံတော်က တရားဝင်သတ် မှတ်ထားတဲ့ ငါးတင်ငါးချဆိပ်ကမ်းကနေပြီးတော့ နိုင်ငံခြားကို MIC နဲ့ သော်လည်းကောင်း၊ CIF နဲ့သော်လည်းကောင်း တရားဝင်ပို့မယ်။ MIC ဆိုတာ နိုင်ငံတကာ စံချိန်၊ စံနှုန်းနဲ့အညီ ဝယ်တဲ့သူက ပစ္စည်းရှိတဲ့နေရာလာရမယ်။ အခုဆိုရင် မြိတ်ဒေသ ပထော်ပထက်ကျွန်းမှာ တည်ဆောက်နေတဲ့ ငါးလေလံဈေးကို ပဥ္စမအကြိမ်မြောက် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်မှာ ခွင့်မပြုဘူး။ MIC ဥပဒေအရလည်း တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပိုင်ခွင့်မရှိဘူး။ MIC ကိုတင်ရမယ့် လုပ်ငန်းကို တင်ပြခြင်းမရှိဘဲ၊ MIC ခွင့်ပြုမိန့်မရှိဘဲနဲ့ တည်ဆောက်နေတယ်။ သက်ဆိုင်ရာတာဝန် ရှိသူက အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး။ ဒီလုပ်ငန်းတွေကို ဥပဒေအရ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတာကို ဒဏ်ငွေလောက်နဲ့ ပြီးမယ်ဆိုရင် ပြဋ္ဌာန်းထားတဲ့ဥပဒေကို ပေါ့ပျက်ပျက်လုပ်တယ်လို့ ကျွန်မထင်တယ်။ ဒါတွေဟာ ဥပဒေရဲ့ အကာအကွယ်မရလို့ပေါ့။
UNITY- ဒီလုပ်ငန်းစဉ်တွေကို ဝန်ကြီးတွေကိုယ်တိုင် သိနေတာဆိုတော့ ဒီလိုမသမာမှုတွေ ဆက်ဖြစ်နေတာတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှုရှိလား။
DHHW- ဒါကတော့ ပြောရတာ ခက်တယ်ပေါ့နော်။ ကျွန်မတို့က တင်ပြပြီးပြီပဲ။ တင်ပြပေးတဲ့အချိန်မှာ စစ်ဆေးရမှာသည် ဝန်ကြီးတွေရဲ့တာဝန်။ ကျွန်မတို့ပြောတာ မှားတယ်ဆိုရင် မှားတဲ့အလျောက် Wrong Information (လိမ်လည်သတင်းပေးမှု) နဲ့ အရေးယူလိုက်လိုက်။ မှန်ရင် မှန်တဲ့အတိုင်း ဥပဒေနဲ့အညီ အကာအကွယ်ပေး၊ ဥပဒေနဲ့အညီ အရေးယူ။
UNITY- ဒီမြိတ်ငါးလေလံဈေးနဲ့ ပတ်သက်လို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။
DHHW- ဒီဇင်ဘာလ ခြောက်ရက်နေ့မှာပဲ မြိတ်ဒေသမှာ တရားဥပဒေနဲ့ညီ သော ငါးဈေးကွက် ပြန်လည်အကောင် အထည်ဖော်ရေးဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ အခြိမ်းခြောက်ခံလိုက်ရတယ်။ ဘယ်လို ခြိမ်းခြောက်လိုက်သလဲဆိုတော့ ခင်ဗျားတို့ရဲ့ MIC ဥပဒေတွေ ဘာတွေ လာမပြောနဲ့။ ကျွန်တော်ဒေသ၊ ကျွန်တော်တို့ မွေးဖွားရာ၊ ကျွန်တော်တို့ ကြီးပြင်းရာ ကျွန်တော်တို့ ကြိုက်သလို လုပ်မယ်။ ကျွန်တော်တို့ဒေသရဲ့အတိုင်း ခင်ဗျားတို့ လိုက်မလုပ်နိုင်ရင် မလာခဲ့နဲ့။ ခင်ဗျားတို့ နေပြည်တော်ကလည်း ကျွန်တော်တို့ဒေသကို လာဖမ်းဆီးခွင့်မရှိဘူး။ လာဖမ်းခွင့်မရှိဘူး။ ခင်ဗျားတို့ MIC နဲ့ လည်း လာခြိမ်းခြောက်ခွင့်မရှိဘူး။ ကျွန်တော်ကြိုက်တာလုပ်မယ်၊ ကျွန်တော်တို့ ဒေသမှာလို့ လူမိုက်ဆန်ဆန်ပြောနေတဲ့ အချိန်မှာ ဥပဒေပြုရေး လွှတ်တော်အမတ် တွေရှိတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေရှိတယ်။ တစ်ဦးတစ်ယောက်ကမှ ဒါဟာ ဥပဒေနဲ့ မညီဘူးလို့မပြောတဲ့အပြင် လက်ခုပ်တွေ ဝိုင်းတီးပေးနေတာ ဒါဟာ ကျွန်မတို့အတွက် အသက်အန္တရာယ်ခြိမ်းခြောက် လိုက်တာနဲ့ အတူတူပါပဲ။ ဒါပထမအဆင့် FDI နဲ့ ပြည်တွင်း အခြားသောရင်းနှီးမြှုပ်နှံသူတွေကို စိန်ခေါ်လိုက်တာ။ အဲဒီလိုပြောလိုက်တဲ့အချိန်မှာ နိုင်ငံခြားသားတွေက သူတို့အသက်အန္တရာယ်ပါ သူတို့ကြောက်သွားတယ်။ သူတို့ပြောနေတာက တရားဥပဒေနဲ့ညီညွတ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ပြန်လည်စိစစ်ပေးဖို့ ထိန်းကျောင်းပေးဖို့ ပြောနေတာ။ ဒါကြောင့် ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ပြည်ထောင်စုဗဟိုက နေပြီးတော့ အထူးသဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နောက်တစ်ခု ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာနကနေ ပြီးတော့ ဒီဒေသဟာ အခွန်တွေဘယ်လိုဆောင်နေလဲ။ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေလဲ၊ ဥပဒေနဲ့ညီလား မညီလားဆိုတာ စိစစ်ပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံသား၊ နိုင်ငံခြားသားခွဲခြား မဆက်ဆံဘူးလို့ ပြောထားပါတယ်။ ကျွန်မတို့ကတော့ ခွဲခြားဆက်ဆံခံနေရလို့ ဒီလိုမျိုး ပြောင်ပြောင်တင်းတင်း လူကြားထဲမှာ ဒေသလုပ်ငန်းရှင်တွေရဲ့ အခြိမ်း ခြောက်ခံလိုက် ရပါတယ်။
UNITY- ဒီအင်န်အယ်လ်ဒီအစိုးရမှာရော ဘယ်နှကြိမ်လောက် တိုင်ဖြစ်သလဲ။
DHHW- အကြိမ်ကြိမ်တိုင်ခဲ့တယ်။ ဒီအစိုးရတက်လာလာချင်း ကျွန်မတို့ ရီပို့ရေးတယ်။ ဒါတွေ ဒါတွေတော့ ရက် ၁၀၀ မှာပါသွားအောင် လုပ်သင့်ပါတယ် ဆိုတာမျိုး ကျွန်မတို့ပြောတယ်။ ရက် ၁၀၀ မှာမှ မထိန်းချုပ်နိုင်ရင် ပိုဆိုးသွားမယ်ဆိုတာ ကျွန်မတို့သိတယ်။ ဒီဒေသ ကလူတွေကလည်း ရက် ၁၀၀ အတွင်း မှာ ကျွန်မတို့ ရီပို့တက်မယ်ဆိုတာ သိတယ်။ တော်တော်လေးကို သူတို့က ကြောက်သွားတယ်။ အစိုးရကတော့တကယ် ရက် ၁၀၀ စီမံကိန်းဟဆိုပြီး ပြောတော့ ငါတို့တော့ လုပ်မှာပဲလို့ ပြောတယ်။ ဒါပေမဲ့ မဖြစ်လာတဲ့အချိန်မှာ အခုနောက်ပိုင်း ပိုဆိုးလာတယ်။
UNITY- ငါးခိုးဖမ်းတာတွေလည်း ရှိနေတယ်ကြားတယ်။ မြန်မာအစိုးရရဲ့ ရေတပ်က ကင်းလှည့်နေတာတွေမရှိဘူးလား။
DHHW- ရေတပ်က ကင်းလှည့်တာတွေ ရှိပေမယ့် ရေပြင်ကအရမ်းကျယ်တော့ အကန့်အသတ်နဲ့ဖြစ်နေတယ်။ ဥပမာ ရေတပ်က ကင်းလှည့်တာက ဂဒန်ကျွန်းမှာ၊ ခိုးဖမ်းနေတာက ဇာတက်ကြီးကျွန်း မှာဆိုတော့ ကျွန်မတို့ရေတပ်က သွားတဲ့ အချိန်မှာ သူတို့က ခိုးဝင်ပြီးသွားပြီ။ လုပ်လို့ရတာတော့ရှိတယ်။ ဂြိုဟ်တုကနေ စောင့်ကြည့်တဲ့ VIF System တပ်ရပါ့မယ်။ အဲဒါတပ်နိုင်ရင် လှေလုပ်သား အတွက် မိုးလေဝသအခြေအနေကို ဂြိုဟ်တုကနေ သတင်းပို့နိုင်တယ်။ ဘယ် လဒ်တီကျု၊ ဘယ်လောင်ဂျီကျုမှာ ငါးခိုးဖမ်းနေတယ်ဆိုတာပါ သတင်းရနိုင်တယ်။ ဒါပေမယ့် အဲဒီစနစ်ကို လုပ်ငန်းရှင်တော်တော်များများက မတပ်ချင်ဘူး။ ၂၀၀၂ ခုနှစ်မှာ ဒီ င်္ဠှု Sပျအနာ ကို ကျွန်မတို့က အကုန်အကျခံပြီးတော့ နိုင်ငံတော်ကိုပြောဖူးပါတယ်။ ခါးခါး သီးသီးကိုအငြင်းခံရပါတယ်။ နည်းပညာတွေ ပေါ်ထွန်းနေတဲ့ကာလမှာ အသုံးမပြုဘူးဆိုရင် ကျွန်မတို့ညံ့တာပဲ။
UNITY- သူတို့ငြင်းရတဲ့အကြောင်းက ဘာဖြစ်န်ိုင်မလဲ။
DHHW- သူတို့ခိုးဖမ်းတာ သိမှာစိုးလို့ပေါ့။ ထိုင်းန်ိုင်ငံကို တရားမဝင်ငါးခိုးဖမ်းတာ သိမှာစိုးလို့ပါ။ ဒါကိုတပ်ရင် ခြေထောက်မှာ ဂြိုဟ်တုတတ်ပေးလိုက်သလိုပဲ သူသွားရာလမ်းကြောင်းကို ခြေရာခံလို့ရတယ်လေ။ ငြင်းလို့မှမရတာ။
UNITY- ၁၇ နှစ်အတွင်းမှာရော ရေတပ်က မိတယ်လို့ရော ကြားဖူးလား။
DHHW- ရှိတာပေါ့။ ဒါပေမဲ့ နည်းတယ်ပေါ့နော်။ ကိုယ့်ပြည်တွင်းက ဖမ်းတာရှိတယ်။ ထိုင်းကလည်းဖမ်းတာရှိတယ်။
UNITY- မြန်မာလုပ်ငန်းရှင်နဲ့ထ်ိုင်းလုပ်ငန်း ရှင်တွေမှာ မြန်မာရေလုပ်သားတွေ အပေါ်ဆက်ဆံတာ ဘယ်လိုကွာတယ်လို့ ကြားလဲ။ တချို့ဆို လူကုန်ကူးခံရပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေဆီမှာ အလုပ်လုပ်ရပြီး မတရားခိုင်းစေခံရတာ၊ သတ်ပစ်ခံတာတွေကြားနေရတာရော ဟုတ်ပါသလား။
DHHW- အဲဒါဟုတ်ပါတယ်။ တကယ်လည်း ဝမ်းနည်းစရာကောင်းတယ်။ ကိုယ့်ဆီကအလုပ်အကိုင် အခွင့်အလမ်းနည်းတော့ ရရာကျပန်းအလုပ်တွေ ကိုသွားလုပ်ကြတယ်။ လူပွဲစားတွေနဲ့ တွေ့တယ်။ လစာမပေးဘူး။ ရောင်းစား လိုက်တယ်။ လှေပေါ်မှာဖြစ်နေတဲ့အ တွက် လှေတွေက ကမ်းကိုမကပ်တော့ဘူး။ ပင်လယ်ထဲမှာပဲ လိုက်လိုက်ကဲ့ပြီး ဒီလူတွေကို လုံးဝကုန်းပေါ်တက်ခွင့် မပေးတော့ဘူး။ ကုန်းပတ်ပေါ်တက်ရင် တစ်ယောက်ယောက် အဆက်အသွယ်ရပြီး သတင်းပို့တာလုပ်မှာစိုးလို့။ အဲဒီ့အခါမှာ ဒီလူက လူညွန့်တုံးသွားရော။ ပင်လယ်ထဲမှာ လနဲ့နှစ်နဲ့ချီပြီးနေသွားတော့ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ အဲဒါမျိုးတွေ ကိုယ့်ပြည်တွင်းမှာ မဖြစ်အောင်လို့ ငါးတင်ငါးချဆိပ်ကမ်းကို န်ိုင်ငံတော်က စနစ်တကျ ပြန်လည်ထိန်းသိမ်းဖို့လိုပါတယ်။
UNITY- ဒီဈေးစတင်မယ်ဆို န်ိုင်ငံအတွက် တစ်နှစ်မှာ ဘယ်လောက်အကျိုး အမြတ်ရနိုင်မယ်လို့ မျှော်မှန်းထားလဲ။
DHHW- ဒီငါးလေလံဈေးကို နိုင်ငံတော်က စနစ်တကျလုပ်ဆောင်ရမယ် FOB ကို သေချာလုပ်ရမယ်။ တကယ့် FOB အမှန်က ထိုင်းကပဲလာလာ ဂျပန်ကပဲလာလာ ဘယ်ကပဲလာလာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ရောင်းတဲ့နေရာမှာ လာဝယ်မယ်။ သတ်မှတ်ထားတဲ့ အခွန်အခပေးပြီးသယ်သွားရမယ်။ ဒါကြောင့် ကျွန်မတို့ ငါးလေလံဈေးထဲမှာ နိုင်ငံတကာက ဝယ်မယ့်သူတွေအတွက် တစ်ထောက်နား စစ်ဆေးရေးစခန်းတွေ ထားပေးထားတယ်။ ကိုယ့်ငါးကိုယ်ဖမ်း ကိုယ်ကြိုက်ရာ သွားရောင်းနေကြတာ FOB မှမဟုတ်တာ။ ဒါ CMF ပုံစံပဲဆို CMF အခွန်အခပေးရမယ်။ CMF နဲ့ တူညီတဲ့ စာရွက်စာတမ်း အပြည့်အစုံ လုပ်ဆောင်သွားလေ။ အရင်အစိုးရလက်ထက်ကတော့ ကိုယ့်ဆီမှာ ငါးဈေးကွက်က မဖေါ်ဆောင်နိုင်လို့ မဖေါ်ဆောင်နိုင်တာ ဘာကြောင့်လဲ။ အမှန်က မြန်မာနိုင်ငံက ထိုင်းန်ိုင်ငံ ကိုပြောရမှာ။ ငါတို့ဘက်မှာ ငါးဈေး ကွက်ကြီးရှိတယ်။ မင်းတို့ ငါးဝယ်ချင်ရင် ငါ့တို့ဘက်လာဝယ်လှည့်လို့ပြောရမယ်။ သူကမပြောဘဲနဲ့။ ငါတို့မှာ ငါးဈေးကွက်မရှိဘူး။ ဒေသခံတွေ ထမင်းငတ် ကုန်လိမ့်မယ်ဆိုပြီးတော့ FOB မညီတော့လည်း လွှတ်လိုက်ပါ ကွာဆိုတာက ဟိုခေတ်တုန်းက။ ဒါကြီးကို ကျွန်မတို့က ပြင်ရမယ်လေ။ ဘယ်လောက် အခွန်အခနစ်နာတယ်ထင်လဲ။ နောက်တစ်ခု နိုင်ငံရေးအရ ဘယ်လောက် တစ်ပန်းရှုံးသွားတယ်ထင်လဲ။ ဂုဏ်သိက္ခာအရလည်း ရှုံးတယ်နော်။ ကျွန်မတို့က မာမာတင်းတင်းပြောနိုင်ရမယ်။ ငါတို့ဘက်လာ ဝယ်လှည့်လို့ပြောရမှာ။ ဒါပေမဲ့ ကိုယ့်ဆီကမပြောတော့။ ဟိုဘက်ကပြောတယ် ငါတို့ကို န့ ကပြောနေပြီ မင်းတို့နိုင်ငံက ဃအေခ့ ဃနမအင်ငခအေန ထုတ်ပေးပါ။ မထုတ်ပေးရင် မင်းတို့ငါးတွေ မဝယ်ဘူးဆိုပြီးတော့ ပြောတယ်။ ဒါကိုလိုက်လုပ်ပေးနေတယ်။ တစ်နှစ်ကို သန်းရှစ်ရာကနေ တစ်ဘီလျံလောက်ဆုံးရှုံးတယ်။ ဒါကုန် ကြမ်းပဲပြောတာပါ။ ကုန်ချော ထုတ်တာမပါသေးဘူး။ လူသားအရင်းအမြစ် မပါသေးဘူး။
UNITY- မဟာချိုင်မှာတောင် ငါးဈေးကွက် ဖြစ်နိုင်တယ်ဆိုတော့ မဟာချိုင် ဒီဘက်မှာရော အခုထိဘာဖြစ်လို့ အကောင် အထည် မဖေါ်နိုင်သေးတာလဲ။
DHHW- ဒါက နိုင်ငံတော်ရဲ့ပေါ်လစီချမှတ်တဲ့ သူတွေက ရေလုပ်ငန်းအကြောင်းကို နိုင်ငံတော်အဆင့်ထိ ဘယ်လောက်စိတ်ဝင်စားလဲ။ သူစိတ်မဝင်စားရင် မရပါဘူး။ ကျွန်မတို့ရေလုပ်ငန်းက သစ်တောတို့ သတ္တုတို့နဲ့မတူပါဘူး။ စိတ်ဝင်စားရင်လည်း လူတစ်စုရဲ့ အကျိုးအတွက်ပဲ သွားကြည့်လို့မရပါဘူး။ နောက် သားစဉ်မြေးဆက် အကျိုးအတွက်ပါ ကြည့်ရပါမယ်။ နောက်တစ်ခုက ဆုံးတာနဲ့ ရှုံးတာရှိပါတယ်။ ဆုံးတာက လုံး၀ပြန်ယူလို့မရပေမယ့် ရှုံးတာက နိုင်ငံတော်ကစိတ်ဝင်စားရင် ပြန်အဖတ်ဆယ် လို့ရပါသေးတယ်။ ပြန်လည်ပြည့်ဖြိုးလို့ ရတယ်ဆိုပေမယ့် သစ်တောဆိုတာ လူတွေကစိုက်တာ ငါးဆိုတာက သဘာဝကဖြစ်တည်နေတာ။ ဒါကို သစ်တောလိုမျိုး ငါတို့ပြန်စိုက်လို့ရမယ်ဆိုရင် သေချာတယ် ကျွန်မတို့ရေလုပ်ငန်းက လုံးဝကိုဆုံးသွားမှာပဲ။ နောင်တစ်ချိန်မှာ ထိုင်းလို ဖြစ်သွားလိမ့်မယ်။ နောက်ပြီး ဒီလုပ်ငန်း အတွက် နိုင်ငံတော်က ဝန်ထမ်းတွေ မခန့်နိုင်ဘူး။ ဒါကြောင့် ၂၅-၁၀-၂၀၁၇ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် (၁၂) ဦးခင်မျိုးဝင်းတင်တဲ့ နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထားသည့် ငါးတင်ငါးချဆိပ်ကမ်းပေါ် တရားဝင်တင်ချ စစ်ဆေးပြီးသာ မိမိကိုယ်တိုင် အအေးခန်း၊ ကိုယ်ပိုင်စက်ရုံ၊ တံတားသွားခွင့်အဆိုအား တင်ပြဖြစ်ပါတယ်။ တနင်္သာ ရီတိုင်းဒေသကြီး ငါးလေလံဈေး^ငါး တင်ချဆိပ်ကမ်းက နိုင်ငံတော်က သတ်မှတ်တာ ကျွန်မတို့တစ်ခုပဲရှိပါတယ်။ အစိုးရက လိုက်နာဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင်တံတားရှိတာနဲ့ ကိုယ်ပိုင်ငါးဖမ်းလှေရှိလို့ ကိုယ့်တံတားကိုချမယ်ဆိုရင် နိုင်ငံတော်က အခွန်ဘယ်လိုစည်းကြပ်မလဲ ဒါကြောင့် နိုင်ငံတော်က ဒီရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ရင်းနှီးမြှုပ်နှံမှု စာရင်းထည့်သွင်းထားခြင်းဖြစ်ပါတယ်။ အခွန်က တရားဝင်ကုန်သွယ်မှုကို ထိန်းချုပ်ချင်လို့ နိုင်ငံတော်က ဒီလိုဥပဒေပြဋ္ဌာန်းထားတာဖြစ်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။
UNITY- ဒီဈေးကြီးကရော အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ထိ ပေးနိုင်မလဲ။
DHHW- ငါးလေလံဈေး တရားဝင်ဖြစ်မယ်ဆိုရင် ငါးရွေးတာနဲ့တင် အနည်းဆုံး အလုပ်သမား ၅၀၀လောက်လိုအပ်ပါတယ်။ ကျွန်မတို့လုပ်ကိုင်တုန်းက ငါးရွေးလုပ်သား ၆၀၀ လောက်နဲ့ နေ့ဆိုင်း ညဆိုင်း အိုဗာတိုင်ဆိုင်းဆိုပြီး ၃ ဆိုင်း ခွဲလုပ်ပါတယ်။ ဒါ ငါးရွေးလုပ်သားပဲ ရှိပါသေးတယ်။ အအေးခန်းတွေ စည်သွပ်ဗူးလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေပါ လုပ်မယ်ဆိုရင် ဒီဧက ၁၀၀ ကျော်ပေါ်မှာ နိုင်ငံတော်ကဥပဒေနဲ့အညီ ပံ့ပိုးပေးမယ်ဆိုရင် ငါးနှစ်အတွင်း တစ်သိန်းလောက်ထိ အလုပ်ပေးနိုင်ပါ လိမ့်မယ်။
UNITY- ယခုတနင်္သာရီတိုင်းဒေသကြီး အစိုးရလုပ်ဆောင်နေမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုကို အနှောင့်အယှက်ပေးနေတဲ့ပုံ ပေါက်နေတာလား။
DHHW – ကျွန်မ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ ငါးလေလံဈေးကို တရားဝင်လုပ်နေတာတောင် ကျွန်မတို့ကို ဒီဒေသခံ မဟုတ်လို့ဆိုပြီး ဘာအကူအညီမှ မပေးဘဲ အစွဲတွေနဲ့ လုပ်နေတဲ့အချိန်မှာ မှန်မှန်ကန်ကန်သာ ကျွန်မဖြေရင် မနက်ဖြန်တောင် အသက်ရှင် နိုင်ပါဦးမလား မသိဘူး။ သေချာတာကတော့ လူထုခေါင်းဆောင်ရဲ့လမ်းညွှန်ချက်နဲ့ မညီအောင် လုပ်နေတာတော့ ကျိန်းသေပါတယ်။
UNITY- ဘာများဖြည့်စွက် ပြောချင်ပါသလဲ။
DHHW- ကျွန်မတို့ငါးလေလံဈေးက နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တရားဝင်ခွင့်ပြုထားတဲ့ လုပ်ငန်းတစ်ခု နိုင်ငံတော်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တစ်ခုကို ဌာနတွေက ဘော်လီဘောပုတ်နေကြတယ်။ ထိရောက်တဲ့အကူအညီက ၁၈ လကြာတဲ့အထိ မပြီးသေးဘူး။ ဒါနိုင်ငံပုံရိပ်အတွက်မကောင်းပါဘူး။ နောက်တစ်ခုက တရားဝင်ရင်းနှီးလုပ်ကိုင်နေတဲ့သူကို တရားမဝင်လုပ်နေတဲ့ သူက လာပြီးစိန်ခေါ်နေတာတွေကို ဥပဒေနဲ့အညီ စိစစ်ပြီးအရေးယူပေးချင်စေတယ်။ တရားမဝင်ရင်းနှီးလုပ်ကိုင်နေ တဲ့သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးပါ။ ဒဏ်ကြေးလောက်နဲ့တော့ ပြီးမသွားပါနဲ့။ ကျောသား၊ ရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူ ပေးဖို့ တာဝန်ရှိလူကြီးတွေကို တောင်းဆိုချင်ပါတယ်။ ငါးကို ရှေးဟောင်းလူကြီးတွေ တစ်ဘောင်ရှိခဲ့သလို ငါးကို အရုပ်ရေးမယ်ဆိုတာမျိုး မဖြစ်ရအောင် ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းကို ကိုယ်ဖိရင်ဖိ တည့်မတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ အဲဒီလိုတည့်မတ်ပေးရင် ရေလုပ်ငန်းက မြန်မာနိုင်ငံရဲ့ ဒုတိယဝင်ငွေအများရရှိမယ့်ကဏ္ဍမှာ ပါဝင်လာမှာဖြစ်ကြောင်း အသိပေးချင် တာဖြစ်တယ်။
ယူနတီသတင်းအဖွဲ့