၅၃ နှစ်မြောက် ရဲတပ်ဖွဲ့နေ့

၅၃ နှစ်မြောက် ကျရောက်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အားကြိုဆို ဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းမှုပြုလုပ်
သတိ ( ဧရာဝတီတိုင်း )
စက်တင်ဘာလ ၂၁ ရက် ပုသိမ်။
၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ ပုသိမ် ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ သွေးလှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ခရိုင်ရဲတပ်ဖွဲ့မှူးများ မြို့နယ်ရဲတပ်ဖွဲ့မှူးများပါ တက်ရောက်ခဲ့ကာ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်မှ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် ၅၃နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင် ၆ ခုတွင်လည်း ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲများ အခြားသော လှုပ်ရှားဆောင်ရွက်မှုများပါ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်