"ပင်လယ်ပြင်လုံခြုံရေးကပဲ ထိန်းရမယ်။ ကျွန်တော်တို့ လိုက်ထိန်းလို့မရဘူး"

၂၀၁၈ ဇန်နဝါရီ ၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်( ၇)
ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် (မြိတ်) ဥက္ကဋ္ဌ ဦးစန်းမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
မြိတ်ခရိုင်အတွင်း ငါးဖမ်းစက်လှေများ လိုင်စင်ရရှိမှုအခြေအနေ၊ ဖမ်းဆီးရမိသည့်ငါးများ ရောင်းချသည့်ဈေးကွက် အခြေအနေနှင့် မြိတ်နိုင်ငံတကာ ငါးလေလံဈေးကြီးပေါ်ပေါက်လာရေးနှင့် ငါးဖမ်းဆီးမှုမှ နိုင်ငံတော်အခွန်ဘဏ္ဍာများ ရရှိနိုင်မှု အခြေအနေများကို ပြည်သူအများသိရှိစေရန်အတွက် ငါးလုပ်ငန်းရှင်းများအဖွဲ့ချုပ် (မြိတ်) ဥက္ကဋ္ဌ ဦးစန်းမောင် နှင့် ယူနတီဂျာနယ်သို့ တွေ့ဆုံမေးမြန်ခဲ့သူများကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ ၂ဝဝဝလှေ ပတ်ဝန်းကျင်က ငါး ဈေးကိုသွားသွင်းရင် တန်ချိန်ဘယ် လောက်ရှိမလဲ။
ဖြေ။ ။ တစ်ရက်ကိုတန်ချိန် ၁ဝဝလည်း ဖြစ်နိုင်သလို တန်၂ဝဝလည်းဖြစ်နိုင် တယ်။ လက်ရှိနှုန်းနဲ့ဆို ဘယ်လောက် ဖြုန်းအားရှိမှရမှာလဲ။ တစ်ရက်ကိုတန် ချိန် ၂ဝဝမဖြုန်းနိုင်ရင် အဆင်မပြေဘူး ငါးမျိုးစုံအတွက် ကမ်းနီး၊ကမ်းဝေး၊ ဒေ သခံကမ်းဝေးအားလုံးအတွက်ဆို အခု လိုဈေးမျိုး ၁ဝခုလောက်လိုလိမ့်မယ်။ ငွေကတော့ မှန်းရခက်တယ်။ ကင်းမွန် ကဈေးကောင်းတယ်၊ ပုစွန်ကဈေး ကောင်းတယ်။ စက်ရုံမှာတင်တဲ့ ငါးမျက် နီခေါင်းကြီးတွေက ဈေးသိပ်မရှိဘူး။ ဈေးသိပ်မရှိလဲ တစ်ပိဿ၅ဝဝ၊၆ဝဝဆို လည်းတစ်တန်ဆိုမနည်းဘူး။ ငွေအား ဆို တစ်ရက်ကိုအနည်းဆုံး ငွေဒေါ်လာ ၁ဝသန်းမလည်ပတ်ဘဲမရဘူး တစ်တိုင်း လုံးအတွက်ပြောတာ။ တစ်နေ့ဆယ် သန်းဝယ်ပြီဆိုရင် သုံးဆ၊လေးဆသူ လက်ထဲမလည်နေလို့မရဘူး။ အဲ လောက်ကိုင်ထားမှလည်ပတ်မယ်။ ငွေ က လှည့်နေလို့ရတယ်။ (ဒါကမသေချာ မှန်းပြော) ထိရောက်တဲ့စနစ်မရှိဘူး။ လှိုင်းဖြူက (၇)ရက်တစ်ခါပင်လယ်ထွက် တယ်။ ငါးဖမ်းရက်က ၆ဝ၊ အရင်က ရက် ၉ဝရေလုပ်သားပြဿနာတွေ လျှော့ချ လိုက်လို့ ၆ဝဖြစ်သွားတာ။ ရက် ၉ဝနေရ တာကြာလို့ မြန်မာတစ်ပြည်လုံးအတိုင်း အတာနဲ့လျှော့ချလိုက်တာ။
မေး။ ။ နောက်ပိုင်းငါးရနည်းလား များ လား။
ဖြေ။ ။ ဒီနှစ်နည်းတယ်။ ကျန်တဲ့နှစ်တွေ က များတယ်။ ၁ဝကီလိုရမယ်ဆို ၉ကီလို လောက်ပဲရတယ်။ ၁ဝရာခိုင်နှုန်း လျော့ သွားတယ်။
မေး။ ။ ငါးသားဖောက်ဖို့အချိန်မရှိဘူး လို့ ပြောလို့ရလား။
ဖြေ။ ။ ရာသီဥတုနဲ့လည်းဆိုင်တယ်လို့ ပြောလို့ရတယ်။ ငါးသားပေါက်ရာသီကို ထိန်းသိမ်းတဲ့အပေါ် အများကြီးမူတည် တယ်။ ဃူသျန ွနညျေသည ယ ဃူသျန မေနေ တကယ်မှန်ကန်မှု ရှိဖို့လိုတယ်။ အမှန် တကယ်မှာ မျိုးပေါက်တဲ့အချိန်မဟုတ်ဘဲ သွားပိတ်မိတာ။ ဘာမှမထူးဘူး။ တ ကယ် မျိုးပေါက်တဲ့အချိန်မပိတ်ဘဲ မျိုးမ ပွားတဲ့အချိန်ပိတ်ရင် သူတို့အတွက် လည်းအကျိုးမရှိဘူး။ ကျွန်တော်တို့အ တွက်လည်းအကျိုးမရှိဘူး။ ဘယ်နေရာ မှာ ဘယ်ငါးတွေပေါက်ပွားတယ်။ ဘယ် အခ်ျိန်မှာပေါက်ဖွားတယ်ဆိုတာ သုတေ သနလုပ်ဖို့လိုတယ်။ သုတေသနလုပ်ဖို့ ဆိုတာလည်း ကျွန်တော်တို့အရပ်ဘက် အဖွဲ့အစည်းက လုပ်ဖို့ကထိရောက်မှုမရှိ ဘူး။ နိုင်ငံတော်အနေနဲ့ လုပ်ရမှာ။
မေး။ ။ အစိုးရကလုပ်လား
ဖြေ။ ။ အစိုးရက ၂ဝ၁၃လောက်က သု တေသနလုပ်ထားတယ်။ ဒီနောက်မတွေ့ ဘူး။ နောက်ပိုင်းလုပ်တာမရှိဘူး။ တကယ် အကောင်းဆုံးကတစ်နှစ်တစ် ကြိမ်လုပ်ရင် အကောင်းဆုံးပဲ။ စရိတ်က လည်းကြီးတယ်ပြောတယ်။ အရင်လုပ် တာက နော်ဝေကသင်္ဘောကနေလုပ် တာ။ အစိုးရပိုင်းကလုပ်ဖို့ ပျက်ကွက် တယ်လို့တော့မပြောချင်ဘူး။ လုပ်ရမှာ ဌာနနဲ့အစိုးရလုပ်ရမှာပေါ့။ ပညာရှင် ဆို တာလည်း သူတို့ဆီမှာပဲရှိတာ။ ကိုယ့် ဆီကပညာရှင်တွေလည်း လုပ်လို့မရ ဘူး။ နိုင်ငံခြားက ပညာရှင်တွေနဲ့ပေါင်း လုပ်ရမှာ ကျွန်တော်တို့ကလုပ်ဖို့အမြဲ တိုက်တွန်းတယ်။ တိုက်တွန်းမှလည်း ငါးသယံဇာတကို ထိန်းသိမ်းမယ်ပြော တာ ဒါတွေလုပ်မှရမယ်။
မေး။ ။ လွှတ်တော်ဘက်က ပြောတာ ရှိ လား။
ဖြေ။ ။ လွှတ်တော်မှာ မေးခွန်းတော့မေး နေတာပဲ။ လုပ်ဖို့မလုပ်ဖို့က သူတို့ မေး တဲ့အထဲမှာလည်း ပါတယ်။လုပ်ဖို့က သူ တို့အပိုင်းပဲလေ။
မေး။ ။ အခုကျတော့ရော ဘယ်အချိန် တွေငါးမဖမ်းဖို့ သတ်မှတ်ထားလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့နိုဝင်ဘာလ၂၈ရက်က ရန် ကုန်မှာ အလုပ်ရုံဆွေးနွေးပွဲလုပ်တယ်။ ပိတ်ဖို့အချိန်ကို တိတိကျကျမသတ်မှတ် ရသေးဘူး။ တိုင်းနဲ့ပြည်နယ်အလိုက်တင် ပြကြတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဆို မိုးရာသီ ၆၊၇၊၈လပိုင်းကို Close Season, Close area လုပ်ပေးဖို့တင် တယ်။ ရန်ကုန်ကျတော့ ၄၊၅၊၆ တင် တယ်။ ဧရာဝတီနဲ့ရခိုင်က ၅၊၆၊၇လ ပိုင်း တင်တယ်။ (၃)ခုလောက်ကွဲပြားနေ တယ်။ ဌာနကနေ (၃)ခုထဲမှာ ဘယ်တစ် ခုကိုယူပြီးတော့ Close Season လုပ် မယ်ဆိုတာ ကျွန်တော်တို့မသိဘူး။
မေး။ ။ ဒေသအလိုက်လုပ်လို့မရဘူးလား။
ဖြေ။ ။ မရဘူးလို့မဟုတ်ဘူး ရတယ်။ အ ဓိကညွှန်ကြားချက် အမိန့်တစ်စုံတစ်ရာ ထုတ်မယ်ဆိုတဲ့ ဌာနတွေနဲ့ပဲ သက်ဆိုင် မယ်ထင်တယ်။ ဥပမာ-တနင်္သာရီတိုင်း သည် ဒီလ၊ ဒီရာသီမှာ ငါးမဖမ်းရဘူးလို့ အမိန့်ကြော်ငြာစာ ဒါကအတည့်အလင်း ကျွန်တော်တို့က လိုက်နာပေးရပါမယ်။ ပင်လယ်ပြင်လုံခြုံရေးယူနေတဲ့ လူတွေ က အရေးကြီးသွားပြီး။ သူ့ကိုပဲအရေး ယူရမယ်။ လိုင်စင်ရှိတဲ့လှေတွေ၊လိုင် စင်အရ အကုန်ရပ်နားလိုက်ပြီး ပင်လယ် ပြင်မှာ လိုင်စင်မဲ့တွေခိုးဖမ်းနေတယ်။ ကျွန်တော်တို့တိုင်းက ၆၊၇လပိုင်းပိတ် တယ်။ ဧရာဝတီတိုင်းက ၅၊၆လပိုင်းပိတ် တယ်။ ကြားထဲမှာဟနေတယ်။ ဟိုမှာ သွားမဖမ်းဖို့ ခွင့်မပြုဖို့လည်းလိုတယ်။ ကျွန်တော်တို့က ၆၊၇ လပိုင်းမှာ ပိတ်ရင် ကျွန်တော်တို့ဘက်က လူတွေကဟိုမှာ သွားမဖမ်းဖို့လိုတယ်။ သူတို့ကလည်း ကျွန်တော်တိုဘက် မကျော်ဖို့လိုတယ်။ ဒါလိုင်စင်ရှိတဲ့လှေတွေ၊ လိုင်စင်မရှိတဲ့ ဒီကြားထဲတရားမဝင် ဝင်လာပြီးဖမ်းမှာ ပဲ။ ဒါကိုပင်လယ်ပြင်လုံခြုံရေးကပဲ ထိန်း ရမယ်။ ကျွန်တော်တို့ လိုက်ထိန်းလို့မရ ဘူး။ ငါးဦးစီးဌာနဆိုတာလည်း လမ်းပေါ် မှာလုံခြုံရေးဝန်ထမ်းအင်အားနည်း တယ်။ သူတို့မှာပင်လယ်ပြင်ကို လှုပ်ရှား နိုင်တဲ့လှေ၊ သင်္ဘောမရှိဘူး။ အဲဒီအ တွက် ကမ်းပေါ်မှာရှိတဲ့လှေကိုပဲ စစ် ဆေးပေးနိုင်တဲ့အနေအထားဖြစ်တယ်။ အဲဒီတော့သူတို့မစစ်ဆေးနိုင်ဘူး။
မေး။ ။ လိုင်စင်ထုတ်ပြီးသားလှေ ဘယ် လောက်ရှိလဲ။ လိုင်စင်လျှောက်ထား ဆဲရောဘယ်လောက်ရှိလဲ။
ဖြေ။ ။ လိုင်စင်ထုတ်ပြီးသားလှေ ၈ဝဝ ရှိတယ်။ လိုင်စင်လျှောက်ထားဆဲက ကမ်းဝေးမှာမရှိဘူး။ ဒေသခံကမ်းဝေး တွေမှာပဲရှိတယ်။ ဝိုင်းချုပ်ကလှေတို့ ဘာတို့မှာ လိုင်စင်လျောက်ထားဆဲ ၃ဝဝ ကျော်၊ ၄ဝဝလောက်ရှိတယ်။ အဲဒါတွေ ကတော့ လိုင်စင်မရသေးဘူး။
မေး။ ။ ငါးလုပ်ငန်းက သတ်မှတ်ထားတဲ့ ငါးမဖမ်းရဆိုတာကရော ဘယ်လောက် အောင်မြင်လဲ လက်ရှိထုတ်ထားတဲ့ အမိန့်ကြေငြာစာမှာရော ရာနှုန်းပြည့်ငါး ထွက်မဖမ်းဘူးဆိုတာ ရှိလား။
ဖြေ။ ။ သူတို့ကသတ်မှတ်လိုက်တယ်။ လိုင်စင်ထုတ်ပေးထားတဲ့ ကိရိယာအ လိုက်ကိုရှိတဲ့လှေဦးရေနဲ့ ရာခိုင်နှုန်းဘယ် လောက်ကိုခွင့်ပြုသည်၊ ပြီးခဲ့တဲ့နှစ်က ၇ဝ ရာခိုင်နှုန်းရပ်နားပြီး ၃ဝရာခိုင်နှုန်း ခွင့်ပြုတယ်။ အဲလိုဆိုရင် ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ကြားထဲမှာ ပိတ်တဲ့ရာ သီမှာ ၇ဝရာခိုင်နှုန်းရဲ့ လိုင်စင်တွေကို သိမ်းလိုက်တယ်။ သိမ်းပြီးတော့ ငါးလုပ် ငန်းဦးစီးကစိစစ်တယ်။ လှေအစီး၁ဝဝရှိ ရင် ၇ဝကိုသိမ်းတယ်။ သွားအပ်ပေး တယ်။ ကျန်တာ ၃ဝကပင်လယ်ပြင်မှာ ရှိတယ်။ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ Close Season, မှာလုပ်ပေး တာအမှားအယွင်းမရှိဘူး။
မေး။ ။ လိုင်စင်အပ်ပြီး တခြားထွက်ဖမ်း တာရှိလား။
ဖြေ။ ။ အဲဒါက လှေရှင်အပိုင်းဖြစ်သွားပြီ အဲဒါမျိုးတော့သတင်းမကြားမိဘူး။ ကိုယ် ကတော့မလုပ်ဘူး။ လုပ်တဲ့သူရှိလား။ မ ရှိဘူးလား။ အာမမခံဘူး ပင်လယ်ပြင် ရောက်သွားပြီး ကျွန်တော်တို့လည်း မမြင်နိုင်ဘူး။ လိုင်စင်ရော လှေဂရမ်ရော ရေယာဉ်မှတ်ပုံတင်ရော အကုန်သိမ်း ပြီးတော့ အပ်ထားတာ။ တရားမဝင်ထွက် သွားတယ်ဆိုရင်တော့ ကိုယ့်အပိုင်မ ဟုတ်တော့ဘူး။
မေး။ ။ အဲလိုမျိုးတွေ ထိန်းချုပ်ဖို့ဆိုရင် ရော အစိုးရအနေနဲ့ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ ပင်လယ်ပြင်မှာ လုံခြုံရေးယူနေ တဲ့သူတွေပဲအရေးကြီးတာပေါ့။ ကျန် တာကတော့ ငါးဦးစီးလည်းမသိနိုင်ဘူး။
မေး။ ။ နည်းပညာအရ ဂျီပီအက်စ်တပ် တာရော။
ဖြေ။ ။ ဂျီပီအက်စ် ပိတ်ထားရင်ဘယ်လို လုပ်မလဲ။ ပိတ်လို့ရတာပဲ။
မေး။ ။ အရေးယူတဲ့အပိုင်းက ဦးတို့မ ဟုတ်ဘူးလား။
ဖြေ။ ။ ကျွန်တော်တို့က NGO အဖွဲ့ အစည်းဖြစ်တဲ့အတွက် အရေးယူလို့မရဘူး။ ကျွန်တော်တို့သိတာလည်း နောက်ကျမှ သိတာများပါတယ်။
မေး။ ။ ဂျီပီအက်တပ်တာ သင်္ဘောပိုင်ရှင် ဘက်ကလက်ခံမှုရှိလား။
ဖြေ။ ။ ဂျီပီအက်ကရှိပြီးသား VIS စနစ် ငါးလှေတွေထိန်းချုပ်ဖို့ဆိုပြီးတော့ ရန် ကုန်မှာလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေကြတယ်။ အဲဒါကို ကျယ်ကျယ် ပြန့်ပြန့်သုံးဖို့လည်း ကျွန်တော်တို့လှေ ရှင်တွေအပိုင်းကတပ်ချင်တယ်။ ကိုယ့် လှေတွေဘယ်မှာရောက်နေလဲ သိချင် တယ်။ ၂ဝ၁၅ခုနှစ်မှာလည်း အဲဒါတပ် တယ်မယ်ဆို လှေတွေရောင်းလိုက်သေး တယ်။ ဒီဟာရှိမှ ဂရမ်ထောက်ခံချက် တို့ ဘာတို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရော အရင်အစိုးရလက်ထက်မှာရော ဆက်ကူးမက်ကူးဖြစ်ခဲ့တယ်။ ဒုဝန်ကြီး ဦးခင်မောင်အေးတို့လက်ထက်မှာ လည်း ရှိခဲ့တယ်။ စက်တွေကဝယ်ပြီးရင်
ဒီစက်တွေကို ဘယ်လိုအသုံးပြုမလဲဆို တာနည်းပညာမပေးလိုက်ဘူး။ ဒီစက် တွေက ဝယ်ပြီးတော့ တချို့အိမ်တွေမှာ ရှိတောင်ရှိသေးတယ်။ ဒီစက်ကလှေတွေ တပ်လိုက်၊ သူတို့ထိန်းကျောင်းပေးမယ့် -ကဘယ်မှာလဲ။ ဘယ်လိုသိမှာလဲ။ သူ မှာတော့ပါသွားပြီး လှေထဲမှာပါသွားတာ ပဲရှိတာလေ။ သင်္ဘောတာဝန်ခံ၊ ငါး ဖမ်းလှေမှာဆို ပဲ့နင်းတွေကသိဖို့လို တယ်။ သုံးတတ်ဖို့လိုတယ်။ သူတို့က လည်းလမ်းဖွင့်တားမယ်။ ဦးကလည်း ထိုင်ကြည့်နေရမယ်။
မေး။ ။ ဒီဟာတပ်တဲ့အတွက် သင်္ဘော ပိုင်ရှင်တွေဘာအကျိုးကျေးဇူးရမလဲ။
ဖြေ။ ။ ငါးဖမ်းလှေတွေသည် ဒီနေ့ ဘယ် နားမှာငါးရတယ်၊ ငါးဘယ်လောက်ရ တယ်ဆိုတာသိနိုင်တယ်။ ကျွန်တော်တို့ ကအခုဆိုမေးလိုက်တယ်။ မင်းတို့ဘယ် နားမှာဖမ်းလဲ။ —–လို့ပြောရင်ပြော မယ်။ တကယ့်တည်နေရာ ဟုတ်ချင်မှ လည်းဟုတ်မယ်။ ကျွန်တော်တို့မသိနိုင် ဘူး။ ကမ်းနီးမှာမဖမ်းနဲ့လို့ ဘယ်လှေရှင် ကမှမေပြောဘူး။ ပဲ့နင်းတွေက ဖမ်းရင်း နဲ့ ရေမိုင်မသိ ကျော်ဝင်သွားတာမျိုး ရှိ တယ်။ ကျွန်တော်တို့သိရင် ရေမိုင်ကျော် ရင် ကျော်တယ်ဆိုတာ သတိပေးလို့ရ တယ်။ အခု ကျွန်တော်တို့ မသိဘူး။ တစ် ခုရှိတာက စက်ရဲ့တန်ဖိုး၊ ဘယ်ကုမ္ပဏီ တွေက ကျွန်တော်တို့ကို ရောင်းချမလဲ။ ဒီဟာရဲ့ ကြည့်ခလစာ ဘယ်လိုသတ် မှတ်မလဲ။ တစ်ခါကြည့် ယူရို ၈ဝ လို့ ကြားတယ်။ အဲဒါဆို ကျွန်တော်တို့မတတ် နိုင်ဘူး။ စက် ၄ဝ/၅ဝ ဆို မတတ်နိုင်ဘူး။ ယိုးဒယားမှာ သူတို့ အီးယူက အဝါကတ် တွေဖြည့်ပြီးတဲ့နောက်မှာသုံးနေတာ စက် တစ်လုံးကို ဆယ်သိန်းလောက်ကျတယ်။ ဒါ အစိုးရလုပ်ပေးတာ၊ လစာလည်း သူ တို့မှာ ရှိတယ်။ လစာဈေးနည်းတယ်။ ကျွန်တော်တို့ဆီမှာက မနည်းဘူးလေ။ ဒေါ်လာ ၁ဝဝ လောက်ကျတယ်။ အဲဒီအ ပိုင်းတွေကိုလည်း အစိုးရပူးပေါင်းပါဝင်မှ ရမယ်။ ဝန်ထမ်းခန့်ဖို့၊ သင်တန်းပေးဖို့ အပြင် အရပ်သားတွေလုပ်လို့မရတဲ့ကိစ္စ တွေပေါ့။
မေး။ ။ တန် ၂ဝဝ လောက်ရောင်းရင် သန်း ၃ဝဝ လောက်ရှိနေရမယ်ဆိုတဲ့ဟာ က အရောင်းအဝယ်ဖြစ်နေတဲ့ ငွေစီးဆင်း မှုရှိလား။
ဖြေ။ ။ ကျွန်တော်ပြောတာ အမှန်ရယ် တော့မဟုတ်ဘူး။ တစ်ရက်မှာ တန် ၂ဝဝ မှာ ငါးကြီးငါးကောင်းဘက်များနေတဲ့နေ့ ဆို ငွေအမောက့်များသွားမယ်။ ငါးကြီး ငါးကောင်းမပါဘူး။ ငါးသေးပါရင် ငါးရဲ့ အထိအမိအပေါ်မှာလည်း အများကြီး မူ တည်ပါတယ်။ ဒီအမောက့်ပဲလိုတယ်ဆို တာ မဟုတ်ပါဘူး။ ဒေါ်လာ လက်ထဲမှာ ငွေအမောင့် အဲဒီလောက် အမြဲကိုင်ထား မှရမယ်။ အဲဒီလောက်မရှိရင် ဒီဈေး ကွက်တစ်ခုကို ဖြေရှင်းဖို့ မလွယ်ဘူး။ သူ ကိုင်စရာမလိုဘူးလေ။ သူခေါ်လာတဲ့ ဝယ်လက်နဲ့ ရတယ်။ ငွေကြေးအတွက် ပူစရာ မလိုဘူး။ ရောင်းပြီးမှ ပိုက်ဆံ ဘယ်တော့ရမယ်မသိဘူး။ သူတို့က အိတ်စ်ပို့တစ်ခါထွက်မယ်။ ကျွန်တော်တို့ ဆီက တစ်ခါဝယ်မလား၊ ကုန်ကြမ်းတွေ ပဲ ရေခဲရိုက်ပြီး ယိုးဒယားဘက် သွားမ လား၊ ရန်ကုန်ဘက် သွားမလား၊ ရောင်း ပြီးမှ ကျွန်တော်တို့ပြန်ပေးတဲ့ စနစ်မျိုးဆို မအောင်မြင်ဘူး။ သူငွေလုံးတစ်ခုကိုင်ပြီး လုပ်မှရမယ်။ ငွေ ၁ဝ သန်းဆိုလည်း မြန် မာငွေ သိန်းပေါင်း တစ်သောင်းကျော်ဆို တစ်ရက်တည်း ၅ဝဝဝ လည်း ကုန်ချင် ကုန်မယ်။ တစ်သောင်းလည်း ကုန်ချင် ကုန်မယ်။
မေး။ ။ လက်ရှိ လည်ပတ်နေတဲ့အပေါ် အခွန်ဆောင်တာရှိလား၊ ဝင်ငွေခွန်ဆောင် လား။
ဖြေ။ ။ ရေယာဉ်မှတ်ပုံတင်ထားတဲ့ လူ တိုင်းက ငါးလှေထွက်လို့ရှိရင်တစ်ခေါက် ကို ဂျေအာတီအလိုက် ကြိုတင်ခွန်ကောက် ထားတာရှိတယ်။ တစ်သိန်းခွဲ၊ နှစ်သိန်း၊ သုံးသိန်းအထိ ကောက်တာရှိတယ်။ နှစ် ကုန်ရင် ဘယ်နှခေါက်သွားလဲ၊ အမြတ ခွန်က လှေတစ်စီးချင်းအပေါ် စည်းကြပ် နေတာရှိတယ်။ တစ်စီးကို ဝင်ငွေခွန် သိန်း ၂ဝ ကျော်၊ ၃ဝ လောက်ရှိတယ်။ တစ်ရာသီ ဘတ်ဂျက်နှစ်နဲ့ သွားတာ။
မေး။ ။ အခု တစ်စီး သိန်း ၃ဝ ကောက် တာ တကယ်လက်ရှိ ဝင်ငွေနှုန်းနဲ့ ဘယ် လိုအနေအထားရှိသလဲ။
ဖြေ။ ။ တစ်ခါတလေ သူတို့ကောက်တာ များတောင်များသေးတယ်။ အေၾ<ြကးနဲ့ အသိမ်းခံရတဲ့ လှေတွေရှိတယ်။ သူတို့ က အမြတ်ခွန်ဆိုတာ အရှုံးခွန်မရှိဘူး။ ပုံသေနည်းနဲ့ ဖြစ်နေတာ။ တစ်နှစ်ထက် တစ်နှစ် တိုးတိုးပြီး ကောက်နေတာ။ မေး။ ။ လက်ရှိကောက်နေတဲ့ အခွန်က အန်ကယ်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ် နေလား။ ဖြေ။ ။ တချို့ကိစ္စတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ အောင်မြင်တဲ့ကိစ္စတွေမှာ ဝန် ထုပ်ဝန်ပိုးမဖြစ်ဘူး။ ငါးဖမ်းသင်္ဘောတိုင်း က အကျိုးအမြတ်ရှိနေတာ မဟုတ်ဘူး။ ရတာမတူဘူး။ ရနေတဲ့လူအတွက်က သိန်း ၃ဝ ကောက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး။ ဆီကြွေး၊ ရေခဲကြွေးတွေနဲ့ စက်လှေပျက်လိုက်၊ လှေအခွံက ပျက် လိုက်၊ လှေသားက ထွက်ပြေးလိုက်၊ ရေ ဝယ်လိုက် ပြဿနာမျိုးစုံဖြစ်တဲ့သူတွေ အတွက်က ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ အ ခွန်က ချက်ပွိုင့်မှာ တွက်ထားလည်း ဝမ်း စတော့ဆားဗစ်မှာ ထိုးထားတယ်။ ဒီ တစ်နှစ် ဘယ်နှခေါက် ထွက်လဲ၊ ၃ ခေါက် ထွက်ရင် ၃ ခေါက်ပေါ်မှာ တွက်ကောက် လိုက်တယ်။ အမှန်တကယ် ဆုံးရှုံးတဲ့ သူကျတော့ ရှုံးရှုံးမြတ်မြတ်ပေးရမှာ၊ မပေးလို့မရဘူး။ ငါးလှေလုပ်တိုင်း ချမ်း သာတဲ့ သူမဟုတ်ဘူး။ ဘဝပျက်တဲ့ သူတွေ အများကြီးပဲ။ ငါးဖမ်းလှေလုပ် တိုင်း ချမ်း သာမယ်ဆို အကုန်ငါးဖမ်းလှေ လုပ်မှာပေါ့။ စက်လှေဆိုတာ ကုန်းပေါ် က အိမ်ယာမြေလိုမဟုတ်ဘူး။ ဒီတစ် နှစ် သိန်း ၁ဝဝဝ အကုန်ခံပြီးလုပ်လိုက် တယ်။ နောက်တစ်နှစ် သိန်း ၁ဝဝဝ ရချင်မှရမှာ။ မေး။ ။ လိုင်စင်ရှိပြီးစား လှေ ၈ဝဝ လောက် မှာရော ရှုံးတဲ့သူ ဘယ်လောက်ရှိလဲ။ ဖြေ။ ။ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ လုံးဝအခက်အခဲ ဖြစ်တာ။ ၁ဝ ရာခိုင်နှုန်းလောက်ဖြစ်မယ်။ သူ့ကုသိုလ် ကံ၊ သူ့ကြိုးစားမှုအပေါ် မူတည်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ မေး။ ။ တကယ်မြတ်တဲ့သူတစ်ယောက် အတွက် နိုင်ငံတော်ကိုပေးသင့်တဲ့ အခွန် ထက် နည်းနေသလား၊ များနေသလား။ ဖြေ။ ။ မများလည်း မများဘူး။ နည်းတဲ့ အထဲလည်း မပါဘူး။ အဲဒီလောက်တော့ ပေးသင့်တယ်။ ကျွန်တော်တို့ဆီမှာ ဖြစ် နေတာ ကျွန်တော် ဒီတစ်နှစ် ရှုံးပါတယ် လို့ ပြောလို့မရဘူး။ အမှန်တကယ် ရှုံး လည်း ရှုံးတယ်လို့ ပြောလို့မရဘူး။ မေး။ ။ နိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ဖမ်းတယ်။ ထိုင်းကို သွားရောင်းတယ်။ ထိုင်းက မြန်မာနိုင်ငံ ထဲဝင်ဖမ်းနေတာရော ရှိသလား။ တ ကယ်လို့ မြန်မာနိုင်ငံမှာ ဒီဈေးကွက်ပေါ် လာဖို့ဆိုရင် အန်ကယ့်အနေနဲ့ လွှတ် တော်ရော၊ အစိုးရရော၊ လုပ်ငန်းရှင်တွေ ဘက်ကရော ဘယ်လိုအကြံပြုချင်တာ ရှိသလဲ။ ရနောင်းသွားရောင်းတယ်။ ကိုယ့်ပစ္စည်းကို အောက်ကြို့ခံ သွား ရောင်းတာ။ ကိုယ့်လုပ်ငန်းမှာ မင်းတို့ ဝယ်ချင်ရင် မင်းတို့ ဒီကိုလာခဲ့၊ လာရင် ဝင်ငွေခွန်ရမယ်။ ဘော်ဒါပတ်စ်တွေ လည်းရမယ်။ ဒီမှာလည်း အလုပ်အ ကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ် သင့်တယ်လို့ မြင်လား။ အခုဒီဈေး ကွက်မပေါ်ဘူး၊ ဒီဈေးကွက်ပေါ်ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲ။ ဖြေ။ ။ ငါးဈေးကွက်က ဒီတစ်ခုတည်း မဟုတ်ဘဲ အများကြီးပေါ်လေကြိုက် လေပဲ။ ကျွန်တော်တို့က ငါးဖမ်း လှေသမားတွေ ဒေသတွင်းမှာငါးဈေး ကွက် လို ချင်တယ်ဆိုရင်ငါးဈေးကွက် တစ်ခုပေါ်လာဖို့ ရင်းနှီးမြှုပ်နှံမှုအပိုင်း တွေ အစိုးရကလည်း တွန်းအားပေး ပြီး သူ့ဘက်က ဖြေလျှော့ပေးရမယ်။ အစိုးရပိုင်းက လုပ်ပေးရမယ့်ကိစ္စ တွေလည်း အများကြီးပဲ။ မြိတ်မှာ မီးမရှိဘူး။ အအေးခန်းလုပ်မယ်ဆို ဒီနေ့ငါးကီလို ၁ဝ တန်ဝင်လာတယ် ဆိုရင် ဟိုဘက်ကိုထွက်လို့မနိုင်သေး ရင် အအေးခန်းတွေလိုပြီး မီးက ပြဿနာ နံ ပါတ်(၁)၊ ရန်ကုန်သွားရောင်း မယ်။ တရုတ် ကလာဝယ်ရင် မူဆယ် ဘက်ကနေထွက်မယ်။ လမ်းတွေ ကောင်းဖို့လိုတယ်။ အ အေးခန်းကား တွေ ရပ်နားမယ့်နေရာတွေ အများ ကြီး လိုတယ်။ အစိုးရကလည်း တစ် စိတ်တစ်ဒေသ ဝင်မှရမယ်။ မေး။ ။ လက်ရှိ အစိုးရက ဦးမဆောင် ဘူး ဆိုတဲ့သဘောလား။ ဖြေ။ ။ အဲဒီလိုတော့ မဆိုလိုဘူး။ သူ တို့လုပ်ပေးမှရမယ့်အပိုင်း ပြောတာ။ လက်ရှိ ငါးလေလံဈေး လုပ်ဖို့တော့ အစ်ကိုတို့လည်း ကြားမှာပဲလေ။ထားဝယ်မှာလည်း လုပ်မယ်။မြိတ် မှာလည်း ငါးလေလံဈေး အကောင် အထည်ဖော်ဖို့ လွှတ်တော် ကိုယ်စား လှယ်တွေကနေ ကြိုးစားနေ တယ်။ သူတို့လုပ်တဲ့အပေါ်မှာ ကျွန်တော် တို့က နောက်ကပံ့ပိုးပေးရမယ်။ ဈေး တစ်ခုဖြစ်လာရင် ကုန်ကြမ်းရောင်း ချဖို့လိုတယ်။ ငါးရောင်းချဖို့ လို တယ်။ အစ်ကို့ဟာအစ်ကို ခံစားခွင့် ပြည့်စုံအောင် ဘယ်လိုပဲလုပ်ထား၊ လုပ်ထား။ ရောင်းချတဲ့သူတွေက ရောင်းနိုင်တဲ့အနေအထား တစ်ခု မှ မရှိဘူးဆိုရင် အဲဒီငါးဈေးကွက် သေ အောင်လုပ်ထားလည်း မအောင် မြင်နိုင်ဘူး။ မေး။ ။ အခုလုပ်နေတာက အန်အယ် ဒီအစိုးရလုပ်တာလား၊ ဦးသိန်းစိန် အစိုးရ လုပ်ခဲ့တာလား။ ဖြေ။ ။ လုပ်နေတာဆိုတာ အခုမှ မ ဟုတ်ဘူး။ စစ်အစိုးရလက်ထက်က တည်းက လုပ်နေတာ။ အခုအထိ မ အောင်မြင်သေးဘူး။ အစိုးရအဆက် ဆက်ကပေါ့။ မအောင်မြင်သေးဘူး ပြောရတာလည်း နည်းနည်းခက် တယ်။ လုပ်နည်းကိုင်နည်း မှားနေ တယ်လို့ ပြောရတာလည်း လုပ်တဲ့ သူတွေ သွားထိမယ်။ တကယ်တမ်း တော့ ငါးလေလံဈေးပေါ်ဖို့ဆိုတာ အစိုးရရယ်။ ငါးလေလံဈေး ဦးဆောင် လုပ်မှာ ပုဂ္ဂလိကက ဖြစ်နေတယ်။ အစိုးရက ရာခိုင်နှုန်း ၃ဝ ပါတယ်ဆို ပေမယ့် ဦးဆောင်နိုင်တာ လက်ရှိ ငါးလေလံဈေး ဦးဆောင်ဒါရိုက်တာ တွေက ဦးဆောင်နေတာ သူတို့အ ရည်အချင်းအပေါ်မှာ အများကြီး မူ တည်တယ်။ လုပ်ပိုင်ခွင့်ရှိတာ အစိုး ရဆိုပေမယ့် အစိုးရကလည်း သွား စီမံလို့ မရဘူး။ အစိုးရစီမံတဲ့အတိုင်း လက်ခံပါ့မ လား။ သူတို့နှစ်ယောက် အဆင်ပြေဖို့ လို တယ်။ သူတို့အဆင် ပြေဖို့ဆိုရင်တော့ ကျွန် တော်တို့မပြောနိုင်ဘူး။ သူတို့ချုပ်ဆိုတဲ့ စာချုပ် ကျွန် တော်တို့ မသိဘူး။ စာချုပ်အပေါ် မှာမူတည်တယ်။ သူတို့လုပ်ပြီဆို စာ ချုပ်ကို ကျွန်တော်တို့ ချပြဖို့လိုတယ်။ သူတို့လုပ်ပြီ ဆိုရင်ဌာနနဲ့ သူတို့လုပ် တာပေါင်းစပ်ညှိနှိုင်း တာ အဆင်ပြေ ပြီ။ ငါးဈေးကြီးကတော့ ဖွင့်တော့မယ် ဆို ဒေသခံငါးလှေပိုင်ရှင်တွေ ခေါ်ရမှာ။ သူတို့ကဒီနေ့ဒီရက် ငါးဈေးဖွင့် ပြီ၊ ဘယ်ငါးလှေ ဘယ်လိုဝယ်မယ်။ တစ်နေ့ ကို ဘယ်လောက်ဝယ်ယူနိုင်ပြီး ငွေရေး၊ ကြေးရေးပေးချေမှု သူတို့လုံးဝတာဝန်ယူမှု၊ တာဝန်ခံမှုရှိပါတယ်။ လာရောင်းတဲ့ကုန်ချိန် အားလုံးလည်း တစ်ခုမကျန် ဝယ်ပေးနိုင် တဲ့၊ ဖြေရှင်းပေးနိုင်တဲ့ အနေအထား တွေရှိ ပြီး ဆိပ်ကမ်းအနေနဲ့လည်း အ ချိန်မရွေး ကပ်နိုင်ခွာနိုင်တယ်ဆိုရင်သူတို့ဖွင့်ပြီဆို တာနဲ့ ငါးဖမ်းသင်္ဘောတွေက သွားပြီး ကပ်ရုံ ပဲ။ ပထမဆုံး လုပ်ရမှာ သူတို့အပိုင်း၊ကျွန်တော် တို့ တက်စီမံလို့မရဘူး။ တကယ်လုပ်ရင် ပေါ်လာနိုင်တယ်။ဘယ် အစိုးရတက်တက် ကျွန်တော်တို့ ဒေသ၊ ပြည်သူတွေကောင်းဖို့ပဲ မျှော်လင့် တာ။ ကျွန်တော်တို့က ဖြစ်စေချင်တာ။ ငါးနဲ့ပတ်သက်တဲ့ငါး လုပ်ငန်းမှာ ထိန်းသိမ်း တာ၊ ငါးမျိုး ထိန်းသိမ်းတာကအစ ငါးမျိုးအ ဆုံး ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒ ငါးမျိုး ထိန်းသိမ်းမယ်။ ငါးသယံဇာတ ထိန်းသိမ်း မယ်ဆိုလည်း ထိထိရောက်ရောက်ထိန်း သိမ်းရမယ်။ ပြတ်ပြတ်သားသားပေါ့။ အောက်ခြေမှာ ဖြစ်နေတာ ဒီဟာတွေကို ဘယ်သူက ညွှန်ကြားချက်ပေးလုပ်နေသလဲ။ ငါးလုပ်ငန်းဦးစီးဌာနကပဲ ဒီဟာကို ထိန်းမှာ လား။ အစိုးရအဖွဲ့က ထိန်းမှာလား။ ကျွန် တော် တို့က မသဲကွဲဘူး။ ငါးလုပ်ငန်းဦးစီး ဌာနကထုတ်တာ ထုတ်တာတစ်ပိုင်းပဲ အောက် မှာပြန်ပြီး။ စည်းမျဉ်း စည်းကမ်းလိုက်နာဖို့က ငါးလှေပိုင်ရှင်တွေတာဝန်။ ပင်လယ်ပြင်လုံခြုံရေး၊ ပင်လယ်ပြင် တပ်မတော်၊ ပင်လယ်ပြင်စိုးမိုးရေးအဖွဲ့တွေ မှာ တာဝန်ရှိတယ်။ ပင်လယ်ပြင်မှာ စောင့် ကြပ်နေတာ။ ဒီတစ်နှစ်တည်း အစီးရေ ၃ဝ လောက်ရှိပြီ။ လှေငယ်/ကြီးရော၊ ငါးလုပ် ငန်းဦးစီးဌာနကို လာအပ်တယ်။ အပ်ရင် ငါး လုပ်ငန်းက စိစစ်တယ်။ ငါးဖမ်းလိုင်စင်မရှိ ရင် တရားမဝင် ငါးဖမ်းတာ။ လှေကို ပြည်သူ့ ဘဏ္ဍာသိမ်းတယ်။ လူကို ထောင်ချတယ်။ လိုင်စင်ရှိတယ်။ လှေယာဉ်မှတ်ပုံတင်ရှိ တယ်။ စည်းကမ်းဖောက်ရင် စည်းပြစ်အနေနဲ့သွား တယ်။ ပြည်သူ့ဘဏ္ဍာအဖြစ် မသိမ်းဘူး။ ငါးဖမ်းလိုင်စင် ဘယ်လောက်နား ဆိုတာရှိ တယ်။ ဒဏ်ငွေရှိတယ်။ မေး။ ။ တစ်နှစ်အတွင်း ခိုးဖမ်းတာ ဘယ် လောက်မိသလဲ။ ဖြေ။ ။ အဲဒါတော့ မသိဘူး။ မိတာ မြန်မာ လှေတွေက စည်းပြစ်တွေ များတယ်။ ထိုင်း လှေတွေလည်း ရှိတယ်။ ထိုင်းလှေမိရင် ဒီ မှာပဲ အရေးယူ၊ ဒီမှာပဲ ထောင်ချတယ်။ မ လေးတွေရောပဲ။ ငါးလေလံဈေးသည် ငါးလှေပိုင်ရှင်တွေ အနေနဲ့ ဒေသတွင်း ငါးဈေးကွက်က လိုချင် တယ်။ ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲ တွေမှာလည်း ထည့်ထားတယ်။ မည်သူမဆို ရင်းနှီးမြှုပ်နှံနိုင်သော ငါးဈေးကွက် လိုအပ် တယ်ဆိုတာ ပါတယ်။ မြိတ်မှာ ပြဿနာက ငါးလေလံဈေးဆို ဒီဈေးတစ်ခုပဲ မြင်နေ တယ်။ ဒီဈေးတစ်ခုတည်း မြင်တဲ့အတွက် ကျွန်တော်တို့ ရည်ရွယ်ချက် ပျက်တယ်။ ဒီဈေးအပေါ်မှာရော ဆိုးကျိုး၊ ကောင်း ကျိုး ဝေဖန်တာ အားလုံး ဒီဈေးအပေါ်ပဲ သွားတယ်။ ကျွန်တော်တို့လိုချင်တာ ဒီလိုဈေးမျိုးနည်းတူ မည်သူမဆို ရင်း နှီးမြှုပ်နှံနိုင်လာအောင် လုပ်ရမယ်။လွှတ်တော်ကိုယ်စား လှယ်တွေပါလို့ ကျော်မေးလို့ မကောင်းဘူး။ အဓိက ရောင်း/ဝယ်တဲ့အပိုင်းပဲ ပြောတယ်။ မေး။ ။ ၾႈဃ ဥပဒေဆိုတာ ၂ဝ၁၆ မှာပြ ဋ္ဌာန်းတဲ့ ဥပဒေဖြစ်တယ်။ ဒေါ်စုတက် လာပြီး အသစ်ပြဋ္ဌာန်းရတဲ့ ဥပဒေ၊ ကန့် သတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဒီတစ်ခုတည်း ရှိရမယ်ဆို ဘယ်လိုဆက်လုပ်မလဲ။ ဖြေ။ ။ ကိုယ့်ဒေသကို ကိုယ်သတ်မလား၊ ကျွန်တော်မြင်တာတော့ လုပ်တဲ့သူကို တစ်ခုတည်းပဲ လုပ်ရမယ်ဆို လုပ်တဲ့သူ ကိုပြန်မေး ချင်တယ်။ ဥပဒေထုတ်တဲ့သူကို မေးချင်တာ။ သူကရော ကျွန်တော်တို့ ဒေသကထွက်တဲ့ ငါးတွေကို တာဝန်ယူ ပြီလား၊ တာဝန်ခံနိုင်ပြီလား။ တရားဝင် ရေယာဉ်မှတ်ပုံတင်ရှိတယ်။ တရားဝင် ငါးဖမ်းလိုင်စင်ရှိတယ်။ နှစ်စဉ်ငါးလုပ် ငန်းဦးစီးဌာနကို အခွန်ပေးသွင်းထား တာရှိတယ်။ ရေယာဉ်မှတ်ပုံတင်နဲ့ ပတ် သက်ပြီး အခွန်အခသွင်းထားတာ ရှိ တယ်။ နှစ်စဉ်ဝင်ငွေခွန်ဆိုတဲ့ ပြေစာ တွေရှိတယ်။ ကျွန်တော်တို့က ငါးကိုဖမ်း လာပြီး ရန်ကုန်မှာ ငါးဈေးကောင်းလို့သွား ရောင်းလို့ မရဘူးလား။ ထားဝယ်မှာ ငါးဈေးကောင်းလို့ သွားရောင်းလို့မရဘူး လား။ ဒီငါးတွေနဲ့ အိတ်စ် ပို့ထွက်မယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ သွားမယ်။ လိုက်နာမယ်။ အဲဒါဆို ထိုင်းသွားရောင်းလို့ မရဘူးလား။ ဒီအ မိန့်ကြော်ငြာစာအမှတ်သည် မြိတ်ဒေသ မှာ ငါးလေလံဈေးရှိတဲ့အတွက် ဒီမှာပဲ တင်ရမယ်ဆိုတဲ့သဘော ပါသွား တယ်။ ကျွန်တော်သည် ကော့သောင်းမှာ ချက် ပွိုင့်ရှိတယ်၊ ကျွန်တော့်လိုင်စင်သည် ကော့သောင်း၊ တနင်္သာရီလိုင်စင် ကနေ အဝင်အထွက်သွားလုပ်ရင် ဘယ်လို ကန့်သတ်မလဲ။ ကျွန်တော်တို့ကိုလာချ ပြရင် မေးစရာရှိတယ်။ အမိန့်ကြော်ငြာ စာမလာသေးဘူး။ လာရင်ရှင်းရမယ်။ အဲဒါဆို တရားမဝင်တော့ဘူးလား။ ငါး ဖမ်းလိုင်စင်တစ်ခုမှာ မွန်၊ တနင်္သာရီ ဆက်စပ်ရေပြင်တွေမှာ ငါးဖမ်းလို့ရတယ်။ အရင်က သုံးကွက်အထိ ပေးတယ်။ တ နင်္သာရီနဲ့ ရခိုင်ယူလည်း ရတယ်။ အခုက ဆက်စပ်ရေပြင်ပဲပေးတယ်။ မွန်လိုင်စင် ကိုင်ထားတဲ့အတွက် မွန်ကနေ ထွက် မယ်၊ ရန်ကုန်သွားရောင်းမယ်။ ဘယ်လို အရေးယူမလဲ။ တစ်မြို့တည်းမှာပဲ ကန့် သတ်ချက် အကျုံးဝင်မှာလား။ ရန်ကုန် မှာ ဆိပ်ကမ်းတွေ အများကြီးရှိတယ်။ ရန်ကုန်မှာ ဘာလို့ အကျုံးမဝင်တာလဲ။ ဘယ်လိုလုပ် လာကန့်သတ်မှာလဲ။ ဖမ်း ဆီးရမိတဲ့ ငါးအားလုံး တာဝန်ယူရင် ပျော် တာပေါ့။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်