ကမ္ဘောဒီးယားကကိုယ်ပိုင် cryptocurrency တစ်ရပ်ထူထောင်ရန်ပြင်ဆင်

ဖေဖော်ဝါရီတွင် ဗင်နီဇွဲလားက Venezuelan Petro အမည်ရှိ ကိုယ်ပိုင် cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးတစ်ရပ် ထူထောင်ခဲ့ပြီးနောက် ယခုအခါ ကမ္ဘောဒီးယားကလည်းကိုယ်ပိုင် cryptocurrency တစ်ရပ်ဖော်ဆောင်ရန် စဉ်းစားသုံးသပ်နေကြောင်း သိရသည်။
Entapay အမည်ရှိ cryptocurrency တစ်ရပ်ထူထောင်မည့် စီမံကိန်းကို မြို့တော်နောင်ပင်တွင် မတ် ၇ ရက်ကပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘလော့ခ်ချိန်း(bitcoin အပါအဝင် cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်လုပ်ရာ ကွန်ပျူတာဆာဗာကွန်ရက်) ထိပ်သီးအစည်းအဝေးတစ်ရပ်၌ အဆိုပြုတင်ပြရန် ကမ္ဘောဒီးယားက စီစဉ်ထားခဲ့သည်။
ဗင်နီဇွဲလားက ကိုယ်ပိုင် cryptocurrency အဖြစ် Petro ကို ဖော်ဆောင်လိုက်ခြင်းသည် အနောက်ကမ္ဘာ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ရှောင်ကွင်းရေး ဗင်နီဇွဲလားကိုအထောက်အကူရစေသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု Entapay စီမံကိန်းနှင့် စပ်လျဉ်းသော သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကမ္ဘောဒီးယားက ပြောကြားသည်။
ဗင်နီဇွဲလားသည် ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့ပြီးနောက် ကိုယ်ပိုင် cryptocurrency တစ်ရပ်ထူထောင်သည့်နိုင်ငံဖြစ်လာသည်။ ထိုနိုင်ငံများသည် ဗဟိုဘဏ်ကဲ့သို့သော ဗဟိုမှဦးစီးချုပ်ကိုင်သည့် မည်သို့သောအာဏာပိုင်အဖွဲ့မဆို၏ ထိန်းချုပ်မှုမှလွှတ်ကင်း၍ ဘဏ္ဍာရေးအခြေခံအဆောက်အအုံသစ်တစ်မျိုး ရစေသော cryptocurrency များ၏ လူကြိုက်များမှုမြင့်တက်လာနေခြင်းကို အမြတ်ထုတ်နေသည်ဟု စွပ်စွဲခံနေရသည်။
လျှို့ဝှက်သိုသိပ်မှု၊ လျော့ရဲသော စည်းမျဉ်းစည်းကမ်းများနှင့် ငွေမာအဖြစ်ပြောင်းလဲနိုင်မှုတို့ရှိသည့် cryptocurrency များကို အများအားဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် ဘဏ်လုပ်ငန်းထုတ်ဖော်ဖွင့်ဟမှု စည်းမျဉ်းများမှတစ်ဆင့် သက်ရောက်စေသော စီးပွားရေးပိတ်ဆို့အရေးယူမှုများအား ရှောင်တိမ်းရန်အသုံးပြုနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်