တစ်လလျှင်ငှားရမ်းခ ကျပ်သိန်းသုံးဆယ်ပေါက်ဈေးရှိသည့် အောင်ဆန်းကွင်းဆိုင်ခန်းများ ကျပ်တစ်သောင်းနှစ်ထောင်သာ ကောက်ခံနေမှုကို ပြောင်းလဲကောက်ခံမည်ဟုဆို

အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ရန် ဆိုင်ခန်းငှားရမ်းခများအား တိုးမြှင့်ကောက်ခံသွားမည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
မတ်လ ၆ ရက်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒသမနေ့)တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေး၏ အောင်ဆန်းအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများအားမည်သည့်နှုန်းထားနှင့် မည်ကဲ့သို့ငှားရမ်းထားရှိပြီး မည်သည့်ဌာနကရရှိနေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦနိုင်ငံလင်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဆန်းအားကစားကွင်းအား ပြုပြင်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၂/ ၁၂/ ၂၀၁၇ ရက်စွဲပါ စာအမှတ် ၁၄/ ၂၇၂ ကွင်း
MFF – ၁၈ /အဖရ (၂၀၁၇) အရ အပ်နှံ/လွှဲပြောင်းရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆင့်မြင့်တင်ရေးစီမံချက်ကို အား/ကာရုံးချုပ် သို့ တင်ပြထားပါကြောင်းနှင့် ပြုပြင်ပြီးပါက ဘောလုံးနှင့်ပြေခုန်ပစ် ပြိုင်ပွဲများကို အဆင့်မြှင့်ကျင်းပရန်ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်ဟု သိရပါသည်။
“ အောင်ဆန်းအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းပေါင်း ၃၂၁ ခန်းအတွက် ငှားရမ်းခငွေစုစုပေါင်း တစ်နှစ်လျှင် ၄၈၁၃၃၂၀၀ ရရှိပါတယ်။ နိုင်ငံတော်သို့ ပေးသွင်းရပါတယ်” ဟု သိရှိရသည်။
ငှားရမ်းခတိုးမြှင့်ကောက်ခံပြီး နိုင်ငံတော်ငွေစာရင်းပိုမိုရရှိရေးအတွက် အောင်ဆန်းအားကစားကွင်းအဆင့်မြှင့်တင်ရေးစီမံချက်နှင့်အတူ ဆက်လက်ဆောင်ရွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးကပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ ကျွန်တော်တို့အဝေးပြေးကားလက်မှတ်ဂိတ်ဖွင့်ဖို့ငှားထားတာတော့ ငါးနှစ်ရှိပြီ။ ဆိုင်းခန်းနဲ့လခကတော့ တစ်လကိုကျပ်သိန်းသုံးဆယ်ပေးရတယ်။ ဒါပေမဲ့ အခန်းကမြေအောက်ခန်းပါ လေးထပ်ရှိပါတယ်” ဟု ဆိုင်ခန်းငှားသူတစ်ဦးက ယူနတီသို့ပြောသည်။
အဆိုပါဆိုင်ခန်းများတွင် လက်ရှိပေါက်ဈေးမှာ တစ်လလျှင် သိန်း ၅၀ ခန့်ရှိပြီး လက်ရှိကောက်ခံနေသော နှုန်းထားများအရ တစ်လလျှင် ကျပ် ၁၂၀၀ ခန့်သာရှိနေသောကြောင့် တစ်နှစ်လျှင်နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် နစ်နာနေသည်။

ဝေဖြိုးအောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်