အမျိုးသားရေး၊ သူခိုးအားပေးနှင့် ငြိမ်ချမ်းရေး အတွက် လက်နက်ကြီး လိုတယ်(သရော်စာ)

၂၀၁၈ ဇန်နဝါရီ ၆ ရက်နေ့ထုတ် ယူနတီ ဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၇)
ကျုပ်ရဲ့ တပည့်ချော်ကြီး သတင်းထောက်မောင်စိတ်ဆတ် က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဆိုရင် ဘယ်အဖွဲ့အစည်းက ဖိတ်ကြားဖိတ်ကြား မသွားချင်ဘူးပဲငြင်းတယ်။ အခုလည်း လူ့အခွင့်အရေး အဖွဲ့တစ်ခုကဖိတ်စာ လာပို့ထားပြန်ပြီ။ ဒီကောင့် ကို ချော့ပြီး လွှတ်ရမှာပဲ ၊ မတတ်နိုင်ဘူး။ ကျုပ်မှာလည်း လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ တိုင်းပြည်မှာ ဒီတစ်ယောက်အပေါ်ပဲ ဩဇာ ညောင်းတယ်လေ။
ပြောရင်းဆိုရင်းမောင်စိတ်ဆတ် တောင် ကျုပ်ရဲ့ရှေ့တော် မှောက် ရောက်ရှိလာပေစွ။
“ ဟေ့ မောင်စိတ်ဆတ်- ခဏနားလိုက်ဦး၊ ပြီးရင်ရေ အဝသောက်၊ ရခိုင်ပြည်ငြိမ်းချမ်းရေး အလွှတ်သဘော ဆွေးနွေးဖို့ ဆိုပြီး တို့ ဂျာနယ်တိုက်ကို ဖိတ်စာ တစ်စောင် ရောက်နေတယ်ကွ၊ မင်းအတွက် ရုံးက ဟိုက်အေ့စ်တစ်စီး စီစဉ်ပေးမယ်” ဆရာရယ်၊ ငြိမ်းချမ်းရေး ပွဲ ဆိုဘယ်တော့မှ ကျွန်တော့ကို မလွှတ်ပါနဲ့ ၊ ကြောက်လွန်းလို့ပါ ဗျ။ ဟိုတစ်ခါ သံယောဇဉ် လက်ဖဝါး နုနုလေးများဆိုတဲ့ (ပြည်တွင်း-ပြည်ပ) ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုကပြုလုပ်တဲ့ င်ြိမ်းချမ်းရေးအလွှတ်သဘော ဆွေးနွေးပွဲ တက်ပြီး ကတည်းက ကျွန်တော်စိတ်ကုန်သွားတယ်ဆရာ။ “ ဟာ- သံယောဇဉ်လက်ဖဝါးနုနုလေးများဆိုတာ တော်တော် အေးချမ်းတဲ့ နိမိတ်ဂုဏ်ဆောင်ပဲ။ ဘာလို့ စိတ်ကုန်ရတာလဲ မောင်စိတ်ဆတ်ရဲ့”
အဲဒီဆွေးနွေးပွဲ မှာ သဘာပတိလုပ်တဲ့လူက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်တုန်းက ဓားပြ ခေါင်းဆောင်တဲ့ဗျ။ သူက အပြောသိပ်ကောင်းတာ ဆရာရဲ့ ။ စိတ်ကို ဘယ်လို ငြိမ်းချမ်းအောင်ထားရမယ်။ လူ့အခွင့်ရေးဆိုတာ သူ့အတွက်၊ ကိုယ့်အတွက် မျှဝေတတ်ရမယ်။ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ရှောင်ကြည်ရမယ်။ လူမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် မကျူးလွန်ဖို့ ဆင်ခြေတတ်ရမယ်ဆိုပြီး ပြောလိုက်တာ ဆရာရယ်၊ ကျွန်တော်တောင်မှ ကိုယ့်ချစ်သူကို လမ်းခွဲပြီ သူ့ကို အာဘွားတွေပေးချင်မိတယ်။ အဲ- -ဆွေးနွေးပွဲပြီးလို့ အားလုံး ပြန်ကြတော့ အဲဒီ ငြိမ်းချမ်းရေး သဘာပတိ ပုဂ္ဂိုလ်ဟာ သူ့အိမ်အရောက် ဆယ်မိနစ်တောင်မကြာလိုက်ဘူး မိန်းမကို ပါးတွေနားတွေရိုက်ပြီး ဆုံးမနေလိုက်တာ၊ မြင်လို့မကောင်းဘူး။ ကောင်မလေးကလည်း ပေတေပြီး အရိုက်ခံပါများတော့ ပါးစပ်ထဲက သွေးတွေပါထွက်ကျလာတယ်။ အဲဒါနဲ့ ကျွန်တော်က ဗွီဒီယိုကင်မရာထုတ်ပြီး လစ်ပြီအထင်နဲ့ ရိုက်လိုက်ပေမဲ့ သူကသိသွားတယ်ဆရာရဲ့။
“ သိတော့ မင်းကို ဓားနဲ့မလိုက်ဘူးလား”
မလိုက်ဘူးဆရာ ကျွန်တော့ကိုသူက နားချတယ်။
“ ဟာ – – ဒီကောင်လူလည်ပါလားဟ၊ ဆက်ပြီးရှင်းပြစမ်းပါဦး ”
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ခုတုံးလုပ်ပြီ ပြည်ပအဖွဲ့ အစည်းအဝေးဆီက ချူစားနေတဲ့ကောင်ပဲ ဆရာရယ်၊ ဒီလောက်တော့ ရှိမှာပေါ့။ သူက ကျွန်တော့်ကို ဘာပြောလဲဆိုတော့(ခင်ဗျား ကင်မရာထဲက ကျုပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်းတွေ ဖျက်ပစ်လိုက်ပါတဲ့ ။ ကျုပ်မိန်းမ ကိုတကယ်ရိုက်တာမဟုတ်ဘူး တဲ့။ ချစ်တဲ့ စိတ်လွန်ကဲတဲ့ အခါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ယောက်ျား တို့ သဘာဝပါတဲ့ ။ ကောင်းလိုက်တဲ့ ဆင်ချေ ဆရာရယ်)
“ ဪ – – -မောင်စိတ်ဆတ်ကလည်း အယောင်ဆောင် ငြိမ်းချမ်းရေးပွဲစား ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ကွ။ နေပါဦး ။ မင်းက ဘာဖြစ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်ရဲ့ အိမ်ကို ယောင်ခံပြီး လိုက်သွားရတာလဲ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ဥပဒေ နဲ့ တရားစွဲ ခံနေရဦးမယ်နော်။ ”
ကျွန်တော်က အပြော သမားဆိုမုန်းလွန်းလို့ အဲဒီလို လိုက်ကြည့်တာပါဆရာ။ ငြိမ်းချမ်းရေး အကြောင်း ပါးစပ်က အမြှပ်ထွက်အောင်ပြောသလို လက်တွေ့ကျကျ တကယ်လုပ်မလုပ် လိုက်ကြည့်မိတာပါဆရာ။ “ အေ- ဟုတ်ပြီလေ၊ ဒါဆိုရင် ရခိုင်ပြည်နယ်ထဲကိုသွား၊ ဘူးသီးတောင်-မောင်တော မှာ ငါတို့ ဂျာနယ် ဖောင်ပိတ်ခါနီး မှ ခိုးဝင် ဘင်္ဂါလီ တွေထပ်မိပြန်ပြီးတဲ့ ။” ဘင်္ဂါလီ ခိုးဝင်တာ သတင်းမဟုတ်တော့ဘူးဆရာ ၊ အဲကောင်တွေက တစ်တိုင်းပြည်လုံးမှ ပျံ့နှံ့နေပြီ။ တချို့ဆို ရန်ကုန်မှာ ဆောက်လုပ်ရေး ကန်ထရိုက်တွေဖြစ်၊ တချို့ဆို သံထည်အရောင်းဆိုင်တွေဖွင့် ၊တချို့ဆို အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်တွေဖွင့် မြန်မာတွေထက်လည်ပါတယ်ဆရာရယ်။ မြန်မာတွေက နုံလွန်း အလွန်းတော့ ခံရတာပေါ့။ ကျွန်တော်တို့ က ငါးပါးသီလနဲ့ ကြီးပြင်းတာဆိုတော့ ထင်ရာစိုင်းခွင့် မရှိဘူးလေ။ မြတ်ဗုဒ္ဓဟောတဲ့ တရားထဲမှာလည်း သူတစ်ပါးစိတ်ဆင်းရဲ အောင် ကျူးလွန်မိသမျှ အပြစ်တွေကို ဘယ်သူမှ ကာကွယ်ပေးလို့ မရဘူးတဲ့။ ငါဘုရားလည်းမတတ်နိုင်ဘူးတဲ့ ။ တိရစ္ဆာန်တွေ အပေါ်တောင်မေတ္တာထားရမယ်လို့ မိန့်ကြားခဲ့တာလေ ဆရာရယ်။ အဲဒီတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက ကိုဖီအာနန်လည်းကြောက်၊ ကုလသမဂ္ဂလည်းကြောက်၊ ဘင်္ဂါလီလည်းကြောက်ဖြစ်နေတာပေါ့။ မြန်မာပြည်ထဲခိုးဝင်တဲ့ ကောင်တွေ အားလုံးနီးပါး မှတ်ပုံတင်နဲ့၊ သန်ခေါင်စာရင်းနဲ့ ဆိုတော့ ကျွန်တော်တို့ လုပ်ရကိုင်ရ တော်တော်ခတ်သွားင်္ပြီးဆရာ ။ နဝတ ဗိုလ်ချုပ်တွေကို တောင် ခါးပိုက်ထဲ ရောက်အောင် ဆွဲထည့် ထား နိုင်တဲ့ကောင်တွေလေ။ အငြိမ်းစာ အမျိုးသား သစ္စာဖောက်တစ်ချို့ သိမှာပါ။
“ ဟုတ်လား- – – ဒီကောင်တွေ ဘယ်လိုလုပ်ပြီး နိုင်ငံသားဖြစ်လဲကွ၊ ငါ့သူငယ်ချင်းတစ်ယောက် မလေးရှား မှာ Work Permit သက်တမ်းမတိုးနိုင်လို့ OverStay ဖြစ်သွားရင်ဖမ်းမိတော့၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် ဆိုပြီး သူတို့ လဝက အဖွဲ့က ဒဏ်သုံးရပ်နဲ့ အမြန်ဆုံးဖြတ်ရင်း နှိပ်ကွက်တယ် ဟေ့ကောင်ရ။ ကုလသမဂ္ဂ ဆီကိုပဲတိုင်တိုင် ၊ နေတိုးတပ်ဖွဲ့ ကိုပဲတိုင်တိုင်၊ မလေးရှားရဲ နဲ့ လဝက အဖွဲ့က လုံးဝဂရုမစိုက်ဘူး။ သူ့နိုင်ငံဥပဒေကို ချိုးဖောက်လို့ကတော့ အချုပ်ထဲ နံရိုးအပြိုင်းပြိုင်းထပြီ မသာပေါ်သွားမယ်မှတ်။ နေပါအုံး- – မြန်မာပြည်ထဲခိုးဝင်တဲ့ ကောင်တွေကို ဘယ်သူတွေက ကာကွယ်ပေးနေသလဲ”
နိုင်ငံပိုင်သတင်းစာ ရဲ့ သတင်းထောက်ကတ်ကြီး ကိုင်းထားတဲ့ ကောင်မျိုး တောင်မှ ဘင်္ဂါလီတွေကို လူကုန်ကူးပွဲစားလုပ်နေပြီး ဆိုမှ ကျွန်တော်ကို မေးနေ စရာလိုသေးလို့လာ ဆရာ။
“ အေကွ၊ မြန်မာပြည်ရဲ့ သတင်းမီဒီယာလောကကလည်း တော်တော်လေးရှုပ်လာပြီ။ ကြေးမုံသတင်းထောက် ကတ်ဆိုတာ ဘင်္ဂါလီတွေကို ရန်ကုန်ထဲခိုးသွင်းခွင့်ပါမစ် မဟုတ်ဘူးလေကွာ။ ငါလည်း အဒီသတင်းဖတ်လိုက်ရပါတယ်။ ခတ်နေတာ က မြန်မာပြည်က ရဲ တွေက လည်း ဘင်္ဂါလီ တောင် မမြင်ဖူးသေးတော့ ဟုတ် – မဟုတ် စစ်ဆးဖို့ က နှစ်ပေါင်းဘယ်လောက်ကြာဦးမယ်မသိ ”
ဟုတ်တယ်ဆရာရဲ့ ။ ဘင်္ဂါလီဟုတ်မဟုတ်စစ်ဆေးရအုံးမယ်တဲ့ဗျ။ လွန်ခဲ့ တဲ့ နှစ်ပေါင်း သုံးသန်းကျော်က ရေးဆွဲခဲ့တဲ့ နံရံထွင်းပန်းချီ တစ်ချို့ကို တောင် ဘယ်သူ့လက်ရာလို့ ကွက်တိပြောနိုင်တဲ့ ခေတ်မှာ ကျွန်တော် တို့ ဆီက ဥပဒေ ဘက်တော်သားတွေးဘင်္ဂါလီ မမြင်ဖူးတာ အံ့ဩစရာပဲ။ အဲဒီတော့ ကျွန်တော် ရခိုင်ပြည်နယ်ထဲဝင်ပြီး ခိုးဝင်ဘင်္ဂါလီတွေရဲ့ ဓာတ်ပုံနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ဓာတ်ပုံ ရအောင်ရိုက်ခဲ့မယ်ဆရာ။ ရန်ကုန်ပြန်ရောက်တာနဲ့ ရဲ စခန်းအားလုံးမှာ လိုက်ကပ်ပေးထားမှ ဖြစ်တော့ မယ်။ ဒီလိုမှ မလုပ်ဖူးရင်းတိုင်းရင်းသားရခိုင်တွေက ထောင်ကျပြီး ခိုးဝင်ဘင်္ဂါလီတွေက နယ်မြေ ထူထောင်ခွင့် ရသွားလိမ့်မယ်။
“ ဟုတ်ပြီး မောင်စိတ်ဆတ်ရေ၊ ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေကွာ။ ဒါဆို ဒီတစ်ပတ် အဖုံးတင်ဖို့ ဖွလို့ကောင်း မယ့် ရှုထောက်ကနေ သေချာမေးလာခဲ့ ။ ဂျာနယ်ထုတ်တယ်ဆိုတာ။ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ ဖေ့စ်ဘုတ်မှာ ဟော့ဖြစ်တဲ့ သတင်းတွေပဲ အလုအယက် အဖုံးတင်နေကြတော့ ဂျာနယ်လောကသားတွေ ရွာ လည်သောကပွားနေတာပေါ့ မောင်စိတ်ဆတ်ရဲ့ ။ ငါတကယ် ဒေါသပါးစေဖို့ ကူညီနော်။ မင်းအတွက် ဟိုက်အေ့စ်တစ်စီးနဲ့ ဒရိုက်ဘာတစ်ယောက် စီစဉ်ပေးလိုက်မယ်။ အပြန်ကျရင်လည်း စီးပွားရေး အတ္တလောဘနဲ့ ဘင်္ဂါလီတွေကို ကားထဲခိုးဖွက်ပြီး တင်မလာနဲ့အုံး၊ တို့နိုင်ငံအတွက် အန္တရာယ်များနေပြီးကွ။ အခုကမ္ဘာ့ သတင်းတွေကို ဖတ်ကြည့်စမ်း။ ဘင်္ဂါလီ မျိုးနွယ်ဝင်တွေ ဟိုနေရာ ဗုံးခွဲ လိုက်၊ ဒီနေရာ ဗုံးခွဲလိုက်နဲ့ တစ်နေ့ တစ်နေ့ မသာပေါ်တဲ့ စာရင်းကကြောက်စရာလန့် စရာကြီး။ ကမ္ဘာထိပ်တန်းစာရင်းစစ်အဖွဲ့တောင် ဒီကောင်တွေဘယ်လောက်သေတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာ လိုက်မမှတ်နိုင်တော့ဘူး။ ဒီလောက်ရက်စက်တဲ့ ကောင်တွေ။ ကမ္ဘာ့စစ်အင်အားအကြီး မားဆုံး အမေရိကန် တောင် ဘင်္ဂါလီမျိုးနွယ်တွေကို လှန့်နေတာဆိုတော့မလွယ်ဘူး”
စိတ်ချပါဆရာ၊ ဆရာ့တပည့်က ငဖျင်းငကြွား သတင်းသမားမဟုတ်ပါဘူး။ အမှန်ကန်သတင်းထောက်ပါဗျ။ ဘယ်လို အသင်း ဖွဲ့မျိုးမှမဆို ဒီလိုစုန်းပြူးတွေတော့ ပါမှာပဲ ဆရာရယ်။ ကိုယ့်ကျင့် ဝတ်ကိုယ်သိနေဖို့ အရေးကြီးတာပဲ။ ဒါနဲ့ဆရာ၊ ၂၁ ရာစု ငြိမ်ချမ်း ရေးပင်လုံညီလာခံ တတိယအကြိမ် ကျင်းပဖို့ တောင်နီးလာပြီနော်။
“ လိုပါသေးတယ်ကွ၊ လက်နက်ကြီးပေါက်ကွဲသံတွေ ဘာတွေနဲ့ အချက်ပြလာမှ တကယ်နီးလာပြီးလို့ ယူဆရမှာ။ တိုက်ပွဲတွေ၊ ပစ်ခတ်သံတွေကြားမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေပြီးလို့ မှန်းလို့ ရမှာ။ ခုနေတော့ စောသေးတယ်၊ယုံထင်ကြောင်ထင်မဖြစ်ကောင်းဘူး”
ဪ – – ဆရာ့ရဲ့ င်ြိမ်းချမ်းရေးသင်္ကေတက တစ်မျိုးပါပဲလား။
မြန်မာပြည်လေ တပည့် ကြီး ရယ်၊ တို့နေတာ မြန်မာပြည်ကွ။
“ ဗျာ”

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်