ကျောက်ဆစ်ကျောက်သားနဲ့ တည်ဆောက်ရမယ့် ပညာရေး

၂၀၁၇ ဇန်နဝါရီလထုတ် ယူနတီ ဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၇)
မြန်မာပြည်ရဲ့ခေတ်တွေထဲက စစ် ကြိုခေတ်ကာလ ထုတ်ဝေတဲ့သတင်းစာ တွေထဲမှာ အစဉ်အမြဲအလိုလိုသုံးတဲ့ ဆောင်ပုဒ်တစ်ခုရှိတယ်။ အဲဒီဆောင်ပုဒ် ကတော့ ” မြေအုတ်တို့ပြိုလေရာ ကျောက်ဆစ်ကျောက်သားဖြင့် တည် ဆောက်အံ့” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ။ ဒီ ဆောင်ပုဒ်ကို ကျောက်စာဝန် တော်စိန်ခို က သူပင်တိုင်ရေးတဲ့ သတင်းစာတစ် စောင်မှာ မကြာခဏထည့်သွင်းရေးသား လေ့ရှိတယ်။ နှစ်ကာလတွေကြာတော့ တော်စိန်ခိုပင်တိုင်ရေးတဲ့ သတင်းစာကို မမှတ်မိတော့ပါဘူး။ (သိမ်းထားစုထား တဲ့ စာအုပ်စာတမ်းတွေ ပျောက်ရှကုန် တာကြောင့်လည်းဖြစ်ပါတယ်။)ဆိုလို တာက အဟောင်းဆိုတဲ့နေရာကို ခိုင်ခံ့ ကောင်းမွန်ကျစ်လစ်မာကျောတဲ့အသစ် တွေ အစားထိုးတည်ဆောက်ပြုပြုဖို့ အချက်ပေးခေါင်းလောင်းထိုးလိုက်တဲ့ ဆောင်ပုဒ်ပဲဖြစ်တယ်။ ဒီဆောင်ပုဒ်ကို အရင်ခေတ်အဆက်ဆက်ကလည်း အ သုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ လူဆို တာက အခက်သားလား၊ ရုပ်ဝတ္တုပစ္စည်း တစ်ခုခုကိုပဲဖြစ်ဖြစ် ခေတ်စနစ်တစ်ခုကို ပဲဖြစ်ဖြစ် ကြာရှည်အသုံးပြု ကြာရှည် အနေကြာလာရင် ရိုးအီလာတတ်တဲ့ သဘောသဘာဝရှိတတ်ပါတယ်။ အဲဒီ လို ရိုးအီလာရတဲ့ကြားထဲ ကိုယ့်ဘဝအ တွက် ကိုယ့်အနာဂတ်အတွက် ဘာမှအ ကျိုးမရှိ ဘာမှဖြစ်မလာဘူးဆိုရင် ရုန်း ထွက်တိုးတိုက်ချင်လာတဲ့စိတ်တွေ ဖြစ် ပေါ်လာတတ်ရဲ့။ အဟောင်းဆိုတဲ့ ဥခွံ ကြီးထဲက ရုန်းထွက်လိုတဲ့သဘော၊ ဆက်လက်မနေချင်တော့တဲ့သဘော အသစ်ကိုတပ်မက်တသလိုတဲ့ သဘော တွေရင်ထဲမှာ ဖြစ်တည်လာတော့တာပါ ပဲ။ ဒါ့ကြောင့် လူမှုရေးမှာပဲဖြစ်ဖြစ် စီး ပွားရေးမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ် သစ်လွင်တဲ့ပြောင်းလဲမှု ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ အဟောင်းထဲက ရုန်းထွက်တိုးတိုက် အသစ်ဆိုတဲ့စွပ် ကြောင်းကြီးထဲ ပြောင်းလဲခြင်းနဲ့ခရီးနှင် အနာဂတ်လွင်ပြင်ကို လျှောက်လှမ်းလို စိတ်ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်တယ်။ အ ဟောင်းတွေနိတ္တိတံ အသစ်ဆိုတဲ့မှန်ကန် တဲ့ပြုပြင်ပြောင်းလဲရေး မဖြစ်မနေဆောင် ရွက်ပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူ လူထုဘဝ လုံခြုံစိတ်ချရမှာက အသေအ ချာပဲဖြစ်ပါတော့တယ်။
မြန်မာပြည်အနာဂတ်နိုင်ငံတော် ကောင်းမွန်ပြည့်စုံရေး မြန်မာပြည်ရေ ရှည်တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှီး နှောဖလှယ်ပွဲတစ်ခုကို နေပြည်တော်မှာ ကျင်းပသွားတယ်လို့ သိရပါတယ်။ ဒီဇင် ဘာ ၈ ရက်က နေပြည်တော် MCC-2 မှာ ကျင်းပတဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ် ပွဲမှာ အမြစ်တွယ်နေတဲ့ အလွတ်ကျက် ပညာရေးစနစ်ကို မဖြစ်မနေပြောင်းလဲရ မယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ တယ်။ ” အမြစ်တွယ်နေတဲ့ အလွတ် ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ပညာ ရေးစနစ်ဆီ ပြောင်းလဲရာမှာလည်းဆရာ နဲ့ကျောင်းသား အများစုအရိုးစွဲနေတဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာတွေကို သာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာ အတိုင်း အမြန်ပြီးစီးအောင် သင်ကြား ပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်ပါ အချက်အ လက်တွေအတိုင်း တစ်သဝေမတိမ်းဖြေ ဆိုနိုင်မှသာ ရလဒ်ကောင်းမွန်ခြင်းစတဲ့ အချက်တွေကိုလည်း မဖြစ်မနေပြုပြင် ပြောင်းလဲရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် ” အခြေခံပညာကဏ္ဍ မှာ အဓိကကျကျပြုပြင်ပြောင်းလဲရမယ့် အချက်က KG+12 ပညာရေးစနစ်အဖြစ် ပြောင်းလဲရေး၊ ကျောင်းထွက်နှုန်းမြင့် မားနေရတဲ့ အခြေခံအကြောင်းတွေကို ဖြေရှင်းနိုင်ရေး၊ အလွတ်ကျက်စနစ်က နေ တွေးခေါ်စဉ်းစားမှုကိုအခြေခံတဲ့ ပညာရေးစနစ်ကိုပြောင်းလဲဖို့ ဆရာ၊ ဆရာမတွေရဲ့အရည်အသွေးပြည့်ဝလာ စေရေး၊ ပညာရေးကောလိပ်များအဆင့် မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာသင် တန်းတွေ စဉ်ဆက်မပြတ်ပို့ချနိုင်ရေးတို့ ကို စောလျင်စွာဆောင်ရွက်ရေး၊ သင်ရိုး ညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်တွေ ရဲ့ အရည်အသွေးမြှင့်တင်ရေး၊ ပညာ ရေးဆိုင်ရာအုပ်ချုပ်မှု စွမ်းဆောင်ရည် တွေ တိုးတက်ရေးတို့ကို ဆောင်ရွက်ရ မယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ဖြည့်စွက်ပြောကြားသွား ခဲ့ပါတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲ လိုက်မယ်ဆိုရင် မျှော်လင့်နိုင်တာတွေက ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးနဲ့ အခုရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုက နေ လွတ်မြောက်ရေး၊ မညီမျှမှုတွေမတည် ငြိမ်မှုတွေ ကင်းဝေးပပျောက်ပြီး တရား ဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုတွေကို နိုင်ငံသားအားလုံး ရယူခံစားနိုင်ရေး၊ မြန်မာနိုင်ငံရေး တိုး တက်မြင့်မားပြီး ပိုမိုစည်းလုံးညီညွတ်စေ ၍ ငြိမ်းချမ်းစေရေး စတာတွေကို မျှော် လင့်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ထပ်မံပြောကြားသွားခဲ့ပါ တယ်။
နိုင်ငံတစ်နိုင်ငံတည်ဆောက်တဲ့နေ ရာမှာ ပညာရေးက အလွန်အရေးကြီးတဲ့ ကဏ္ဍက ရပ်တည်ပါဝင်နေပါတယ်။ ပညာရေးစနစ် ကောင်းမွန်ပြည်စုံပါမှ နိုင်ငံဖွံ့ ဖြိုး တိုးတက်ပါလိမ့်မယ်။ ဒီလို ပညာရေးစနစ်ကောင်းမွန်ဖို့ နိုင်ငံတော် ကို အုပ်ချုပ်တဲ့ အာဏာရအစိုးရအဖွဲ့ဝင် တွေရဲ့ ချမှတ်ဆောင်ရွက်မှု အကောင် အထည်ဖော်မှုတွေက အင်မတန်အရေး ကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ခေတ်စနစ် တွေမှာ အာဏာရအစိုးရအဖွဲ့ဝင်တွေ ပညာရေးနဲ့ပတ်သက်ပြီး ချမှတ်ခဲ့တဲ့မူဝါ ဒတွေ၊ စီမံချက်တွေက လွဲချက်ကယ်နာ လို့ ဆိုရမလို ကမ္ဘာကိုရင်ဘောင်မတန်း နိုင်ခဲ့လေတော့ ပညာရေးစနစ်ဟာ နောက်ကောက်ကျ ကျန်နေရစ်ခဲ့ပါ တယ်။ အခုထက်ထိလည်း ဒီပညာရေး စနစ်က ဃေူခကူအေသမ နဲ့တူပါတယ်။ တစ် နဲ့တစ်ပေါင်း နှစ်ရတယ်ဆိုတဲ့ အသား သေ ပုံစံခွက်ပညာရေးစနစ်ဖြစ်နေပါ တယ်။ ဘာမှ မပြောင်းလဲပါဘူး။ ဒါသင် ဒါကျက် ဒါဖြေ။ ဒါဆို စာမေးပွဲအောင်မယ် ပေါ့။ နှုတ်တိုက်အာဂုံဆောင်ရတဲ့ ပညာ ရေးစနစ်ဖြစ်လေတော့ ဘာတွေးခေါ်မှုမှ မပါ ဘာစဉ်းစားဝေဖန်သုံးသပ်မှုမှမပါဝင် ပါဘူး။ ကြက်တူရွေးတစ်ကောင်ကို စကားသင်ပေးသလို ကြက်တူရွေးက သင်ပေးသမျှပဲ တတ်မြောက်သလိုဖြစ် နေပါတယ်။ ဒါ့ကြောင့် တချို့က ဒီပညာ ရေးစနစ်ကို ကြက်တူရွေးပညာရေးစနစ် လို့တောင် ဝေဖန်ပြောဆိုကြတယ်။ စဉ်း စားတွေးခေါ်ခြင်းဆိုတဲ့အလုပ်က လူ တစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေ စိတ်ဓာတ်ကိုယ်ကျင့်တရားတွေကို မြင့် မားတိုးတက်စေတာကတော့ မုချဧကန် ပါပဲ။ ဒါတင်မက လူတစ်ယောက်ရဲ့ ဆင် ခြင်တုံတရားကိုပါ ကောင်းမွန်ပြည့်စုံစေ ပါတယ်။ စဉ်းစားတွေးခေါ်ခြင်းရဲ့အကျိုး ရလဒ်ဟာ မိမိကိုရော မိမိနိုင်ငံကိုပါ ပြု ပြင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ များများ စဉ်းစားနိုင်လေ များများအကျိုးရှိလေပါ ပဲ။ ဆင်ခြင်တုံတရားတွေ အသိလိမ္မာတွေ ကိုယ်ကျင့်တရားကောင်းမွန်မှုတွေဟာ စဉ်းစားတွေးခေါ်ခြင်းထဲမှာ ပျော်ဝင်နေ တယ်လို့ပဲ ဆိုပါရစေ။ ဒီနေရာမှာအလျဉ်း သင့်လို့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ဆရာ ကြီးဦးအောင်သင်း စာပေဟောပြောပွဲ တစ်ပွဲမှာ ပြောသွားတာကို တင်ပြပါရ စေ။ တောင်တွင်းကြီးမြို့ စာပေဟောပြော ပွဲမှာလို့ ထင်ပါတယ်။ (စာရေးသူအမှတ် မှားရင်လည်း မှားနိုင်ပါတယ်) ” မြန်မာ နိုင်ငံကိုအင်္ဂလိပ်တွေ အလွယ်တကူသိမ်း ပိုက်မှုအောင်မြင်တာဟာ သူတလူငါတ မင်းပုန်ကန်လို့၊ လက်နက်အင်အားမမျှ လို့၊ လူအင်အားမမျှလို့ဆိုပြီး ပြောကြ တယ်။ အမှန်က အဲဒါတွေကြောင့်မဟုတ် ဘူး။ မြန်မာလူမျိုးတွေ ပညာမတတ်လို့” ဆိုပြီး ဟောပြောသွားခဲ့ပါတယ်။ ဆရာ ကြီးစကားကို သေချာစဉ်းစားကြည့်တဲ့ အခါ အဲဒီအချိန်အခါက မြန်မာလူမျိုးတွေ တွေးခေါ်မြော်မြင်အား ဆင်ခြင်တုံတရား တွေ အသိဗဟုပညာတွေ ပြည့်စုံၾ<ြကယ်ဝ မှုမရှိလို့ အင်္ဂလိပ်တွေ မြန်မာပြည်ကို အလွယ်တကူသိမ်းပိုက်သွားတယ်လို့ပဲ ပြောပါရစေ။ ဖော်ပြပါအချက်တွေကို ပြန်စဉ်းစားကြည့်လိုက်ရင် ပညာရေးဟာ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက် အရေးပါအရာရောက်တယ်ဆိုတာ သိ သာလောက်ပါပြီ။ ပညာရေးနဲ့ပတ်သက် ပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကိုပြု ပြင်ပြီး ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် ဖို့လိုအပ်တဲ့အချိန် ရောက်နေပါပြီ။ပညာ ရေးနဲ့ပတ်သက်ပြီး ရောဘတ်အိုင်းစတိုင်း (RobertEistein) ရဲ့ အဆိုအမိန့်ကလည်း အတုယူစရာပါ။ အိုင်းစတိုင်းက ဒီလို ပြောခဲ့ပါတယ်။ ''ပညာသင်တယ်ဆိုတာ အချက်အလက်တွေကို ကျက်မှတ်ထား ဖို့မဟုတ်ဘူး။ ဘယ်လိုတွေးခေါ်ရမလဲဆို တာ သင်ယူဖို့ပဲဖြစ်တယ်''တဲ့။ ဒေါ် အောင်ဆန်းစုကြည်သဘောထားနဲ့ အိုင်းစတိုင်းသဘောထားက တစ်ထပ် တည်းကျနေတာကို တွေ့ရှိရပြန်ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလွတ် ကျက်ညာရေးစနစ် မြေအုတ်တွေကိုဖြို ဖျက်ပြီး ခိုင်ခံ့ကျစ်လစ်မာကျောတဲ့ စဉ်း စားတွေးခေါ်မှုကို အခြေခံတဲ့ပညာရေး စနစ် ကျောက်ဆစ်ကျောက်သားတွေနဲ့ ပြုပြင်ပြောင်းလဲဖို့ တပ်လှန့်လိုက်ပါပြီ။ ဒီလိုပညာရေးစနစ်နဲ့ ပြောင်းလဲပစ်လိုက် မှလည်း ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကို လက်ဝယ်ပိုင် ဆုပ်ကိုင်နိုင်မှာဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ မှာ အခက်အခဲတွေ အတားအဆီးတွေ ရှိနေမှာကတော့ မလွဲဧကန်ပါပဲ။ ဒါကို ကြံ့ကြံ့ခံပြီး အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုတဲ့စိတ်စေတနာနဲ့ ကြိုး စားလုပ်ဆောင်ကြရမှာပါ။ ပြိုင်တူတွန်း လျှင် ရွေ့နိုင်သည်ဆိုတဲ့ စကားရပ်အတိုင်း စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲ ခိုင်မာမြဲမြံတဲ့ ကျောက်ဆစ်ကျောက် သားနဲ့ တည်ဆောက်တော့မယ့် ပညာ ရေးစနစ်သစ်ကြီး ဖြစ်ပေါ်လာစေဖို့ အား လုံးဖေးကူလက်တွဲကြပါစို့လို့ ပြောကြား ရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ တယ်။ အေဖော်ခိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်