မဖာက်သင့်တဲ့လမ်း၊ မဆောက်သင့်တဲ့တံတား

၂၀၁၈ ဇန်နန်ဝါရီ ၁၃ ရက်နေ့ထုတ ္ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်(၈)
နဖူးကအမာရွတ်ကို ကြေးမုံပြင်မှာ မြင်တိုင်း ပညာရှိမတ် မဟော်ကြောင့် အရှက်အနာရခဲ့သည်ကို ကေဝဋ်သတိရ နေသလို နဝတ၊ နအဖ ခေတ်တည်သော ဆည် ဖောက်သောလမ်းနှင့် ဆောက် သောတံတားတို့ကို မြင်ရဖြတ်ရတိုင်း ပညာမဲ့သိက္ခာပျက် ကိုယ့်ဘက်ယက် အာဏာရှင်နှင့် အလိုတော်ရိတို့ ကိုယ် ကျိုးရှာစီစဉ်မှုတို့ကြောင့် ပြည်သူတို့ဒုက္ခ ရောက်ကြရသည်ကို ကျွန်တော်တို့သား စဉ်မြေးဆက် မေ့ပျောက်ရမည်မဟုတ် ပေ။ ပခုက္ကူဂန့်ဂေါနှင့်ကလေး၊ ရေးနှင့် ထားဝယ်ရထားလမ်း မျက်ရည်လွှမ်းရ သည့်ဘဝတွေ အိမ်ခြေရွာတွေရွှေ့ရ၊ လယ်ယာမြေတွေ အသိမ်းခံရ၊ အေး ကောင်းပျိုရွယ်လုံမငယ်တို့ မိမိနှင့်မိသားစု ဖိနှိပ်မှုမှ သက်သာရေးအာဏာရှင် ကြီး၊ လတ်၊ ငယ်တို့ အငယ်အနှောင်းဘဝ၊ ပန်းကောင်းအညွန့်ချိုးခံရ၊ မလှပတဲ့ည တွေဖြတ်ခဲ့ကြ။ လူမရောက် မပေါက်နေ ရာတွေမှာ ရဲဘက်အကျဉ်းသားတွေ မျက်ရည်၊ သွေး၊ ချွေး၊ အသက်ပေးဆပ် ခင်းသည့်လမ်းတွေ။ အင်္ဂလိပ်အစိုးရ တုန်းက လမ်းတံတားအတွက် မျက်ရည် မဆင်း ရင်းတွင်းမဆို့ခဲ့ရ။ အာဏာရှင် အစိုးရ၏ တည်ဆောက်ပြုပြင် မြန်ပြည် တစ်ခွင်မှာတော့ ရှင်လူရဟန်း ပြည်တစ် ဝန်းမှာ ငိုရှိုက်သံ ညည်းညူသံတောက် ခေါက်သံတို့ နားထောင်တတ်လျှင် ပီပီ ပြင်ပြင် ကြားနေရဆဲ။
နတ်မောက်မြို့ လူထုလည်း ဝမ်း နည်းပက်လက်စက်ကွင်းက မလွတ် ကင်းခဲ့ပါ။ နတ်မောက်ဆည်တည်စဉ် မျက်ရည်မျက်ခွက်၊ အသက်သေကြ၊ ဘဝကြေကြ၊ စိတ်ဒဏ်ရာရ ညတွေလချီ ခဲ့။ ၂ဝ၁ဝ ရထားလမ်း မကွေး-နတ် မောက်၊ ပျော်ဘွယ်-ကြား လယ်ယာ တွေ အခြွေခံရသည့်ပြင် မြို့ရွှေမောက် အရှေ့မြောက်ဖျား ဆောက်ထားသည့် တံတားက မြို့မြောက်ဖျားမှ လူများကို ရင်မနေစေပြီ။ သည်တံတားက နတ် မောက်ဘူတာသစ်နှင့် ဘူတာဟောင်းကို ပေါင်းကူးပေးသည့်ရထား တံတား။ မြို့ တစ်မြို့ထဲမှာ ဘူတာနှစ်ခုရှိသည့် မြို့က ရွှေမောက်မြို့။ ပထမက ကိုလိုနီခေတ် ၁၉၃၂ ခု ပျဉ်းမနားကျောက်ပန်းတောင်း တိုးချဲ့စဉ်က ဖြစ်လာသည့်ဘူတာ။ ထို နှစ် ကိုအောင်ဆန်း တက္ကသိုလ်ရောက်စ နှစ်။ သည်ဘူတာမှတက် ရန်ကုန်သို့။ ရန်ကုန်မှလာ သည်မှာဆင်း။ ၂ဝ၁ဝ တွင်းမှာတော့ မကွေး-နတ်မောက်-ပျော်ဘွယ် ဆက်သွယ်ဖို့နတ်မောက်ဘူ တာသစ်ဖြစ်လာသည်။ ဘူတာဟောင်း နှင့် နတ်မောက်မြို့ကြားမှာ တစ်မိုင်တင်း တင်း ယင်းချောင်းကာခြားထားသည်။ ဘူတာသစ်က မြို့အနောက်ဘက်။ ဆက် သွယ်ဖို့ ရထားလမ်းကို မြို့အနောက်ဘက် ကပတ်။ မြောက်ဘက်ကဝိုက်၊ မြို့အရှေ့ မြောက်ဖျားမှာ ယင်းချောင်းဖြတ်သည့် တံတားဆောက်ခဲ့ရာ ယခုအခါ မြို့ အစ မြို့မရပ်ကို ခြိမ်းခြောက်လာပြီ။
” နောက်တစ်ခါ မိုးကြီးကြီး နှစ်မိုး လောက်ရွာရင် ကျွန်တော်တို့အရှေ့တန်း ပါပြီဆရာ” ကိုထွန်းလင်းက ရောက်လာ တော့မည့်အန္တရာယ်ကို ရင်မောစွာပြော သည်။ သူပြောသည့်အတိုင်းပင် သူတို့ အိမ်တန်းနှင့် ယင်းချောင်းရေကြောင်း သည် ပေ ၃ဝဝ ခန့်သာ ဝေးတော့သည်။ သူနေသောအပိုင်းသည် စာဆိုစုံနံ့သာ မြိုင် ဦးကြော့နတ်မောက်ရှုခင်းကို ကြည် ကြည်နူးနူးခံစားခဲ့သည့် မြိ့မရပ်အရှေ့ မြောက်ပိုင်း။ ရှေးက မြို့ကုန်းရွာ။ ” ဖြေ မဆုံးနိုင်ဘူး ရွှေကုန်းအိမ် ဘွေဆောင် ညာက” ဟု နတ်မောက်အလှကို လွမ်း တရေးဖွဲ့ခဲ့သည့်နေရာ။ ကိုထွန်းလင်းတို့ လူကြီးတွေမှ မဟုတ်။ ယခု ဘုစုခရု ကလေးတွေပင် သူတို့မွေးရပ်ကွက်ကို မြို့မရပ်ဟု မခေါ်ကြ။ ” အရှေ့ရွာလမ်း ကို ရေဦးပေါက်နေပြီ ဆရာ။ တချို့နေ ရာတွေက ပေ ၂ဝဝ သာသာပဲ။
ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ။ ၂ဝ၁ဝ ထိ ယင်းချောင်းနှင့် မြို့မရပ်သည် ပေတစ်ထောင်ကျော်ကွာသည်။ ယင်း ချောင်းသည် မြို့အရှေ့မြောက်ဖျား ပျော် ဘွယ်နယ်ယင်းတော်ဘက်မှ ချောင်းဖျား ခံလာသည်။ မြို့အနီးရောက်မှ မြောက်မှ တောင်ဖြောင့်ဖြောင့်စီးသည်။ထို့ကြောင့် ယခင်ရေလမ်းသည် မြို့ကိုမစိုးရိမ်စေရ။ ၂ဝ၁ဝ က ဆောက်သောတံတားသည် ချောင်းကိုဖြတ်၍ အရှေ့အနောက်တည့် တည့်သို့မဟုတ် အရှေ့မြောက်စွေစွေ မဆောက်ဘဲ အရှေ့တောင်စွေစွေ ဆောက်လိုက်သောအခါ မြောက်မှ တောင် စီးလာသောရေကြောင်းသည် တံတားအောက်ဖြတ်ပြီး အနောက် တောင်ဘက်သို့ ဦးတည်ဘက်ပြောင်း သည်။ ထိုအခါမြို့မရပ်သည် ရေကြောင်း ဦးခိုက်ရာဖြစ်လာသည်။ သည်ငါးနှစ်အ တွင်း မြို့မရပ် အရှေ့မြောက်နှင့်အရှေ့ ဘက်လယ်ယာဧကများစွာ ရေတိုက်စား ခံရပြီ။ လယ်ယာဦးကြီး ၉ဝ ရာခိုင်နှုန်းရှိ ရပ်ကွက်မှာ ရထားလမ်းကြောင့် မြေ သိမ်းခံရ။ တံတားသရမ်းကြောင့်မြေယာ တို့ရေပါခံရ။ ၂ဝ၁၈ မိုးဦး၊ မိုးလယ်၊ မိုး နှောင်း တစ်မိုးကောင်း၊ နှစ်မိုးကောင်းရွာ လိုက်လျှင် မြို့မရပ်မှာဗြောင်းဆန်မည်။ တစ်မြို့လုံးလည်းသောင်းသောင်းညံပေ လိမ့်မည်။
၂ဝ၁၅ မိုးညတစ်ည မြို့အရှေ့ဖျား ဈေးအောက်ချိုင်းမှာ ချောင်းရေကျလာ သည်ဆိုကာ ညမှောင်မှောင် မီးပျက် ပျက် ရုတ်ရုတ်ရက်ရက် ပြေးကြ လွှားကြ ရာ အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ရသည်။ မနက်လင်းမှ မစူးစမ်းမဆင်ခြင်သော ယုန်သူငယ် ဘယ်သူဖြစ်သနည်း မေးရ မြန်းရ ရယ်ကြမောကြ။ မဝေးသောအနာ ဂတ်မှာ ၂ဝ၁၈-၁၉-၂ဝ နှင့် နောင် ငါး နှစ်အတွင်းမှာ မိုးများ၍ရေအားကြီးလျှင် ထိုတံတားကြောင့် မြို့မနှင့်ဈေးအောက် ချိုင်းက ရေဘေးသင့်ဒုက္ခသည်များဖြစ် လာလိမ့်မည်။
အာဏာရှင်တို့ Óာဏ်မဲ့သည်ဟု ထင်တိုင်းဆိုသည် မဟုတ်ပါ။ ဖောက်ဖို့ မလိုသော လမ်းတို့ကို ဖောက်သည်။ မကွေးတောင်တွင်းလမ်းဆိုလျှင် ရထား ပြေးချိန်ပုံမှန်မရှိ။ မကွေးနတ်မောက် လမ်းလည်း ဖောက်ရန်မလိုသည့် ပြင် နတ်မောက်ဘူတာသစ်ကို တည်ဖို့မလို ဘဲ တည်၍ဆိုမြည်ရခြင်းပါ။ မကွေး -နတ်မောက်-ပျော်ဘွယ် လိုအပ်လို့ ဆက်သွယ်ရစေဦး မကွေးနှင့်ဘူတာ ဟောင်း ဘူတာဟောင်းနှင့်ပျော်ဘွယ် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ကောင်း ကျိုးက (၁)ဘူတာသစ်အတွက် ဝန်ထမ်း အိမ်ရာတွေမလို၍ နိုင်ငံတော်မှာအပိုငွေ မကုန်။ (၂)ခရီးတိုသွားသည့်အပြင်ယင်း ချောင်းဖြတ်တံတားမလို။ (၃)လယ်ယာ မြေများ သိမ်းဆည်းခံရမှုမရှိ၍ကုန်ထုတ် လုပ်မှု မကျဆင်းတော့။ (၄)ဘူတာသစ် ရှိခြင်းသည် မြို့ကိုထူး၍ ကျေးဇူးမပြု။ ရန်ကုန်၊ ကျောက်ပန်းတောင်း၊ ပျော် ဘွယ်သွားချင်လျှင် ဘူတာဟောင်းမှပင် သွားနေ၇သည်။ ဘူတာသစ်မှ စင်္ကြံ၊ မိုး သွပ်တို့သည် ဖွင့်ပွဲတုန်းကသာအကောင်း ယခုလန်သည်လန် ပေါက်သည်ပေါက်။ အမိမြေကို ချစ်ကြသူတွေ ခေတ်ကဖြစ် လာသည့် ဘူတာသစ်မရှိလျှင် ဖြစ်လျက် နှင့် ဘာကြောင့်ဆောက်ခဲ့ကြသနည်း။ ” ကိုယ်ကျိုးရှာ စီမံကိန်းကိုအကောင်အ ထည်ဖော်လိုက်ခြင်းသာ” ။ မိုင်ရှည် သော တံတားဆောက်ရလျှင် ကိုယ့် အတွက်ကျန်သည်မဟုတ်လား။ ဘူတာ သစ်နှင့်ဘူတာဟောင်း သုံးမိုင်သာသာ ခရီးလေးမှာ ချောင်းတံတား ရိုးတံတား နှစ်ခုရှိသည်။ ဘူတာသစ်နှင့် ဘူတာ ဟောင်းဆက်မည်ဆိုတော့ တချို့အိမ် တွေနေရာတွေ ရွှေ့ဖို့ အသံလွှင့်သည်။ ရှိသူတွေ မိမိအိမ်ရာမပါရေး သက်ဆိုင် ရာပြေးကပ် ချော့မော့ကန်တော့၊ ခွင်ဖန် တီးစီမံကိန်း။ နောက်ဆုံးတော့ ငဘတို့ပဲ ခံရ။ သုမနတို့သာလျှင် ရင်ရောကျောပါ ဒဏ်ရာတွေရ။ တစ်ခါ အင်ဂျင်နီယာတို့ ပညာ ထည့်မစဉ်းစားဘဲ ဆောက်သည့် ယင်းတံတားကြောင့် နင်းပြားတို့ဆက်ခံ ရပြန်သည်။ အခုတော့မြို့ကိုပါ ဒုက္ခပေး နေပြီ။
ဖောက်ခဲ့ဆောက်ခဲ့သည့် လမ်းတံ တားတို့သည် ဆေးမင်ရည်စုပ်ထိုးသည့် နှယ် ဖျက်ဟယ် ပြင်ဟယ်မရတော့။ သို့ သော်တံတားကြောင့်ရလာသော အန္တ ရာယ်ကို ကာကွယ်ဖို့တာဝန်ရှိသူတွေ အကြောင်းတော့ ပြောခွင့်ရ၍ပြောရပေ မည်။ ၂ဝ၁၁-၁၅ ပြည်ခိုင်ဖြိုးအစိုးရခေတ် တိုင်းအစိုးရဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ လက်ထက် ချောင်းက မြို့ဘက်ကိုချည်း တတိ တတိရေပါမှု လျစ်လျူရှုခဲ့တယ်။ ထိုခေတ် ကြံ့ဖွံ့မတ်များ မြို့လူထု အသာထား သူတို့ပါတီဝင်ချင်းပင် မသ ထာကြ။ ကိုယ့်သားစာ မယားစာမြေးမြစ် စာအရေးပဲ လုပ်ကြကိုင်ကြ၏။ ထို့ ကြောင့် မြို့ကုန်းရွာမြို့မသားတို့ ဒုက္ခ များကို မကယ်တင်။ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက (ခင်ဗျတို့ယာခင်း တွေ ရေပါတာ ခင်ဗျားတို့ဘာသာ ကာ ကွယ်ကြပါလား)ဟု တာဝန်မဲ့စကားကို ပြောခဲ့သည်။ တင်ပြလာသူ တောင်သူ ဦးဝင်းနိုင်အား ရင့်သီးစွာ တုံ့ပြန်အကြံ ပေးသည်။ ရိုင်းစိုင်းလိုက်ပေစွဟု မှတ် ချက်ပြုမိသည်။
ယခု NLD ခေတ် ၂ဝ၁၆-၁၇ မြို့ နယ်အုပ်ချုပ်ရေးမှူးက ယခင်လူလိုမရူး ပေမယ့် မြို့နားချဉ်းကပ်လာသော ရေပါ မှုကို ယခုအချိန်အထိ မတွေးမချင့်။ တိုင်းအစိုးရနှင့် ဦးအောင်မိုးညိုတိုင်းဝန် ကြီးချုပ်လည်း တံတားကိစ္စ နည်းနည်းမျှ မလှုပ်။ ယခုနတ်မောက် NLD အမတ် များ မြို့လူထုလက်သန်းကလေးများကို မေ့။ ၂ဝ၁၅ နိုဝင်ဘာရှေ့တုန်းကတော့ (ပြောင်းလဲချိန်တန်ပြီဗျို့။ ဦးသန်းရွှေတို့ ဒုက္ခပေးသမျှကို ကျုပ်တို့မခံဘူး)ဟု အရူးအမူးပြောသလိုပြော။ ဟော အခု တော့ NLD အမတ်တွေ စကားမှန်နေပြီ။ ဦးသန်းရွှေပေးသည့် ဒုက္ခမှန်သမျှနတ် မောက်လူထုသာ ခံကြ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကျုပ်တို့မတွေး နိုင်။ နှစ်သောင်း နေ့တွက်အသေးသုံး စရိတ်နှင့် လကုန်ရက်မှာ ၁ဝ သိန်း၊ လစာထုတ် အမတ်တွေမခံဘူး။ မြို့ဦးက မြို့မခေါ် ဦးကြော့နေခဲ့ရာ မြို့ကုန်းရွာ လူထုသာခံ။ ဒုတိယ မြို့မြောက်အောက် ချိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အနီးကလူတွေခံ။ တတိယဗိုလ်ချုပ်မွေး သည့် တောင်ရွာကြီးသား လူတွေခံ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ဗိုလ်ချုပ် ကြေးရုပ်ထု နေရာပြောင်း မြို့မြေပုံ ဗိုလ် ချုပ်အောင်ဆန်း ခေတ်ကလိုမဟုတ် အောင် သဘာဝကို ပြောင်းခိုင်းနေတာ မဲဆွယ်ကတိစကားအတိုင်း ပြောင်းလဲ ချိန်တန်ပြီ။ အာဏာရှင်က လူထုကိုပေး တဲ့ဒုက္ခ တခြားမြို့ များကအမတ်တွေလိုပဲ NLD အမတ်တွေက မခံဘူး။ ကဲ အရူး ဆယ်ခွန်းပြော တစ်ခွန်းမှန်ဆိုသည့် အတိုင်း ဒါကတော့အမှန် ဖြစ်နေပြီ။ ကြည့်လေ။ ယခု ရေလမ်းကြောင်းနှင့် မြို့မရပ်အလွန်နီးကပ်နေ သည်ကိုပင် ယနေ့ NLD အမတ်တို့နှင့် တာဝန်ရှိသူ တို့က ပြည်သူတို့အတွက် စိုးရိမ်ပူပန် တတ်သော နှလုံးသားမရှိ၍ ကြောင့်ကျမှု မခံစား။ သည့်အတွက် စာဆိုဦးကြော့ နေရပ်သား ကိုတင်မောင်ညွန့်က ဦးကြော့ကဗျာပြင်ဆိုလိုက်ပုံမှာ
” ကွင်းသာသာ ယင်းညာရှုလိုက်ပါ့
တံတားဟာ မှားကာဆောက်တာ ကြောင့်
၂ဝ၁၈ မိုးမှာ တအားသာမိုးရွာလိုက် ရင်လ
အို ဗျ တိုင်းအစိုးရဝန်ကြီးချုပ်ရဲ့
အို ဗျ NLD အမတ်မင်းတို့ရဲ့
အို ဗျ အုပ်ချုပ်ရေးမှူးရဲ့ ကျုပ်တို့ ရွာ (ကျုပ်တို့မြို့ဟာ)
ရေပါ ပျောက်ပါ့မယ်ဗျာ ကျောက်ချ ကာ
ကာပေးပါလား လား လား”
သူ့ငိုချင်းအတိုင်းပင် သက်ဆိုင်ရာ ကို တင်ပြချင်ပါသည်။ ၂ဝ၁၈ မိုးကြီးကြီး မကျခင် ရေလမ်းကြောင်းပြောင်းစေမည့် အုတ်ရိုးကာသင့်သလောက် ကာပေးစေ ချင်ပါသည်။ သို့ မကာခဲ့ပါက ၂ဝ၁၈ သို့ မဟုတ် နောင် သုံး၊လေးနှစ်အတွင်း နတ် မောက်မြို့မြေပုံသည် NLD ၏ပြောင်းလဲ ချိန်တန်ပြီဆောင်ပုဒ်အရ မြို့အရှေ့ဘက် မြေများရေတိုက်စား၍ မြို့လည်းအ နောက်ဘက်သို့ ပြောင်းရွှေ့ရပါလိမ့်မည်။ ၂ဝ၁၈ တွင် အုတ်ရိုးကာပေးမည်ဆိုပါက သမိုင်းဝင်မျိုးချစ်စာဆို ဦးကြော့ခေါင်းချ ခဲ့သည့် မြို့ကုန်းရွာခေါ် မြို့မမှာယခုရေ လမ်းဘေးက ကင်းဝေးသည့်အပြင် ဗိုလ် ချုပ်၏ဇာတိ နတ်မောက်ကိုလည်း ကယ် တင်ရာ ရောက်ပါကြောင်း။
ကိုဌေး(နတ်မောက်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်